Tuesday, January 27, 2026

မိုင်းလားတပ်ဖွဲ့ NDAA နှင့် တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးရေး ကူညီမည်ဟု စစ်ခေါင်းဆောင်ပြောဆို

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင်နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ တွေ့ဆုံခဲ့စဉ် မိုင်းလားဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်မှ ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ခေါ် မိုင်းလားတပ်ဖွဲ့မှ ၎င်းတို့ဒေသအတွင်း အခြားသော လက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးအဖွဲ့အစည်းတို့ကို လက်ခံထားခြင်း မရှိကြောင်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် NDAA ခေါင်းဆောင်များမှ ပြောကြားလိုက်သည်။

ယမန်နေ့ (မေလ ၂၅ ရက်) တွင် ကျိုင်းတုံမြို့အခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံရိပ်သာ၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မိုင်းလားတပ်ဖွဲ့ NDAA ဒုဥက္ကဋ္ဌ ဦးစန်ပေ့၊ ဦးဆန်လူ၊ ဦးကြည်မြင့်တို့ တွေ့ဆုံခဲ့စဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် NDAA အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို စစ်ကောင်စီနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ် စစ်ကောင်စီလက်အောက်ခံ သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါတွေ့ဆုံပွဲ၌ စစ်ခေါင်းဆောင်မှ ပညာရေးကဏ္ဍတွင် ပြည်ထောင်စုစနစ် ပညာရေးကို နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ရုံးသုံးဘာသာစကားနှင့် စာပေဖြင့် တစ်နိုင်ငံလုံး သင်ကြားရမည်ဖြစ်ကြောင်း၊ မိုင်းလားဒေသထွက် ရာဘာကို အခြေခံသော စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့ကို ကူညီထောက်ပံ့မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မိုင်းလားတပ်ဖွဲ့ NDAA ၏ ယခင်ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းလင်းသည် ကိုးကန့်တပ်ဖွဲ့ MNDAA တည်ထောင်သူ ဖုန်ကြားရှင်၏ သမီးနှင့် လက်ထပ်ထားခြင်းကြောင့် သားမက် တော်စပ်ပြီး ယမန်နှစ် ဩဂုတ်လဆန်းပိုင်းတွင် ကွယ်လွန်ခဲ့သည်။

ထို့နောက် ဦးစိုင်းလင်း၏ သားဖြစ်သူ ဦးထိန်လင်းသည် NDAA ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ရာထူးဆက်ခံခဲ့သော်လည်း ယမန်နေ့တွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ခြင်း မရှိပါ။

ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်လာသည့် မိုင်းလားတပ်ဖွဲ့ NDAA သည် သျှမ်းပြည်အရှေ့ပိုင်း မြန်မာ-တရုတ်နယ်စပ်ရှိ မိုင်းလား၊ ဆီလူး၊ နမ့်ပန်းဒေသများကို ထိန်းချုပ်ထားပြီး ယခင်စစ်အစိုးရနှင့် ၁၉၈၉ ခုနှစ်တွင် အပစ်ရပ် လက်မှတ်ရေးထိုးခဲ့ရာ အထူးဒေသ (၄) အဖြစ် သတ်မှတ်ထားသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ကျိုင်းတုံမြို့သို့ မေလ ၂၃ ရက်ကတည်းက ရောက်ရှိခဲ့ပြီး ၎င်းကိုးကွယ်သည့် ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒ ဦးဆောင်တည်ထားသည့် ပန်းကွဲဗုဒ္ဓဥယျာဉ်ရှိ လောကသရဖူစေတီ ထီးတင်ပွဲနှင့် ဆေးရုံဖွင့်ပွဲတို့ကို တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်ကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်စေတီ ထီးတင်ပွဲသို့ ကမ္ဘောဇဘဏ် တည်ထောင်သူ ဦးအောင်ကိုဝင်းနှင့်အတူ တက်ရောက်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပန်-မိုင်းတုံကြား သံလွင်တံတားသစ်(တာဆန်း)ကို စစ်ခေါင်းဆောင် လာရောက်ဖွင့်လှစ်

0
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) နံနက် ၁၁ နာရီခွဲတွင် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြားရှိ သံလွင်မြစ်ပေါ်တွင် အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို...
MongLa_ShanNewYear_NDAA_SSPP_1

မိုင်းလားမြို့တွင် သျှမ်းနှစ်သစ်ကူးပွဲ အကြီးအကျယ်ကျင်းပ၊ SSPP ကိုယ်စားလှယ်များတက်ရောက်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့တွင် NDAA တပ်ဖွဲ့မှ ဦးဆောင်၍ သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပလျက်ရှိပြီး SSPP ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

UWSA နှင့် NDAA ကြား တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA လက်အောက်ရှိ တရားစီရင်ရေးကော်မတီ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီး တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ NDAA ၏ ဖိတ်ကြားချက်အရ UWSA လက်အောက်ခံ တရားစီရင်ရေးကော်မတီသည် NDAA လက်အောက်ခံ အထူးဒေသ(၄) ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ...
Mongla destroys Kya Phyant Instruments

ကျပ် ၄၅၆ သန်းတန်ဖိုးရှိ ကျားဖြန့်လုပ်ငန်းသုံးပစ္စည်းများ မိုင်းလားတပ်ဖွဲ့ NDAA မီးရှို့ဖျက်ဆီး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့တွင် မြန်မာကျပ်ငွေ ၄၅၆ သန်းနှင့် ညီမျှသည့် တရုတ်ယွမ်ငွေ ၁၀ သိန်း တန်ဖိုးရှိ ကျားဖြန့်လုပ်ငန်းသုံး စက်ပစ္စည်းများကို NDAA က ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ခေါင်းဆောင် တရုတ်ခရီးစဉ်ပြီးနောက် TNLA ထိန်းချုပ်နယ်မြေထဲ လေကြောင်းဗုံးဆက်တိုက်ကြဲ

0
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်ပြီးနောက် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲနှင့် သီပေါမြို့သို့ လေကြောင်းဗုံးဖြင့် ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်မှ စက်တင်ဘာလ ၆ ရက်အထိ သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်ပြီးနောက် စစ်ကော်မရှင်တပ်သည် တအာင်း(ပလောင်)...