Tuesday, January 27, 2026

သျှမ်းတောင်တွင် ငလျင်လှုပ်ပြီးနောက်ပိုင်း ဘိလပ်မြေဝယ်ယူသူများလာပြီး ဈေးအဆမတန်မြင့်တက်လာ

သျှမ်းပြည်တောင်ပိုင်းတွင် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ဘိလပ်မြေဝယ်ယူသူ များလာခြင်းကြောင့် ဈေးနှုန်းအဆမတန် မြင့်တက်နေလျှက်ရှိသည်ဟု စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် မတ်လ (၂၈) ရက်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်များတွင် ဘိလပ်မြေဈေးနှုန်းများ တစ်အိတ်လျှင် ကျပ်(၃၄၀၀၀)အထိ အဆမတန် မြင့်တက်လာသောကြောင့် ဆောက်လုပ်ရေး လုပ်ကိုင်သူများနှင့် ငလျင်ဒဏ်သင့် အိမ်များ ပြန်လည်ပြုပြင်ရန် လိုအပ်သူများအတွက် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရသည်ဟု သိရသည်။

ရွာငံမြို့နယ်တွင် ဘိလပ်မြေဈေး အဆမတန် မြင့်တက်လာခြင်းကြောင့် ဆောက်လုပ်ဆဲ နေအိမ်များနှင့် ငလျင်ဒဏ်သင့်ပြီးနောက် ပြန်လည်ပြုပြင်ရမည့် အိမ်များမှ ပြည်သူများ အခက်အခဲများနှင့် ကြုံတွေ့နေရပြီး ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၃၄၀၀၀)အထိ ဈေးကြီးပေး ဝယ်ယူနေရသည်ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်တို့နားမှာ ဆောက်လက်စအိမ်တွေဆို ဒီအတိုင်း ထားရတယ်။ ဆက်ပြီး အိမ်မဆောက်နိုင်သေးဘူး၊ ဘိလပ်မြေဈေးကလည်း ကြောက်စရာကြီး။ တစ်သက်နဲ့တစ်ကိုယ် မကြားဖူးဘူး။ ငလျင်လှုပ်တုန်းက ဘုရားတွေ ပြိုတဲ့ဟာလည်း ခုထိ မပြင်နိုင်သေးဘူး။ စားဖို့တောင် အနိုင်နိုင်နဲ့၊ အလုပ်ကလည်း ရှားနေတာ ဆိုတော့ မလွယ်ကူနေဘူး” ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ အင်းလေးတွင်လည်း ယခင်က ဘိလပ်မြေဈေး တစ်အိတ်လျှင် (၁၇၀၀၀) ကျပ်သာ ရှိသော်လည်း ယခုလက်ရှိတွင် ကျပ်(၂၅၀၀၀) အထိ ရှိလာပြီး တခါတရံ ဈေးပိုမြင့်နိုင်သည်ဟု အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုက ဘိလပ်မြေတွေ ဈေးတက်လာတယ်။ အင်းထဲမှာလည်း ငလျင်လှုပ်တော့ မြေအနေအထားတွေ မမှန် ဖြစ်ကုန်တယ်။ အရင်က ရေထဲမှာ တိုင်စိုက် ဆောက်ရပေမဲ့ အခု မရတော့ဘူး၊ ဘိလပ်မြေသုံးပြီး ဆောက်မှရမှာ။ ကျမတို့ အင်းလေးက နွေဆိုလည်း ရေခမ်းတော့ သွားရေးလာရေးခက်ခဲ၊ မိုးရွာလည်း ရေကြီးတော့ အဆင်မပြေ။ ငလျင်ဒဏ်ကြောင့်လည်း ဒုက္ခရောက်၊ ဘိလပ်မြေဈေးကြီးလို့ အိမ်ကလည်း မပြင်နိုင်သေးဘူး” ဟု အင်းလေး ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဆက်လက်ပြီး တောင်ကြီးမြို့ရှိ ဘိလပ်မြေ တစ်အိတ်ဈေးနှုန်းသည် ယခင်က ကျပ်တစ်သောင်းကျော် ဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း Alpha တံဆိပ် ဘိလပ်မြေတစ်အိတ်ကို ကျပ်(၃၄၀၀၀)၊ အပါချီ တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၃၃၀၀၀)နှင့် ကြံ့နီတံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၃၃၀၀၀) အထိ ဈေးမြင့်တက်လာနေသည်ဟု တောင်ကြီးမြို့ခံ ကုန်မာဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးထံမှ သိရသည်။

“ခုတလောက ဈေးမငြိမ်ဘူး၊ ဘိလပ်မြေတစ်အိတ်ကို ကျပ် (၃၄၀၀၀) လောက်ရှိတယ်။ ဘိလပ်မြေ အတုတွေလည်း ပေါလာတော့ ဈေးတွေ မငြိမ်တာလည်း ပါမယ်ထင်တယ်။ ခေတ်မကောင်းတော့ အတုတွေ လုပ်တဲ့သူ ပိုများလာတော့ ပြည်သူတွေပဲ ပိုခံရတာပေါ့လေ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဘိလပ်မြေ အတုဆိုသည်မှာ ဘိလပ်မြေ အစစ်ကို အိတ်အရေအတွက် တိုးလာစေရန်အတွက် အစစ်တစ်ဝက် အတုတစ်ဝက် ရောစပ်ထားသည့် အိတ်များ ဖြစ်၍ အလွယ်တကူ ခွဲခြားနိုင်ရန် မလွယ်ကူကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ဘိလပ်မြေ အတု အစစ် ခွဲခြားရန် အလွယ်ကူဆုံး နည်းလမ်းမှာ ဘိလပ်မြေအမှုန့်ပေါ်သို့ သံပရာရည် (သို့မဟုတ်) ရှောက်ရည် အနည်းငယ်ကို ညှစ်လိုက်၍ အစစ်ဆိုလျှင် ပွက်ပွက်ဆူလာမည်ဖြစ်ပြီး အတုဆိုလျှင် ဆူပွက်လာခြင်း မရှိကြောင်း သရက်မြို့မှ ဘိလပ်မြေစက်ရုံ အမှတ်(၁)၊ အမျိုးအစား စစ်ဆေးရေးဌာနမှ ဦးအေးကျော် ၏ အကြံပြုချက်အရ သိရသည်။

