မိုင်းလားမြို့သို့ NSPNC ကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီး NDAA ခေါင်းဆောင်များနှင့် ဆွေးနွေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC ကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီး မိုင်းလားတပ်ဖွဲ့ NDAA ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဇွန်လ ၁၇ ရက်) တွင် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA) ထိန်းချုပ်ထားသည့် မိုင်းလားမြို့သို့ စစ်အစိုးရဘက်မှ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိခဲ့ပြီး NDAA ဥက္ကဋ္ဌ ဦးထိန်လင်း အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NDAA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

မိုင်းလားတပ်ဖွဲ့ NDAA ခေါင်းဆောင်များနှင့် NSPNC ကိုယ်စားလှယ်များ ဆွေးနွေးပွဲတွင် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ အပြန်အလှန် ယုံကြည်မှု မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စရပ်များကို နှစ်ဘက်စလုံးမှ အလေးထား ဆွေးနွေးခဲ့ကြောင်း NDAA ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဆွေးနွေးပွဲအတွင်း မိုင်းလားတပ်ဖွဲ့ NDAA ထိန်းချုပ်ထားသည့် အထူးဒေသ(၄) အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားထားကြောင်း၊ အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်ကာ ဒေသတွင်း တည်ငြိမ်ရေးနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖန်တီးနိုင်ရန် မျှော်လင့်ကြောင်း NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် NDAA ဥက္ကဋ္ဌ ဦးထိန်လင်းက စစ်အစိုးရသစ်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်ကို တက်ကြွစွာ တုံ့ပြန်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကာ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း NDAA ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်အစိုးရ ပြန်လည်ဖွဲ့စည်းထားသည့် NSPNC နှင့် NDAA ကိုယ်စားလှယ်အဖွဲ့တို့ မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည့် အခြေအနေ အသေးစိတ်ကို စုံစမ်းမေးမြန်းနိုင်ရန် NDAA ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်ထံ သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။

ပြီးခဲ့သည့် ဇွန်လ (၁၂) ရက်နေ့တွင်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ် စက်သုံးဆီ သယ်ဆောင်ခွင့်ပြုရေး၊ ဒေသဖွံ့ဖြိုးရေး၊ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ နယ်မြေတည်ငြိမ်ရေးကို ထိခိုက်စေမည့် အခြားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းပါဝင် ပတ်သက်မှု မရှိစေရေး နှစ်ဘက် ထိန်းသိမ်း ဆောင်ရွက်သွားရန်နှင့် နောက်တစ်ကြိမ် ဆွေးနွေးပွဲကို နေပြည်တော်၌ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျင်းပပြုလုပ်ရန် လျာထားကြောင်း SSPP Info မှ ယမန်နေ့ (ဇွန်လ ၁၇ ရက်) တွင် ထုတ်ပြန်ခဲ့သည်။

အလားတူ ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တွင်လည်း RCSS အတွင်းရေးမှူး(၁) ဖြစ်သူ ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်သည့် 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ကိုယ်စားလှယ် (၈) ဦးတို့သည် စစ်အစိုးရလက်အောက်ခံ NSPNC ၏ ဖိတ်ကြားမှုဖြင့် နေပြည်တော်သို့ သွားရောက်ကာ အလွတ်သဘော ဆွေးနွေးညှိနှိုင်းခဲ့သည်။

အသွင်ပြောင်းစစ်အစိုးရ ပြန်လည်ဖွဲ့စည်းထားသည့် NSPNC မှ ငြိမ်းချမ်းရေးဆွေးနွေးရန် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ကို တရားဝင်ဖိတ်ခေါ်ထားကြောင်း သိရသော်လည်း ဆွေးနွေးမည့် နေရာနှင့် နေ့ရက်တို့ကို မသိရသေးပေ။

SSPP/SSA ၊ UWSA နှင့် NDAA တပ်ဖွဲ့တို့သည် ပြည်နယ်အဆင့်-ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral) လက်မှတ်ရေးထိုးထားသော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

သျှမ်းအရှေ့ ကော်ဖီစိုက်ပျိုးရေး နည်းပညာပံ့ပိုးပေးရန် NSPNC နှင့် LDU နေပြည်တော်တွင်ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-ပန်ဝိုင်-ဝိုင်လီဒေသရှိ လားဟူတိုင်းရင်းသားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာရေးဗီးကား ကော်ဖီစိုက်ပျိုးရေးတို့ကို ကူညီပံ့ပိုးပေးရန် NSPNC နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...