ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်း ဧကထောင်ချီပျက်စီး

သျှမ်းပြည်တောင်ပိုင်း မှ ပြောင်းစိုက်တောင်သူများ ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်းဧက ထောင်ချီ ပျက်စီးသွားကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့နယ်နှင့် ပင်လောင်းမြို့နယ်မှ ပြောင်းစိုက်တောင်သူများသည် “ဟုန်းဟုန်းတောက်” တံဆိပ် ပြောင်းပေါင်းသတ်ဆေးကို သုံးပြီးနောက် ပြောင်းပင်များ ခြောက်လာပြီး သေဆုံးကုန်ကြောင်း ပြောင်းစိုက်ပျိုးသည့် တောင်သူများက ပြောသည်။

ထိုသို့ ပြောင်းပေါင်းသတ်ဆေး သုံးစွဲမှုကြောင့် တရွာလုံးအနေထားဖြင့် ပြောင်းဧက ထောင်ချီပျက်စီး သွားခဲ့ပြီးနောက် ပြောင်းစိုက်တောင်သူများ အရှုံးပေါ်နေကြကြောင်း ပင်လောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အဲဒီပေါင်းသတ်ဆေး တံဆိပ်ကို ဒီနှစ်မှ သုံးဖူးတာ၊ သူများတွေက ကောင်းတယ် ဘာညာ ညွှန်းလို့ သုံးလိုက်တာ အခုဆို တစ်ရွာလုံး ပြောင်းခင်းတွေ သေကုန်ပြီ၊ ပေါင်းသတ်ဆေးဆိုပြီး သုံးလိုက်တာ ပြောင်းသတ်ဆေး ဖြစ်နေတာ၊ ပြောင်းပင်တွေက ပုတ်ပြီး သေကုန်တာ။”ဟု စိုက်ပျိုးတောင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ပြောင်းပင်များ သေဆုံးမှုနှင့် ပတ်သက်၍ ဆေးကုမ္ပဏီဘက်မှ တာဝန်ယူ ဆောင်ရွက် ပေးစေလိုကြောင်းနှင့် စိုက်ပျိုးတောင်သူများ စုပေါင်း၍ ကုမ္ပဏီကို တာဝန်ယူ ဖြေရှင်းပေးရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း အဆိုပါ အမျိုးသားက ပြောသည်။

အလားတူ တောင်ကြီးမြို့နယ် ၊အောင်ပန်း၊ ပင်းတယ နှင့် ဆီဆိုင်မြို့နယ် ဘက်တွင်လည်း “ဟုန်းဟုန်းတောက်” ပြောင်းပေါင်းသတ်ဆေး အသုံးပြုလိုက်သောကြောင့် ပြောင်းပင်များ သေဆုံးကုန်ပြီး ဆုံးရှုံးမှုများစွာ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ပြောင်းစိုက်ပျိုးရေးလုပ်ငန်းသည် အရင်းနှီးများစွာ ကုန်ကျကြောင်းနှင့် ပြောင်းမျိုးစေ့ တစ်အိတ်လျှင် ကျပ် (၄)သိန်းအထိ ရှိပြီး မြေဩဇာဈေးနူန်းမှာလည်း ကျပ် နှစ်သိန်းနီးပါး ရှိပြီး ပြောင်းတစ်ဧကလျှင် ငွေကျပ် သိန်း (၂၀)ကျော် ကုန်ကျမှုရှိကြောင်း အောင်ပန်းမြို့နယ်မှ စိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။

“အရင်းတောင်ပြန်မရဘူး ဒီနှစ်တော့ အကုန်ရှုံးတယ်၊ “ဟုန်းဟုန်းတောက်” ကောင်းမှုကြောင့် ပြောင်းပင် ပုတ်ပြီး အကုန်သေကုန်တယ်၊ ပြောင်းတစ်ဧက စိုက်မယ်ဆိုရင် အနည်းဆုံး သိန်း (၂၀) ရှိတာ တစ်ခါစိုက်ရင် ငါးဧက စိုက်ကြတဲ့ ‌တောင်သူတွေချည်းပဲ အကုန်ရှုံး ရစရာမရှိတော့ဘူး၊ ဆေးကုမ္ပဏီက တခုခုတော့ တာဝန်ယူပေးစေချင်တယ်။”ဟု အဆိုပါ တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။