ပြီးခဲ့သည့် ဧပြီလ (၂၃) ရက်နေ့တွင်လည်း ဘိလပ်မြေအရောင်းဆိုင်များအား ဈေးနှုန်းမှန်ကန်မှု ရှိစေရေးအတွက် သက်ဆိုင်ရာ ဌာနများက လိုက်လံစစ်ဆေးစဉ် အေးသာယာမြို့၊ ရပ်ကွက်(၅)၊ အမှတ် (၅၃)ရှိ “ပြည့်စုံအောင်” ဘိလပ်မြေဂိုဒေါင်တွင် ကျောက်စာမှုန့်များနှင့် ဘိလပ်မြေများ ရောစပ်ပြီး ဘိလပ်မြေ အတု ထုတ်လုပ်ရောင်းချနေသဖြင့် အဆိုပါ ဆိုင်ရှင်နှင့် အလုပ်သမား(၇)ဦးကို အေးသာယာနယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ -၄၄၂၀/၄၆၈/ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင် ငလျင်သိသိသာသာလှုပ်ခတ်

0
သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီး နှင့် အနီးတဝိုက်ဒေသများတွင်မဂ္ဂနီကျု အင်အား ၄ဒသမ ၃ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့သည်။ ယနေ့ (ဩဂုတ်လ ၇)ရက် ည ၉ နာရီအချိန်တွင် နေပြည်တော် တပ်ကုန်း ဗဟိုပြု၍ မဂ္ဂနီကျု အင်အား ၄ဒသမ ၇ ပြင်းအားရှိ ငလျင် လှုပ်ခတ်ခဲ့ရာ တောင်ကြီးမြို့၊...

အင်းလေးဒေသ ငလျင်ဒဏ်ကြောင့် ဒေသခံများ စိုက်ပျိုးရေးလုပ်ငန်း နလံမထူနိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်သင့်သည့် ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်းများ နလံမထူနိုင်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် သျှမ်းပြည် အင်းလေးဒေသအတွင်း နေအိမ် ရာနဲ့ချီ ပြိုကျပျက်စီးခဲ့ရသည်။ ထိုသို့ ပြိုကျပျက်စီးသွားသည့် နေအိမ်များကို...

ငလျင်လှုပ်မည်ဆိုသည့် သတင်းမှားကြောင့် ဟိုပုံးဒေသခံများ ခြံမသွားဘဲ ကွင်းပြင်မှာ စုနေကြ

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် ငလျင်လှုပ်မည် ဟူသော သတင်းမှားကြောင့် ဒေသခံများ ခြံမသွားရဲကြဘဲ ကွင်းပြင်မှာ စုနေကြကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဧပြီလ (၂၁) ရက်တွင် လူမှုကွန်ရက် စာမျက်နှာပေါ်များမှ ငလျင်လှုပ်မည်ဟု ဆိုသည့် သတင်းမှား ပျံ့နှံ့မှုကြောင့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးကျေးရွာရှိ ဘုန်းကြီးမှလည်း...

Sky Villa ကွန်ဒိုပြိုကျမှုအတွင်း ကွယ်လွန်ခဲ့သည့် သီပေါစစ်ဘေးရှောင် မိသားစုအတွက် SSPP ဌာနချုပ်တွင် ရေစက်ချအမျှဝေ

0
မတ်လ ၂၈ ရက်တွင် စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သီပေါမြို့မှ စစ်ဘေးတိမ်းရှောင်သွားသော SSPP မှ စဝ်လွယ်မောဝ်၏ ဆွေမျိုးများဖြစ်သည့် သားသမီး၊ မြေးမြစ်များ အမျိုးသမီး (၄) ဦးနှင့် ကလေး (၅) ဦး အပါအဝင်...

မန္တလေးသို့ ဆေးကုသွားသည့် ရွာငံ ဒေသခံ (၃)ဦး ငလျင်ဒဏ်ကြောင့် သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ဘော်ရေဦးကျေးရွာတွင် မန္တလေးသို့ ဆေးကုသွားသည့် ဒေသခံ (၃)ဦး ငလျင်ဒဏ်ကြောင့် သေဆုံးသွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ သေဆုံးသွားသူများသည် အသက် (၇၀)အရွယ်ရှိ  ဒေါ်ကြင်ဟန်နှင့် သားဖြစ်သူ အသက်(၄၄)နှစ်အရွယ် ညီညီ နှင့် အသက် ၄၀ အရွယ်ရှိ တောင်ခေါင်းပွာကျေးရွာမှ အမျိုးသားတစ်ဉီး တို့သည်  မတ် ၂၈ရက်တွင် မန္တလေးသို့ ဆေးသွားကု သွားသည့်...