UWSA နှင့် NDAA ကြား တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA လက်အောက်ရှိ တရားစီရင်ရေးကော်မတီ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီး တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ NDAA ၏ ဖိတ်ကြားချက်အရ UWSA လက်အောက်ခံ တရားစီရင်ရေးကော်မတီသည် NDAA လက်အောက်ခံ အထူးဒေသ(၄) ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ ကော်မတီတို့ တရားစီရင်ရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) တွင် UWSA ဘက်မှ သတင်းထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံမှုအတွင်း အခြေအနေသစ်များအောက်တွင် နှစ်ဘက်စလုံး ရင်ဆိုင်နေရသည့် တရားစီရင်ရေးလုပ်ငန်း အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အပြင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးရာတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ဖမ်းဆီးထိန်းသိမ်းထားသူများနှင့် တရားရေးဆိုင်ရာ အထောက်အထားများ လွှဲပြောင်းပေးရေးကဲ့သို့ ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း ဆိုသည်။

ဥပဒေကျင့်သုံးမှုနှင့် ပတ်သက်သည့် အတွေ့အကြုံများ၊ စံပြ အမှုအခင်းများကိုလည်း ဆွေးနွေးဖလှယ်ခဲ့ကြပြီး တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပြန်အလှန် မျှဝေခဲ့ကြကြောင်း UWSA ၏ ဥပဒေ ပညာပေးနှင့် ပြန်ကြားရေးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ တရားရေးဆိုင်ရာ အကာအကွယ်ပေးမှုနှင့် နယ်စပ်ဒေသတွင် ဥပဒေရေးရာ အကူအညီပေးရေး ကိစ္စရပ်များကိုလည်း သီးသန့်ဆွေးနွေးခဲ့ပြီး ‘ဝ’ဒေသနှင့် မိုင်းလားဒေသ နှစ်ခုလုံးတွင် တရားဥပဒေစိုးမိုးရေး ခိုင်မာစေမည်ဖြစ်ကြောင်း ဆိုထားသည်။

လက်ရှိ NDAA ထိန်းချုပ် မိုင်းလားနှင့် UWSA ထိန်းချုပ် ‘ဝ’ဒေသ တို့တွင် ဖမ်းဆီးရမိသည့် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများကို သက်ဆိုင်ရာတပ်ဖွဲ့များက တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပို့ဆောင်ပေးလျက် ရှိသည်။

ယခုနှစ်ပိုင်းအတွင်း မိုင်းလားတပ်ဖွဲ့ (NDAA) သည် တရုတ်နိုင်ငံမှ တရားစီရင်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သည့် ပုံမှန်ချိတ်ဆက်မှု ယန္တရားများ တည်ဆောက်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်၍ ကျားဖြန့်လုပ်ကိုင်မှု မြင့်တက်လာခြင်းကို ထိန်းချုပ်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည်ဟု နိုဝင်ဘာလ (၄) ရက်တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များသည် UWSA ထိန်းချုပ် ပန်ဆန်း(ပန်ခမ်း)မြို့၊ မိုင်းပေါက်မြို့နှင့် NDAA ထိန်းချုပ် မိုင်းလားမြို့သို့ သွားရောက်ပြီး ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးအပြင် ရွေးကောက်ပွဲကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

မိုင်းလားမြို့သို့ NSPNC ကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီး NDAA ခေါင်းဆောင်များနှင့် ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC ကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီး မိုင်းလားတပ်ဖွဲ့ NDAA ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၇ ရက်) တွင် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA) ထိန်းချုပ်ထားသည့် မိုင်းလားမြို့သို့ စစ်အစိုးရဘက်မှ...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...