အင်းလေးဒေသ ရာသီပေါ်ကုန်စိမ်းသီးနှံ ဈေးကောင်းမရဘဲ အရှုံးပေါ်၊ ရေဆိုးများကြောင့် အရေပြား ယားယံမှုဖြစ်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရာသီပေါ် ကုန်စိမ်းသီးနှံများ ဈေးကောင်းမရဘဲ အရှုံးခံ ရောင်းချနေရခြင်းကြောင့် စိုက်ပျိုးစရိတ် အကြွေးပြန်ဆပ်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသထွက် ခရမ်းချဉ်သီးကို ၁ ပိဿာလျှင် (၇၀၀) ကျပ်မှ (၁၀၀၀)ကျပ်ဝန်းကျင်အထိ ဈေးပေါက်သော်လည်း ယခု ဖေဖော်ဝါရီလကုန်ပိုင်းတွင် တစ်ပိဿာနှုန်း (၄၀၀) ကျပ်မှ (၅၀၀) ကျပ်ဈေးဖြင့်သာ ရောင်းချနေရခြင်းကြောင့် အရှုံးပေါ်နေသည်ဟု အင်းလေးဒေသခံ ခရမ်းချဉ်သီး စိုက်ပျိုးသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ခရမ်းချဉ်သီးနှင့် အခြားသော ရာသီပေါ် ကုန်စိမ်းသီးနှံများလည်း ဈေးလျှော့ကာ ရောင်းချနေသော်လည်း ကုန်ခြောက်ကဲ့သို့ စားသောက်ကုန်များမှာ ဈေးနှုန်း အဆမတန် မြင့်တက်ပြီး ဝယ်ယူစားသောက်နေရကြောင်း ၎င်းက ဆက်ပြောသည်။

“ခရမ်းချဉ်သီးဈေးက ရေကြီးပြီးနောက်ကတည်းက ဈေးကျနေတာ၊ ပြန်တက်ရင်တောင် (၁၀၀၀) မပြည့်ဘူး။ အရင်လကမှ (၉၀၀) လောက် တက်စပဲရှိသေးတယ် ဒီလ (၄၀၀) နဲ့ (၅၀၀) ကျပ်အထိ ပြန်ကျသွားတယ်၊ အရင်းတောင်ပြန်မရဘူး။ ကုန်ခြောက်တွေလည်း ဈေးတက်တာ။ အခု ကုန်စိမ်းတွေ စိုက်ဖို့လည်း သူများစီ အရင်ယူထားရတာ၊ အရင်းပြန်မရတော့ သူများကို ဘယ်လိုနဲ့ ပြန်ဆပ်ရမလည်းတောင် မသိတော့ဘူး။ ဆေးဖြန်းရတော့ ကျန်းမာရေးလည်း မကောင်းဘူး”ဟု ၎င်းအမျိုးသမီးက ပြောသည်။

အင်းလေးဒေသခံ တံငါသည် ဦးစံမြင့်

ယခုကဲ့သို့ ရာသီပေါ် ကုန်စိမ်းသီးနှံများ အရှုံးပေါ်နေသော်လည်း စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာသည့်အပြင် စက်သုံးဆီများ ပြတ်လပ်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးအတွက်ပါ ခက်ခဲပြီး ကုန်ပစ္စည်းများ ပြတ်လပ်သွားမည်ကို စိုးရိမ်နေကြောင်း အဆိုပါ ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

လက်ရှိ ဆောင်းအကုန် နွေအကူးကာလ အင်းလေးဒေသတွင် ရေပြန်ကျနေသော်လည်း ရေများ ပုပ်ပွလာပြီးနောက်တွင် သောက်သုံးရေအတွက် သန့်ရှင်းသော ရေများ မရရှိခြင်းကြောင့် ကလေးသူငယ်များ အရေပြားယားယံခြင်း ဖြစ်ပွားနေသည်ဟု အသက် ၃၀ အရွယ်ခန့် အမျိုးသားတစ်ဦးက ပြောသည်။

အင်းလေးဒေသရှိ ကျေးရွာတစ်ချို့တွင် ကြက်ခြေနီအဖွဲ့မှ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ပတ်သက်၍ ကျန်းမာရေး ပညာပေး လာရောက်ဟောပြောပေးပြီး လိမ်းဆေး၊ သောက်ဆေး အနည်းငယ် ပေးသွားသော်လည်း ကျေးရွာအများစုသို့ ကျယ်ကျယ်ပြန့်ပြန့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး လာရောက်ဟောပြောရန် လိုအပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

“အခုတော့ ရေတွေ ပြန်ကျနေတော့ ရေတွေ ပုပ်လာတယ် ရေနောက်တယ်။ ရေတွေ မသန့်တော့ ဝမ်းလျှော ဝမ်းပျက်တာတွေ ယားယံတာတွေ ဖြစ်ကြတယ်။ ကလေးနဲ့ လူငယ်တွေ အဖြစ်များတယ်။ အင်းလေးမှာက စစ်ရှောင်တွေလည်း များလာတယ်။ အိမ်သာတွေလည်း အုတ်နဲ့ဆို ပိုကောင်းတယ်။ အင်းထဲမှာ အိမ်သာတွေက မသန့်တော့ ပိုးဆိုးတယ်”ဟု ၎င်းအမျိုးသားက ပြောသည်။

အင်းလေးဒေသတွင် အရေပြားရောဂါ ဖြစ်ပွားနေသည်မှာ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် အများဆုံးဖြစ်ပြီး တကိုယ်ရည် သန့်ရှင်းမှု နည်းပါးသည့်အပြင် မသန့်ရှင်းသော ရေကို အသုံးပြုနေရခြင်းကြောင့် ကူးစက်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်း ဧကထောင်ချီပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း မှ ပြောင်းစိုက်တောင်သူများ ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်းဧက ထောင်ချီ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ်နှင့် ပင်လောင်းမြို့နယ်မှ ပြောင်းစိုက်တောင်သူများသည် “ဟုန်းဟုန်းတောက်” တံဆိပ် ပြောင်းပေါင်းသတ်ဆေးကို သုံးပြီးနောက် ပြောင်းပင်များ ခြောက်လာပြီး သေဆုံးကုန်ကြောင်း ပြောင်းစိုက်ပျိုးသည့် တောင်သူများက ပြောသည်။ ထိုသို့ ပြောင်းပေါင်းသတ်ဆေး သုံးစွဲမှုကြောင့် တရွာလုံးအနေထားဖြင့်...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...