စိုက်ပျိုးရေးလုပ်ကိုင်သူ အများစုသည် မိမိစိုက်ခင်းအတွက် သုံးစွဲသည့် ဆေးနှင့် မြေဩဇာများကို စနစ်တကျ လေ့လာပြီးမှ ဝယ်ယူသင့်ကြောင်းနှင့် ဈေးနူန်းသက်သာမှုနှင့် ကြော်ငြာအားကောင်းမှုကို ကြည့်၍ မဝယ်ယူသင့်ကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

စိုက်ပျိုးသီးနှံများအတွက် ပေါင်းသတ်ဆေးများကို အလွယ်တကူ မသုံးစေချင်ကြောင်း၊ သုံးစွဲသည့်အချိန်တွင်လည်း သေချာလေ့လာပြီးသုံးစွဲရန်နှင့် ဆေးညွှန်ကြားချက်ကို သေချာသိရှိပြီး သုံးစွဲရန် လိုအပ်ကြောင်းလည်း စိုက်ပျိုးရေးလုပ်ဆောင်သည့် ကိုကျော်က ဆိုသည်။

“ ပေါင်းသတ်ဆေးတွေက မြေဆီကိုပျက်စီးတယ်။ ဖြစ်နိုင်ရင်မသုံးစေချင်ဘူး။ ပေါက်ပြားနဲ့ရှင်းတာပိုကောင်းတယ်။ နောက်ပြီး တကယ်လို့သုံးမယ်ဆိုရင်လည်း သေချာလေ့လာသုံးစေချင်ပါတယ်” ဟု ကိုကျော်က ပြောသည်။

ယခုလက်ရှိ သျှမ်းတောင်တွင် မိုးရာသီဖြစ်သဖြင့် သီးနှံများ စိုက်ပျိုးရာသီဖြစ်၍ တောင်သူများ အလုပ်များချိန်ဖြစ်ရာ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် ပစ္စည်းများ အခွင့်ကောင်းယူ၍ ရောင်းချနေကြသော ကာလဖြစ်၍ သတိထားပြီးမှ ဝယ်ယူစေလိုကြောင်း တောင်သူများက ပြောကြားလိုက်သည်။

ပြောင်းပေါင်းသတ်ဆေးများကို အသုံးပြုရာတွင် တဧကလျှင် ဆေးနှုန်းထား (၄၀၀-၆၀၀ စီစီ) နှင့်ဆေးဖျန်းပုံး ၂၀လီတာ တပုံးလျှင် (၈၀- ၁၂၀ စီစီ)အထိနှင့် ဆေးဖျန်းချိန်တွင် မြေဆီလွှာ အစိုးဓာတ် လုံလောက်စွာ ရှိနေရန် လိုအပ်သည်။

ပေါင်းသတ်ဆေးဖျန်းရာတွင် သတိပြုရန် အော်ဂါနိုဖော့စဖိတ်( Organophoshate) အုပ်စုဝင် ပိုးသတ်ဆေးများနှင့် ရောမဖျန်းရန်နှင့် အနည်းဆုံး ၇ ရက်ခြားပေးပေးရန်၊ ဆေးဖျန်းရာတွင် အကာအကွယ်ပစ္စည်းများ စနစ်တကျ ဝတ်ဆင်ရန်လိုအပ်သည်။

ပြောင်းပင်ကြီး များကို ဆေးဖျန်းလျှင် ဆေးထိရောက်မှု လျော့နည်းနိုင်ကြောင်းနှင့် ပြောင်းပင်ဆေးလောင် တတ်ကြောင်းလည်း ပေါင်းသတ်ဆေးအကြောင်း သိရှိနားလည်သူများကပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးဒေသ ငလျင်ဒဏ်ကြောင့် ဒေသခံများ စိုက်ပျိုးရေးလုပ်ငန်း နလံမထူနိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်သင့်သည့် ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်းများ နလံမထူနိုင်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် သျှမ်းပြည် အင်းလေးဒေသအတွင်း နေအိမ် ရာနဲ့ချီ ပြိုကျပျက်စီးခဲ့ရသည်။ ထိုသို့ ပြိုကျပျက်စီးသွားသည့် နေအိမ်များကို...

