Tuesday, January 27, 2026

Sky Villa ကွန်ဒိုပြိုကျမှုအတွင်း ကွယ်လွန်ခဲ့သည့် သီပေါစစ်ဘေးရှောင် မိသားစုအတွက် SSPP ဌာနချုပ်တွင် ရေစက်ချအမျှဝေ

မတ်လ ၂၈ ရက်တွင် စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သီပေါမြို့မှ စစ်ဘေးတိမ်းရှောင်သွားသော SSPP မှ စဝ်လွယ်မောဝ်၏ ဆွေမျိုးများဖြစ်သည့် သားသမီး၊ မြေးမြစ်များ အမျိုးသမီး (၄) ဦးနှင့် ကလေး (၅) ဦး အပါအဝင် စုစုပေါင်း (၁၀) ဦး ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ယနေ့ (ဧပြီလ ၁၁ ရက်) နံနက်ပိုင်းတွင် ၎င်းတို့အား ရည်စူး၍ ကျန်ရစ်သူ မိသားစုများက ကျေးသီးမြို့နယ် SSPP/SSA ဝမ်ဟိုင်းဌာနချုပ် ခန်းမတွင် ဆွမ်းရင်တရားတော်နာ ရေစက်ချ အမျှဝေခြင်း ပြုလုပ်ပေးခဲ့ကြောင်း မိသားစုဝင်တစ်ဦးမှ လူမှုကွန်ရက်တွင် မျှဝေထားသည်။

၎င်းအခမ်းအနားသို့ SSPP နာယက ဗိုလ်ချုပ်ကြီးဆေထင်၊ စဝ်လွယ်မောဝ်၏ မိသားစုဝင်များနှင့် ဆွေမျိုးများလည်း တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...
Kyaukme_Scam_Center_Arrested_1

ကျောက်မဲမြို့နယ် ကျားဖြန့်လုပ်ငန်းနေရာကို စစ်တပ်ဝင်စီး၊ တရုတ်နိုင်ငံသား ၂၈ ဦး ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ကျားဖြန့်လုပ်ငန်း နေရာများကို စစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၈ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ဒုဋ္ဌဝတီမြစ်အနီး တောတွင်းတစ်နေရာ၌ ဆောက်လုပ်ထားသည့် အွန်လိုင်းကျားဖြန့်...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...

စစ်ကော်မရှင် ဖမ်းမိသည့် ကျပ် ၂၅၇ ဘီလီယံကျော်တန် မူးယစ်ဆေးဝါးနှင့် ပတ်သက်မှုမရှိဟု SSPP ထုတ်ပြန်

0
စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ရဲတပ်ဖွဲ့မှ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် အဖွဲ့ဝင် အရာရှိများအပေါ် မူးယစ်ဆေးဝါးများနှင့် ပတ်သက်မှုရှိကြောင်း ထုတ်ပြန်ခြင်းသည် မဟုတ်မမှန်ကြောင်း SSPP ဘက်မှ ပယ်ချလိုက်သည်။ ပြီးခဲ့သည့် သြဂုတ် ၅ ရက်မှ ၁၅ ရက်အတွင်း ရခိုင်ပြည်နယ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် မလေးရှား ရေပိုင်နက်သို့...