မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ အဆိုပါသတင်းကို စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

၎င်း၏ရေးသားမှုတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၏ မိုင်းလားခရီးစဉ်အပြီး၌ NDAA တပ်ဖွဲ့ဝင် အင်အားနှစ်သောင်းခန့်က စစ်ကော်မရှင်နှင့် ပူးပေါင်းကာ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရန် အသင့်ရှိနေပြီဟု ဖော်ပြထားသည်။

၎င်းပို့စ်ကို Reaction ပြုလုပ်သူနှင့် ပြန်လည်မျှဝေသူ အများအပြားရှိခဲ့သည်။

မူရင်းလင့်ခ် – https://shorturl.at/aH0a0

သတင်းစိစစ်ချက်

MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်၏ အချက်အလက်စစ်ဆေးသူသည် အဆိုပါပျံ့နှံ့နေသော သတင်းနှင့် ဓာတ်ပုံများကို အချက်အလက် စစ်ဆေးခဲ့ရာတွင် အများပြည်သူကို လှည့်စားရန် လုပ်ကြံဖန်တီးထားသည့် သတင်းမှားဖြစ်ကြောင်းစိစစ် အတည်ပြုနိုင်သည်။

လူမှုကွန်ရက်တွင် အသုံးပြုထားသည့် ဓာတ်ပုံများကို Google Reverse Image Search ဖြင့် စစ်ဆေးခဲ့ရာ အဆိုပါဓာတ်ပုံများသည် မိုင်းလားတပ်ဖွဲ့၏ လက်ရှိလှုပ်ရှားမှုများ မဟုတ်ကြောင်း တွေ့ရှိရသည်။

၎င်းဓာတ်ပုံများသည် တရုတ်လူမှုကွန်ရက်တစ်ခုဖြစ်သည့် Douyin (ID: XYbaby2023) မှ ကူးယူထားသည့် Screenshot များဖြစ်ပြီး၊ အမှန်တကယ်တွင် တရုတ်ကျောင်းသားများ၏ စစ်သင်တန်းဗီဒီယိုများသာ ဖြစ်သည်။

ယင်းဓာတ်ပုံများကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလကတည်းက Instagram တွင် ဖော်ပြခဲ့ပြီးဖြစ်သဖြင့် လက်ရှိ နိုင်ငံရေးအခြေအနေနှင့် သက်ဆိုင်ခြင်းမရှိပါ။

Instagram – https://www.instagram.com/reels/DOTIKWED-hH/

အဆိုပါသတင်းနှင့်ပတ်သက်၍ NDAA ၏ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က MPA သတင်းဌာနသို့ ဖြေကြားရာတွင် ၎င်းတို့အနေဖြင့် မည်သည့်တော်လှန်ရေးအဖွဲ့ကိုမျှ တိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်းနှင့် အေးချမ်းစွာသာ နေထိုင်လျက်ရှိကြောင်း အတိအလင်း ငြင်းဆိုထားသည်။

MPA သတင်းဌာနကဖော်ပြထားတဲ့သတင်း- https://shorturl.at/HGliC

ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကော်မရှင်၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ (NSPNC) နှင့် မိုင်းလားအဖွဲ့တို့ တွေ့ဆုံခဲ့ခြင်းမှာ ဒေသတွင်းတည်ငြိမ်ရေးအတွက် သံတမန်ရေးအရ အလွတ်သဘောတွေ့ဆုံမှုသာ ဖြစ်သည်။

သို့သော် အဆိုပါတွေ့ဆုံမှုကို အခွင့်ကောင်းယူ၍ စစ်တပ်ထောက်ခံသည့် လူမှုကွန်ရက်စာမျက်နှာများက တော်လှန်ရေးအင်အားစုများအကြား သံသယဖြစ်စေရန်နှင့် စစ်ကော်မရှင်တပ်များအတွက် စိတ်ဓာတ်မြှင့်တင်ရန် ဝါဒဖြန့်ချိခဲ့ခြင်းဖြစ်သည်။

သုံးသပ်ချက်

မိုင်းလားတပ် (NDAA) နှင့် စစ်ကော်မရှင် ပူးပေါင်းတိုက်ခိုက်မည်ဆိုသည့် သတင်းသည် လုပ်ကြံဖန်တီးထားသော သတင်းမှားဖြစ်ပါသည်။

အသုံးပြုထားသည့် ဓာတ်ပုံများသည်လည်း အခြားနိုင်ငံမှ ဗီဒီယိုများမှ ရယူထားသောပုံများ ဖြစ်သောကြောင့် ယင်းသတင်းကို “သတင်းမှား” အဖြစ် အတည်ပြုနိုင်ပါသည်။

စာဖတ်သူများအနေဖြင့် မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ် အတည်ပြုမေးမြန်းလိုလျှင်ဖြစ်စေ၊ သတင်းတု/သတင်းမှားဖြစ်နိုင်သည်ဟု သံသယရှိလျှင်ဖြစ်စေ Fact-Checking စစ်ဆေးပေးသည့် သတင်းဌာန သို့မဟုတ် အဖွဲ့အစည်းများသို့ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...