ချင်းမိုင်တွင် မြေအောက်ဘန်ကာတစ်ခုအတွင်းမှ စိတ်ကြွဆေး ၇ သန်းကျော်ထပ်မံဖမ်းမိ

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တစ်ခုကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြား (ယာဘ) ၇.၃ သန်းကျော်နှင့် စိတ်ကြွဆေးခဲ (အိုက်စ်) ၂၅၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။

ယမန်နေ့ (ဇွန်လ ၂၃ ရက်) မွန်းလွဲပိုင်းတွင် ချင်းမိုင်ခရိုင်၊ မိန်း(Mueang) မြို့နယ်ရှိ မူးယစ်ဆေးဝါးနှိမ်နင်းရေးနှင့်ကွပ်ကဲမှုရုံး၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲပြုလုပ် သတင်းထုတ်ပြန်ခဲ့သည်။

မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတစ်ခုသည် ချင်းမိုင်ခရိုင်၊ မယ်တန်း (Mae Taeng) မြို့နယ်အတွင်း ကြားခံစခန်းနှင့် ပစ္စည်းလာချရာနေရာ (Dead-drop point) အဖြစ် အသုံးပြုကာ မူးယစ်ဆေးဝါးများကို ထိုင်းနိုင်ငံအလယ်ပိုင်းသို့ သယ်ဆောင်ရန် ပြင်ဆင်နေကြောင်း သိရသဖြင့် ရဲတပ်ဖွဲ့မှ မယ်ဂျို (Mae Jo) ရဲစခန်းရှေ့လမ်းပေါ်တွင် ရှာဖွေစစ်ဆေးခဲ့ရာ ကားတစ်စီးအတွင်း ဝှက်သယ်လာသော စိတ်ကြွဆေးခဲ (အိုက်စ်) ၂၅၀ ကီလိုဂရမ်နှင့်အတူ အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။

ထိုသူကို ဖမ်းဆီးရမိပြီးနောက် နောက်ဆက်တွဲ စုံစမ်းမှုများမှတဆင့် မယ်တန်းမြို့နယ်အတွင်း လျှို့ဝှက်ကုန်လှောင်ရုံတစ်ခု ဖွင့်လှစ်ထားကြောင်း ရှာဖွေတွေ့ရှိခဲ့သဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။

ထိုကုန်လှောင်ရုံအတွင်း ရှာဖွေစစ်ဆေးရာတွင် မူးယစ်ဆေးဝါးများ ဝှက်ထားရန်အတွက် အဆင့်မြင့်မွမ်းမံပြင်ဆင် တည်ဆောက်ထားသည့် “လျှို့ဝှက်မြေအောက်ဘန်ကာ” တစ်ခုကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။

ထိုထဲတွင် ဆာလာအိတ် ဒါဇင်ပေါင်းများစွာဖြင့် ထုပ်ပိုးထားသည့် ယာဘပြား စုစုပေါင်း ၇,၃၃၀,၀၀၀ (၇.၃ သန်းကျော်) ကို တူးဖော်သိမ်းဆည်းရမိခဲ့ပြီး၊ ကုန်လှောင်ရုံကို စောင့်ကြပ်နေသည့် သံသယရှိသူ ၂ ဦးကို ဖမ်းမိခဲ့သည်။

ယခုဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးကွန်ယက်များမှာ နောက်ကွယ်မှ အဓိကငွေကြေးပံ့ပိုးသူတစ်ဦးတည်း၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် လည်ပတ်နေသည့် တစ်ခုတည်းသော မှောင်ခိုဂိုဏ်းဖြစ်ကြောင်း ဖော်ပြထားသည်။

မူးယစ်ဆေးဝါးများကို နယ်စပ်ဒေသများမှတစ်ဆင့် ချင်းမိုင်အတွင်းသို့ သယ်ဆောင်ကာ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံအလယ်ပိုင်းနှင့် အခြားဒေသများသို့ ဖြန့်ဖြူးရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် နောက်ကွယ်မှ ကြိုးကိုင်နေသူများကို စုံစမ်းဖော်ထုတ်နိုင်ရန် စုံစမ်းမှုများကို အရှိန်မြှင့်် ဆက်လက်လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

ကိုးကား – Chiang Mai News

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...