အင်းလေးဒေသ သီးနှံမျိုးစေ့ ဈေးတက်လို့ စိုက်ပျိုးရေးလုပ်ကိုင်မှု နည်းပါးလာ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက်ပိုင်း သီးနှံမျိုးစေ့ ဈေးတက်ခြင်းကြောင့် စိုက်ပျိုးရေး ပြန်လည်လုပ်ကိုင်သူ နည်းပါးလာကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလမှ စတင်ပြီး အင်းလေးဒေသ ရေကြီးမှုသည် အောက်တိုဘာလ စတုတ္ထပတ်အထိ ရေမကျသေးသောကြောင့် စိုက်ပျိုးမြေများ အပါအဝင် ကုန်းမြေများ၊ ကျွန်းမြေများကို ရေဖုံးလွှမ်းပြီး နစ်မြှုပ်ပျောက်ကွယ်နေသည်။

ထို့အပြင် ရေအနည်းငယ် ပြန်ကျသည့် နေရာအချို့တွင် စိုက်ပျိုးရေး ပြန်လည်လုပ်ကိုင်ရန် ပြင်ဆင်နေသော်လည်း သီးနှံမျိုးစေ့ထုတ်များ ဈေးတက်လာခြင်းကြောင့် အနည်းငယ်သာ ဝယ်ယူစိုက်ပျိုးနိုင်တော့ကြောင်း သိရသည်။

အင်းလေး

“ကုန်းမြေတွေလည်း ရေက မကျသေးဘူး။ ကျွန်းမျောလည်း နည်းနည်းပဲ ကျန်တော့ စိုက်ပျိုးတဲ့သူလည်း နည်းလာတယ်။ မျိုးစေ့လည်း ဈေးတက်တော့ အရင်ကလောက် မစိုက်နိုင်တော့ဘူး။ ဒီဝမ်းရေးအတွက်ပဲ နေ့စဉ်တွေးပူပြီး ဖြေရှင်းနေရတယ်။ စိုက်ပျိုးရေး မလုပ်တဲ့သူက အဝေးမှာ ကျပန်းလုပ်ငန်းကြတယ်၊ ဒီလိုနဲ့ပဲ ဖြေရှင်းတယ်”ဟု အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခင်က ငရုပ်မျိုးစေ့တစ်ထုတ်ကို ၅၀၀ လောက်သာ ပေးစိုက်ရသော်လည်း ယခုအခါတွင် ငရုပ်မျိုးစေ့ တစ်ထုတ်ကို ကျပ် ၁၂၀၀ အထိ ဈေးကြီးပေး ဝယ်ယူနေရပြီး ငွေကြေးအခက်အခဲကြောင့် ယခင်လို အပြည့်အဝ မစိုက်ပျိုးနိုင်တော့ကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။

အင်းလေး ဒေသတွင် ခရမ်းချဉ်၊ ငရုပ်နှင့် စပါး တို့ကို အဓိက စိုက်ပျိုးလုပ်ကိုင်ပြီး မကြာမီ ဆောင်းရာသီ ရောက်လာတော့မည် ဖြစ်သောကြောင့် စိုက်ပျိုးရေးလုပ်ငန်း စတင်ရန် ဒေသခံများ ပြင်ဆင်နေကြသည်ဟု ၎င်းအမျိုးသမီးက ပြောသည်။

ရေမကျသေးသည့်အတွက် ကျွန်းမျောများပေါ်တွင် စိုက်ပျိုးရေးကို အိမ်ခြေ သုံးပုံတွင် တစ်ပုံမျှသာ ပြန်လည် လုပ်ကိုင်နိုင်ပြီး အင်းလေးဒေသခံအများစုမှာ နေ့စားလုပ်ကာ ကူလီထမ်းသည့် အလုပ်များ လုပ်ကိုင်ပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရသည်။

ထို့အပြင် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ်(PNO) နှင့် စစ်ကောင်စီတပ်များက လုံခြုံရေး တင်းကြပ်ထားခြင်းကြောင့် သွားလာရန်ခက်ခဲပြီး ရေဘေးအလှူအတွက် လူဦးရေများကို အတိအကျ သိရှိသွားခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိန့်လန့်နေကြကြောင်း သိရသည်။

အင်းလေး ဒေသမှ တွေ့ရသည့် အင်းလေးဒေသခံ

“စစ်တပ်ရော PNO ရောက အင်းလေးတကြောမှာ နေရာယူထားတာ။ သွားရလာရတာ အရင်လို အဆင်မပြေတော့ဘူး၊ အကုန်ကြောက်နေရတာ။ ရေဘေးအတွက် အလှူပစ္စည်း သွားယူရင် လူဦးရေ စာရင်းပေးခဲ့ရတော့ သူတို့က လူဦးရေ အတိအကျ သိကုန်ပြီ။ စစ်မှုထမ်း ခေါ်ဖို့အတွက် ပိုလွယ်သွားတာပေါ့။ ဘယ်ချိန် ငါ အခေါ်ခံရမလဲ တွေးပြီး ကြောက်နေရတာ” ဟု အင်းလေး ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အင်းလေး ဒေသခံများသည် နိုင်ငံရေးကို စိတ်ဝင်စားခြင်းထက် စားဝတ်နေရေးအတွက် ဝမ်းရေးကိုသာ ရုန်းကန်ဖြေရှင်း လာနေရသည်ဟု အဆိုပါ အမျိုးသားက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်မှ စပြီး အင်းလေးဒေသဘက်တွင် စံချိန်တင် ရေမြင့်တက်ခဲ့ပြီး သောက်သုံးရေ မသန့်ရှင်းမှုကြောင့် အရေပြားယားယံခြင်းများ ဖြစ်ပွားနေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်း ဧကထောင်ချီပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း မှ ပြောင်းစိုက်တောင်သူများ ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်းဧက ထောင်ချီ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ်နှင့် ပင်လောင်းမြို့နယ်မှ ပြောင်းစိုက်တောင်သူများသည် “ဟုန်းဟုန်းတောက်” တံဆိပ် ပြောင်းပေါင်းသတ်ဆေးကို သုံးပြီးနောက် ပြောင်းပင်များ ခြောက်လာပြီး သေဆုံးကုန်ကြောင်း ပြောင်းစိုက်ပျိုးသည့် တောင်သူများက ပြောသည်။ ထိုသို့ ပြောင်းပေါင်းသတ်ဆေး သုံးစွဲမှုကြောင့် တရွာလုံးအနေထားဖြင့်...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...