Tuesday, January 27, 2026

NDAA

မိုင်းလားမြို့တွင် သျှမ်းနှစ်သစ်ကူးပွဲ အကြီးအကျယ်ကျင်းပ၊ SSPP ကိုယ်စားလှယ်များတက်ရောက်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့တွင် NDAA တပ်ဖွဲ့မှ ဦးဆောင်၍ သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပလျက်ရှိပြီး SSPP ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

UWSA နှင့် NDAA ကြား တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA လက်အောက်ရှိ တရားစီရင်ရေးကော်မတီ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီး တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ NDAA ၏ ဖိတ်ကြားချက်အရ UWSA လက်အောက်ခံ တရားစီရင်ရေးကော်မတီသည် NDAA လက်အောက်ခံ အထူးဒေသ(၄) ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ...

ကျပ် ၄၅၆ သန်းတန်ဖိုးရှိ ကျားဖြန့်လုပ်ငန်းသုံးပစ္စည်းများ မိုင်းလားတပ်ဖွဲ့ NDAA မီးရှို့ဖျက်ဆီး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့တွင် မြန်မာကျပ်ငွေ ၄၅၆ သန်းနှင့် ညီမျှသည့် တရုတ်ယွမ်ငွေ ၁၀ သိန်း တန်ဖိုးရှိ ကျားဖြန့်လုပ်ငန်းသုံး စက်ပစ္စည်းများကို NDAA က ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

NDAA ထိန်းချုပ် မိုင်းလားမြို့ တာလော့ဂိတ်တွင် ကျားဖြန့်လုပ်ကိုင်သူများကို တရုတ်နိုင်ငံသို့ စစ်ကော်မရှင်လွှဲပေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့ရှိ တာလော့ဂိတ်မှတဆင့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၁) ဦးကို စစ်ကော်မရှင်မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၁၇ ရက်)တွင် မိုင်းလားတပ်ဖွဲ့ NDAA နှင့် စစ်ကောင်မရှင်တို့ ပူးတွဲထိန်းချုပ်ထားသည့် မိုင်းလားမြို့ တာလော့နယ်စပ်ဂိတ်တွင် ကျိုင်းတုံမြို့ လူဝင်မှုကြီးကြပ်ရေးဌာန လဝက...

မိုင်းလားရောက် စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် တရုတ်နယ်ခြားမှတ်တိုင် သွားစစ်ဆေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ ကွင်းဆင်းလေ့လာရေး ရောက်ရှိခဲ့သည့် စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ်သည် တရုတ်-မြန်မာ နယ်ခြားမှတ်တိုင်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၇ ရက်နှင့် ၈ ရက်) တွင် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များသည် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ထိန်းချုပ်ထားသည့် မိုင်းလားမြို့သို့ သွားရောက်ပြီး NDAA...

သျှမ်းပြည်ဝန်ကြီးချုပ် ‘ဝ’နှင့် မိုင်းလား သွားရောက်၊ စစ်အုပ်ချုပ်ရေး ကြေညာခံရခြင်းအပေါ် နားမလည်ဟု NDAA ပြော

စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ‘ဝ’ဒေသ မိုင်းပေါက်မြို့နှင့် ပန်ဆန်းမြို့သို့ သွားရောက်ပြီး UWSA ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မိုင်းလားသို့ ဆက်လက်သွားရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၆-၇ ရက်တို့တွင် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များသည် UWSA ထိန်းချုပ် မိုင်းပေါက်မြို့နှင့် ပန်ဆန်းမြို့သို့ သွားရောက်ခဲ့ပြီး...

မိုင်းလားတပ်ဖွဲ့ NDAA နှင့် တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးရေး ကူညီမည်ဟု စစ်ခေါင်းဆောင်ပြောဆို

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင်နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ တွေ့ဆုံခဲ့စဉ် မိုင်းလားဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်မှ ပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ခေါ် မိုင်းလားတပ်ဖွဲ့မှ ၎င်းတို့ဒေသအတွင်း အခြားသော လက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးအဖွဲ့အစည်းတို့ကို လက်ခံထားခြင်း မရှိကြောင်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် NDAA...

မိုင်းလားတပ်ဖွဲ့ NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်း ကင်ဆာရောဂါဖြင့် တရုတ်နိုင်ငံတွင် ကွယ်လွန်

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ NDAA ၏ ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းလင်းသည် ကင်ဆာရောဂါဖြင့် တရုတ်နိုင်ငံတွင် ကွယ်လွန်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၈ ရက်) ညပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) ရှိ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ခေါ် )မိုင်းလားတပ်ဖွဲ့...

အမြင်မတူမှုများကို နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ဖြေရှင်းကြရန် မိုင်းလားအဖွဲ့တိုက်တွန်း

လက်ရှိ ပြည်တွင်း၊ ပြည်ပ၏ အခြေအနေ အရပ်ရပ်အောက်တွင် မိုင်းလားအဖွဲ့ NDAA အနေဖြင့် ဘက်မလိုက်သည့် နိုင်ငံရေး ရပ်တည်ချက်ကို ဆုပ်ကိုင်ထားပြီး အမြင်မတူမှုများကို နိုင်ငံရေးနွေးပွဲများမှ တစ်ဆင့် ဖြေရှင်းကြရန် တိုက်တွန်းလိုက်ကြောင်း ပြောသည်။ သျှမ်းပြည် အရှေ့ပိုင်း အထူးဒေသ (၄) အဖြစ် သိကြသည့် မိုင်းလားတွင်...

မြောက်ပိုင်း စစ်ရေးဂယက်ကြောင့် မိုင်းလားမြို့အဝင်ဂိတ်ကို စစ်ကောင်စီပိတ်

သျှမ်းပြည် မြောက်ပိုင်းဒေသမှ စစ်ရေးပဋိပက္ခကြောင့် ယနေ့ ( နိုဝင်ဘာလ ၂ ရက် ) နံနက်ပိုင်း ၁၀ နာရီဝန်းကျင်မှစပြီး ကျိုင်းတုံ-မိုင်းလား ကားလမ်းမပေါ်ရှိ တာပင်းဂိတ် (မိုင်းလားမြို့အဝင်ဂိတ်) ကို စစ်ကောင်စီဘက်မှ ပိတ်ချလိုက်ပြီ ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ တာပင်းဂိတ်ကို စစ်ကောင်စီဘက်က...

Latest news