သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို UWSA ဂုဏ်ပြုသဝဏ်လွှာပို့

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးနောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ‘ဝ’ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ (ဧပြီလ ၃ ရက်) နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ် ဖြစ်လာသူများက စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ (၁၁) ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

ထိုသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခံရခြင်းကို ကြားသိရသည့်အတွက် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီ၊ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဗဟိုဌာနချုပ် (UWSP/UWSA) နှင့် ‘ဝ’ဒေသရှိ ပြည်သူများအားလုံးမှ လှိုက်လှဲစွာ ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအပြင် “ဝ”ဒေသသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်မှ ခွဲထွက်မရသည့် အစိတ်အပိုင်း တစ်ခုဖြစ်ပြီး နိုင်ငံတော်မှ ခွဲထွက်ခြင်းနှင့် သီးခြားလွတ်လပ်ရေးကို ကြေညာခြင်း မရှိစေရန် အခိုင်အမာ ရပ်တည် ထားကြောင်း UWSA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဝ”ဒေသသည် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်ကို လျှောက်လှမ်းရန် စွဲမြဲစွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းရင်းသား တန်းတူညီမျှရေး၊ စည်းလုံးညီညွတ်ရေးနှင့် ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ကာ နယ်စပ်ဒေသ၏ တည်ငြိမ်အေးချမ်းမှုကိုလည်း ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဆိုထားသည်။

ပြည်ထောင်စု နိုင်ငံတော်၏ မူဘောင်အောက်တွင် ပြည်ထောင်စုအစိုးရနှင့် ဆက်လက် ဆက်သွယ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းသော ဆွေးနွေးညှိနှိုင်းမှုမှ တစ်ဆင့် မိမိတို့၏ နိုင်ငံရေး ဆန္ဒများကို အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေးတည်ဆောက်မှု နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက် ဆက်လက်ဖော်ပြထားသည်။

ထို့အပြင် သမ္မတဖြစ်သွားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၏ ဦးဆောင်မှု အောက်တွင် နိုင်ငံတော် ငြိမ်းချမ်းတည်ငြိမ်မှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှု နှင့် တိုင်းရင်းသား ပြည်သူအားလုံး သာယာဝပြောမှုတို့ကို အမြန်ဆုံးရရှိလိမ့်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်း UWSA ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အလားတူ မတ်လ (၃၀) ရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံသို့ တာဝန်လွှဲအပ်စဉ်ကလည်း ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့မှ ဂုဏ်ပြုသဝဏ်လွှာ အသီးသီး ပေးပို့ခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

0
သျှမ်းပြည် 'ဝ'တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။ လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ "ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

အာဆီယံနှင့် UN ကြား တရားဝင်မှုရရှိရေး အာဏာသိမ်း သမ္မတ၏ ကစားကွက်

0
ယခု ဇူလိုင်လအတွင်း မြန်မာစစ်အစိုးရနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသော သံတမန်ရေးရာ လှုပ်ရှားမှုများသည် ယခင်က ၎င်းတို့ကိုယ်တိုင် ကျင့်သုံးနေခဲ့သော ကာကွယ်ရေးကို ဦးတည်သည်ဆိုသည့် အထီးကျန်မူဝါဒများမှ လက်ရှိတွင် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှု ရရှိနိုင်ရေးအတွက် စွန့်စားရသော်လည်း ပို၍ ရန်လိုသော ထိုးစစ်ဆင်မှုပုံစံအဖြစ်သို့ သိသိသာသာ ကူးပြောင်းလာနေသည်ကို မြင်နေရသည်။ ဗိုလ်ချုပ်မှူးကြီးအဖြစ်မှ...