တောင်ကြီးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင် ငလျင်သိသိသာသာလှုပ်ခတ်

သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီး နှင့် အနီးတဝိုက်ဒေသများတွင်မဂ္ဂနီကျု အင်အား ၄ဒသမ ၃ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့သည်။

ယနေ့ (ဩဂုတ်လ ၇)ရက် ည ၉ နာရီအချိန်တွင် နေပြည်တော် တပ်ကုန်း ဗဟိုပြု၍ မဂ္ဂနီကျု အင်အား ၄ဒသမ ၇ ပြင်းအားရှိ ငလျင် လှုပ်ခတ်ခဲ့ရာ တောင်ကြီးမြို့၊ အေးသာယာ ၊ပင်လောင်းနှင့် ကလောနှင့် အောင်ပန်းတို့အထိ ရိုက်ခတ်မှုရှိခဲ့ပြီး ပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြစ်ခဲ့ကြောင်း သိရသည်။​

“တစ်ချက်တည်း ယိုင်ခနဲ မူးမိုက်သွားတာ။အရမ်းသိသာတယ် ။ အရင်က ငလျင်လှုပ်ထားတာတောင် စိတ်ထဲ မပျောက်သေးဘူး။ ဒီည ထပ်လှုပ်တော့ မအိပ်ရဲတော့ဘူး။ အိပ်လို့လည်း ပျော်မှာ မဟုတ်ဘူး။”ဟု တောင်ကြီး ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် နေပြည်တော်နှင့် နီးကပ်သည့် ပင်လောင်းမြို့နယ်တွင်လည်း ငလျင် သိသိသာသာ လှုပ်ခတ်သွားသောကြောင့် ပြည်သူများ စိုးရိမ်ထိန့်လန့်ကာ အိမ်အပြင်ပြေးထွက်ခဲ့ရကြောင်း သိရသည်။

“ငလျင်က အရမ်းသိသာလှုပ်သွားတယ်။ ချက်ချင်း အမေတို့ကို ခေါ်ပြီး အိမ်အောက် ပြေးဆင်းတာ။ ဘေးအိမ်က အဒေါ်တို့လည်း အကုန်လိုက်ဆင်းလာတာ။ ခုထိ လန့်နေတုန်း။ ဒီညအိပ်ရပ့မလား မသိဘူး။”ဟု ပင်လောင်းဒေသခံ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

မန္တလေး ၊ ရမည်းသင်း၊ မိတ္ထီလာမြို့တို့တွင်လည်း နေပြည်တော် လယ်ဝေး ဘက်တွင်လည်း သိသိသာသာ လှုပ်ခတ်သွားကြောင်းသိရသည်။​

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် စကိုင်းဗဟိုပြု ပြင်းအားမဂ္ဂနီကျု ၇ ဒသမ ၇ ငလျင်လှုပ်ခတ်ခဲ့သောကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် စုစုပေါင်း (၄၂၁၂)ဦး သေဆုံးခဲ့ပြီး (၆၅၈၈) ဦးကျော်ဒဏ်ရာ ရရှိခဲ့သည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...