သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီး နှင့် အနီးတဝိုက်ဒေသများတွင်မဂ္ဂနီကျု အင်အား ၄ဒသမ ၃ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့သည်။
ယနေ့ (ဩဂုတ်လ ၇)ရက် ည ၉ နာရီအချိန်တွင် နေပြည်တော် တပ်ကုန်း ဗဟိုပြု၍ မဂ္ဂနီကျု အင်အား ၄ဒသမ ၇ ပြင်းအားရှိ ငလျင် လှုပ်ခတ်ခဲ့ရာ တောင်ကြီးမြို့၊ အေးသာယာ ၊ပင်လောင်းနှင့် ကလောနှင့် အောင်ပန်းတို့အထိ ရိုက်ခတ်မှုရှိခဲ့ပြီး ပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြစ်ခဲ့ကြောင်း သိရသည်။
“တစ်ချက်တည်း ယိုင်ခနဲ မူးမိုက်သွားတာ။အရမ်းသိသာတယ် ။ အရင်က ငလျင်လှုပ်ထားတာတောင် စိတ်ထဲ မပျောက်သေးဘူး။ ဒီည ထပ်လှုပ်တော့ မအိပ်ရဲတော့ဘူး။ အိပ်လို့လည်း ပျော်မှာ မဟုတ်ဘူး။”ဟု တောင်ကြီး ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထို့အပြင် နေပြည်တော်နှင့် နီးကပ်သည့် ပင်လောင်းမြို့နယ်တွင်လည်း ငလျင် သိသိသာသာ လှုပ်ခတ်သွားသောကြောင့် ပြည်သူများ စိုးရိမ်ထိန့်လန့်ကာ အိမ်အပြင်ပြေးထွက်ခဲ့ရကြောင်း သိရသည်။
“ငလျင်က အရမ်းသိသာလှုပ်သွားတယ်။ ချက်ချင်း အမေတို့ကို ခေါ်ပြီး အိမ်အောက် ပြေးဆင်းတာ။ ဘေးအိမ်က အဒေါ်တို့လည်း အကုန်လိုက်ဆင်းလာတာ။ ခုထိ လန့်နေတုန်း။ ဒီညအိပ်ရပ့မလား မသိဘူး။”ဟု ပင်လောင်းဒေသခံ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
မန္တလေး ၊ ရမည်းသင်း၊ မိတ္ထီလာမြို့တို့တွင်လည်း နေပြည်တော် လယ်ဝေး ဘက်တွင်လည်း သိသိသာသာ လှုပ်ခတ်သွားကြောင်းသိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် စကိုင်းဗဟိုပြု ပြင်းအားမဂ္ဂနီကျု ၇ ဒသမ ၇ ငလျင်လှုပ်ခတ်ခဲ့သောကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် စုစုပေါင်း (၄၂၁၂)ဦး သေဆုံးခဲ့ပြီး (၆၅၈၈) ဦးကျော်ဒဏ်ရာ ရရှိခဲ့သည်။












Leave a Comments