သျှမ်းရှေ့ သတ္တုကြောင့် မြစ်ရေအဆိပ်—ဂျပန်၊ သြစတြေးလျဖြေရှင်းပေးရန် ထိုင်းဖိတ်ခေါ်

မြန်မာနိုင်ငံ၊ သျှမ်းပြည်အတွင်းရှိ မြေရှားသတ္တု (Rare Earth) တူးဖော်ရေးလုပ်ငန်းများကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း မြစ်ကြီးများအတွင်း အဆိပ်သင့် အာဆင်းနစ် (Arsenic) ညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းနိုင်ရန် ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့ကို ကြားနေညှိနှိုင်းရေးမှူးများအဖြစ် ပါဝင်ရန် ထိုင်းအစိုးရက တိုက်တွန်းကြောင်း Thai PBS တွင်ဖော်ပြသည်။

ဧပြီလ ၂၀ ရက်က ပြုလုပ်ခဲ့သည့် အကြီးစား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဆူချတ် (Suchart Chomklin) ၏ ပြောကြားချက်အရ နမ့်ခုတ် (Kok) မြစ်၊ မယ်ဆိုင် (Sai) မြစ်၊ ရုအက် (Ruak) မြစ်နှင့် မဲခေါင်မြစ်များအတွင်း ရေထုညစ်ညမ်းမှုမှာ စိုးရိမ်ရသည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံမှ တိုက်ရိုက်တောင်းဆိုမှုများထက် ၎င်းတို့၏ သတ္တုများကို အဓိကဝယ်ယူနေသည့် ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့၏ နည်းပညာဆိုင်ရာ တင်ပြချက်များကို ပိုမိုလက်ခံနိုင်ခြေရှိသောကြောင့် ယခုကဲ့သို့ ဖိတ်ခေါ်ရခြင်းဖြစ်ကြောင်း ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။

“တတိယနိုင်ငံတွေရဲ့ ပါဝင်မှုဟာ သံတမန်ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် ရေရှည်ဖြေရှင်းနိုင်မှု လုပ်ငန်းစဉ်များအတွက် အဓိကကျတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်” ဟု ဝန်ကြီးကပြောသည်။

ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန (PCD) ၏ စစ်ဆေးချက်များအရ ရုအက်နှင့် မဲခေါင်မြစ်များအတွင်း အာဆင်းနစ်ပါဝင်မှုမှာ ဘေးကင်းလုံခြုံသည့်အဆင့်ထက် ကျော်လွန်နေသည်။ အထူးသဖြင့် ရေပမာဏနည်းပါးသည့် နွေရာသီကာလတွင် အနည်အနှစ်များ ပိုမိုသိပ်သည်းလာကာ အာဆင်းနစ်ပါဝင်မှုနှုန်း ပိုမိုမြင့်တက်လာလေ့ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများမှဆင့် မြန်မာနိုင်ငံအတွင်းရှိ မြစ်များ၏ ရေအရည်အသွေး စစ်ဆေးခွင့်ရရှိရန်၊ မြစ်အတွင်းရှိ အဆိပ်သင့်အနည်အနှစ်များကို ဆောက်လုပ်ရေးပစ္စည်းများအဖြစ် ပြောင်းလဲပစ်မည့် အဆင့်မြင့်နည်းပညာများ အသုံးပြုရန်နှင့် သောက်သုံးရေ၊ ငါးနှင့် သီးနှံများ ဘေးကင်းလုံခြုံမှုအပေါ် ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို လျှော့ချရန်တို့ကို အဓိကထား လုပ်ဆောင်မည်ဖြစ်သည်။

ထို့အပြင် ပြည်သူများအား အချိန်နှင့်တပြေးညီ သတင်းအချက်အလက်ပေးနိုင်ရန် နမ့်ခုတ်၊ မဲခေါင်နှင့် သံလွင်မြစ်များတစ်လျှောက် ၂၄ နာရီပတ်လုံး စောင့်ကြည့်နိုင်မည့် အလိုအလျောက် ရေအရည်အသွေးစစ်ဆေးရေးစခန်း ၁၈ ခုကို အရေးပေါ်တပ်ဆင်သွားမည်ဖြစ်သည်။

“ရည်မှန်းချက်ပန်းတိုင် ကတော့ ရေဟာ ကျေးရွာတိုင်းအတွက် ဘယ်အချိန်မှာဘေးကင်းတယ်၊ မကင်းဘူးဆိုတာကို တိတိကျကျသိစေနိုင်ဖို့ပါပဲ” ဟု ဝန်ကြီးက ပြောသည်။

မြစ်ရေကြမ်းပြင််တွင် အနည်အနှစ်များ များပြားနေသော်လည်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနကမူ လက်ရှိသောက်သုံးနေသည့် ပိုက်လိုင်းရေ၊ ဟင်းသီးဟင်းရွက်နှင့် အသားငါးများမှာ ဘေးကင်းလုံခြုံမှု စံနှုန်းအတွင်း ရှိနေသေးကြောင်း အတည်ပြုထားသည်။ သို့သော်လည်း အန္တရာယ်ရှိသည့် မြစ်ကမ်းနားဒေသများရှိ ဒေသခံ ၁,၄၀၀ ကျော်၏ ကျန်းမာရေးကို အထူးစောင့်ကြည့် စစ်ဆေးမှုများ စတင်နေပြီဖြစ်သည်။

ထိုကဲ့သို့ ပတ်ဝန်းကျင်ညစ်ညမ်းရသည့် အဓိကအကြောင်အရင်းတစ်ခုမှာ ခေတ်မီအီလက်ထရွန်နစ် ပစ္စည်းများတွင် အသုံးပြုရန် မရှိမဖြစ်လိုအပ်သည့် မြေရှားသတ္တု ဒြပ်စင်များတူးဖော်မှုကြောင့် ဖြစ်ကြောင်းကိုလည်း မီးမောင်းထိုးပြနေသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံးထုတ်လုပ်သူအဖြစ် ရှိနေသော်လည်း မြန်မာနိုင်ငံသည် နောက်ထပ်အရေးပါသော ရင်းမြစ်တစ်ခုဖြစ်လာနေပြီး မြန်မာနိုင်ငံမှ သတ္တုရိုင်းအများစုမှာ ထိုင်းနိုင်ငံကို ဖြတ်သန်းပြီး ဂျပန်နှင့် ဩစတြေးလျဈေးကွက်များသို့ တင်ပို့နေခြင်းဖြစ်ကြေင်း Thai PBS တွင် ဖော်ပြထားသည်။

ကိုးကား – Thai PBS

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

ဂျပန်နိုင်ငံတွင် ပြင်းအား ၇.၁ ငလျင်လှုပ်ခတ်၊ စျေးဝယ်စင်တာ ပေါက်ကွဲ သေဆုံးမှုရှိ

0
ဂျပန်နိုင်ငံတောင်ပိုင်း၊ ကူမာမိုတိုခရိုင် (Kumamoto Prefecture) တွင် ယမန်နေ့ (ဇူလိုင် ၂၈ ရက်) က ပြင်းအား ၇.၁ ရှိ ပြင်းထန်သော ငလျင် လှုပ်ခတ်ခဲ့ရာ လူသေဆုံးမှုရှိပြီး၊ သောင်းနှင့်ချီသော နေအိမ်များ လျှပ်စစ်မီး ပြတ်တောက်ကာ လမ်းပန်းဆက်သွယ်ရေးနှင့် စက်ရုံများ လည်ပတ်မှုများ...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...