အင်းလေးဒေသ ရာသီပေါ်ကုန်စိမ်းသီးနှံ ဈေးကောင်းမရဘဲ အရှုံးပေါ်၊ ရေဆိုးများကြောင့် အရေပြား ယားယံမှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရာသီပေါ် ကုန်စိမ်းသီးနှံများ ဈေးကောင်းမရဘဲ အရှုံးခံ ရောင်းချနေရခြင်းကြောင့် စိုက်ပျိုးစရိတ် အကြွေးပြန်ဆပ်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသထွက် ခရမ်းချဉ်သီးကို ၁ ပိဿာလျှင် (၇၀၀) ကျပ်မှ (၁၀၀၀)ကျပ်ဝန်းကျင်အထိ...

အင်းလေးတောင်သူများ မျိုးစေ့ မဖြစ်ထွန်းမှုကြောင့် အရှုံးပေါ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စိုက်ပျိုးရေးလုပ်ကိုင်သူများ မျိုးစေ့ မဖြစ်ထွန်းမှုကြောင့် အရှုံးပေါ်နေကြောင်း တောင်သူများက ပြောဆိုသည်။ အင်းလေးတောင်သူများသည် ယခင်(၂၀၂၃)ခုနှစ် မှ ငရုပ်ပွစိုက်ပျိုးရာ အမြတ် ကျပ်(သိန်း၅၀) မျှရရှိသော်လည်း ယခုနှစ်များတွင် မျိုးစေ့ မဖြစ်ထွန်းမှုနှင့်အတူ မြေဆီလွှာပျက်စီးမှုကြောင့် အမြတ်မရသည့်အပြင် အရှုံးဖြင့် ရင်ဆိုင်နေရသည်ဟု တောင်သူအမျိုးသမီး တစ်ဉီးက...

အင်းလေးဒေသ သီးနှံမျိုးစေ့ ဈေးတက်လို့ စိုက်ပျိုးရေးလုပ်ကိုင်မှု နည်းပါးလာ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက်ပိုင်း သီးနှံမျိုးစေ့ ဈေးတက်ခြင်းကြောင့် စိုက်ပျိုးရေး ပြန်လည်လုပ်ကိုင်သူ နည်းပါးလာကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလမှ စတင်ပြီး အင်းလေးဒေသ ရေကြီးမှုသည် အောက်တိုဘာလ စတုတ္ထပတ်အထိ ရေမကျသေးသောကြောင့် စိုက်ပျိုးမြေများ အပါအဝင် ကုန်းမြေများ၊ ကျွန်းမြေများကို ရေဖုံးလွှမ်းပြီး နစ်မြှုပ်ပျောက်ကွယ်နေသည်။ ထို့အပြင် ရေအနည်းငယ်...

ခိုလမ်မြို့နယ် အတွင်း ပြောင်းခြံ ဧက ၇၀၀ ကျော်နီးပါး ရေမြှုပ်ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ် ကာလေကျေးရွာတွင် မိုးသည်းထန်ရွာသွန်းမှုကြောင် ပြောင်းခြံ ဧက ၇၀၀ ကျော်နီးပါး ရေမြှုပ်ပျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ဒုတိယအပတ်တွင် မိုးသည်းထန် ရွာသွန်းမှုကြောင့် ပြောင်းခြံ ဧက ၇၀၀ ကျော်နီးပါး ရေမြှုပ် ပျက်စီးခဲ့ပြီး၊ ပြန်လည်စိုက်ပျိုးရန်အတွက် ပြည်သူများ အခက်ကြုံတွေ့နေရကြောင်း ကျေးရွာဒေသခံ အသက်...