ခိုလမ်မြို့နယ် အတွင်း ပြောင်းခြံ ဧက ၇၀၀ ကျော်နီးပါး ရေမြှုပ်ပျက်စီး

သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ် ကာလေကျေးရွာတွင် မိုးသည်းထန်ရွာသွန်းမှုကြောင် ပြောင်းခြံ ဧက ၇၀၀ ကျော်နီးပါး ရေမြှုပ်ပျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ ဒုတိယအပတ်တွင် မိုးသည်းထန် ရွာသွန်းမှုကြောင့် ပြောင်းခြံ ဧက ၇၀၀ ကျော်နီးပါး ရေမြှုပ် ပျက်စီးခဲ့ပြီး၊ ပြန်လည်စိုက်ပျိုးရန်အတွက် ပြည်သူများ အခက်ကြုံတွေ့နေရကြောင်း ကျေးရွာဒေသခံ အသက် ၂၈ အရွယ် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြောင်းခြံများရစရာမရှိကြောင်းပျက်စီးသွားကြောင်း၊ ယခုနှစ်သည် အစစအရာရာ ကုန်စျေးနှုန်းမြင့်တက်နေသည့် ကြား မြေသြဇာများကို စျေးကြီးပေးပြီးစိုက်ပျိုးရသည့်အတွက် ဆုံးရှုံးမှုကြီးမားကြောင်း ၎င်းကပြောသည်။

“ ခြံထဲရေကြီးတာ ရင်ဘက်ထိတောင်ရောက်တယ်။ အပင်တွေအကုန်လှဲတာ ရစရာကိုမရှိတော့တာ။ အရင်နှစ်က ဈေးမကောင်းလို့ ရှုံးတယ်။ ဒီနှစ်ကတော့ မိုးကြောင့် ဘာမှပြန်မရနိုင်တော့ဘူး။ အပင်ကောင်းဖို့ ပြုစုတာတကယ်မလွယ်ဘူး မြေဩဇာတွေ ပိုးသတ်ဆေးတွေဖြန်းပေးရတယ် ခုတော့ သွားပြီ “ ဟု ၎င်းကပြောသည်။

ပြောင်းခင်းရေလွှမ်းမိုး

ထို့အပြင် ပင်လောင်းမြို့နယ် ထီယွန်းကျေးရွာတွင်လည်း မြေပြိုမှုကြောင့် လက်ဖက်ခြံ ဧက ၁၀ နီးပါး ပျက်စီးဆုံးရှုံးသွားခဲ့ပြီး ၎င်းကျေးရွာတွင် သွားသည့်လမ်းမကြီးများသည် ရေတိုက်စားခြင်းကြောင့် သွားလာရန်ခက်ခဲနေကြောင်း ကျေးရွာဒေသခံက ပြောသည်။

“ ဒီဒုတိယအပတ်ထဲမှာပဲ မြေပြိုတာ လက်ဖက်ခြံတော်တော်များများပါတယ်။ တခြံလုံး ပျက်သွားတဲ့ခြံတွေလည်းရှိတယ်။ တရက်နည်းနည်းချင်းမြေပြိုပြီး လမ်းမပေါ်ထိရောက်တယ်” ဟု ၎င်းကပြောသည်။

စက်တင်ဘာလ ၁၀ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာအပါအဝင် လွိုင်လင်မြို့နယ်နှင့် မောက်မယ်မြို့နယ်တွင် ရေကြီးခြင်း၊ တောင်ပြိုခြင်းနှင့် မြေပြိုခြင်းများ ရုတ်တရက် ဖြစ်ပေါ်ခဲ့သောကြောင့် လူ ၁၄၀ ဦး သေဆုံးခဲ့သည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး PYO က ထုတ်ပြန်ထားသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ဒဏ်သင့် နန်းနိမ့်ကျေးရွာတွင် နေအိမ်မပြင်နိုင်သေးဘဲ နေရပ်ပြန်နေရ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ တွင် စစ်ဘေးဒဏ်သင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပြန်လည်ပြင်ဆင်မှု မပြုလုပ်နိုင်သေးသော်လည်း ပြည်သူများ နေရပ်ပြန်နေထိုင်နေရကြောင်း သတင်းရရှိသည်။​  လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ကြား  ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း‌ကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာမှ...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ဆောင်းပြောင်းကျေးရွာအနီး စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်း စစ်ရေးတင်းမာနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်းနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှစပြီး ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့ အင်းအား (၃၀၀)ကျော်ဖြည့်တင်းထားပြီး မိုးဗြဲ-ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးနိုင်သောကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးအခြေနေတင်းမာလာကြောင်း ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။ “စစ်ကေားတွေတော့...
Mong_Nawng_Intersection

သျှမ်းပြည်အလယ်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းများ ဆက်လက်လှုပ်ရှားနေ

0
စစ်ကော်မရှင် ထိန်းချုပ်ထားသည့် သျှမ်းပြည်အလယ်ပိုင်းဒေသတွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ် လုပ်ကိုင်နေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။