UWSA ထိန်းချုပ်ဒေသ ခရစ်ယာန်ဝတ်ပြုကျောင်းများ ပိတ်ထားခိုင်း၊ အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှုရှိနေဟုဆို

သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းခံရပြီး အစွန်းရောက် ဘာသာရေးစည်းရုံးလှုံ့ဆော်မှု ရှိနေကြောင်း စုံစမ်းသိရသည်။

လတ်တလောတွင် နာမည်ကြီးနေသည့် ခရစ်ယာန်ဘာသာရေးအမည်ခံ “ယေရှုတရုတ်မ”ဆိုသည့် ဂိုဏ်းအဖွဲ့ကြောင့် ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ထိန်းချုပ်ဒေသ ပန်ဆန်း၊ မိုင်းပေါက်၊ နားဝီးနှင့် ၁၇၁ တောင်ပိုင်းစစ်ဒေသ မိုင်းဆတ်ခရိုင်ရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ အားလုံးနီးပါးကို ပိတ်သိမ်းထားခိုင်းကြောင်း ဒေသခံများက ပြောသည်။

“အဓိကတော့ သင်္ကြန်နောက်ပိုင်း နာမည်ကြီးလာတဲ့ ယေရှုတရုတ်မ အဖွဲ့တွေကနေ အခုလို အခြေအနေအထိ ဖြစ်လာတာ။ တရုတ်ဘက်က လာတဲ့အဖွဲ့က ရောဂါဖြစ်ရင်တောင် ဆေးမကုနဲ့၊ သူတို့ဆီသွားရင် ပျောက်တယ်လို့ စည်းရုံးတော့ အဲ့ကနေ လူတွေက တဖြည်းဖြည်း သွားကြတာ။ အခုက ယေရှုလို့ ပြောတော့ ခရစ်ယာန်ဆိုပြီး ဖြစ်သွားတာ၊ တကယ်တမ်းက ဘာသာရေးနဲ့ မဆိုင်ဘဲ အစွန်းရောက် အရေခြုံတွေ ဖြစ်နေတာ”ဟု ဟိုပန်မြို့နယ်မှ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

UWSA ထိန်းချုပ်ဒေသရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်းများ ပိတ်သိမ်းမှုနှင့် ပတ်သက်ပြီး ဘုရားကျောင်းအချို့ ယာယီပိတ်သိမ်းထားမှု မှန်ကန်ကြောင်း၊ ‌အစွန်းရောက်သည့်ဘာသာရေးနှင့် ကင်းရှင်းမှုရှိမည် ဆိုပါက ပြန်လည်ဖွင့်ပေးမည်ဖြစ်ကြောင်း ‘ဝ’ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက ၎င်းဖေစ့်ဘုတ်လူမှုကွန်ယက်တွင် ရေးသားထားသည်။

“တဖက်နိုင်ငံ၏ သတိပေးလာမှုနှင့် ‘ဝ’ပြည်၌ အစွန်းရောက်သည့် ဘာသာရေး စည်းရုံးလှုံ့ဆော်သူအချို့ စိမ့်ဝင်နေကြောင်း။ ဖျားနာလျှင် ဆေးသောက်/အလုပ် လုပ်စရာမလို၊ ဘုရားမှ ကောင်းစေမည် ဆိုပြီး မှားယွင်းသည့် သွန်သင်မှုမျိုးရှိနေကြောင်း” အချက် ၄ ချက်ဖြင့် ဦးညီရမ်းမှ ရှင်းလင်းဖြေကြားထားသည်။

UWSA ထိန်းချုပ်ထားသည့် ‘ဝ’ဒေသအတွင်း၌ စည်းကမ်းရှိသည့် ဘာသာရေးလွတ်လပ်ခွင့် ဥပဒေပြု ပြဋ္ဌာန်းထားရှိသော်လည်း ပြင်ပမှ တရားမဝင် ဝင်ရောက်ပြီး ဟောပြောစည်းရုံးခြင်းကို ခွင့်မပြုထားကြောင်း ဆိုသည်။

“ဒီမှာက ပညာရေးအားနည်းတော့ တစ်ခုခုနဲ့ ဆွဲဆောင်လိုက်ရင် အလွယ်ပါသွားကြတာ များတယ်၊ လူတွေကလည်း ခက်ခဲနေတော့ အားကိုးစရာ ရှာတဲ့ သဘောလေ။ ယေရှုတရုတ်မအဖွဲ့ကို ‘ဝ’စစ်သားတွေ လိုက်ရှာဖမ်းတော့လည်း ဒီက ဒေသခံတွေပဲ အများစု ဖြစ်နေတာ။ အဖွဲ့အစည်းက သေချာ မကိုင်တွယ်ရင်တော့ မီးခိုးကြွက်လျှောက် ဖြစ်ပြီး ဘုရားကျောင်းနဲ့ ခရစ်ယာန်ဘာသာဝင်တွေပဲ ထိခိုက်နစ်နာမှာ” ဟု ဟိုပန်မြို့နယ်မှ အဆိုပါ ဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

လက်ရှိတွင် ပန်ဆန်းမြို့နယ်ရှိ ခရစ်ယာန်ဘာသာရေး ဝတ်ပြုကျောင်း အားလုံးနီးပါးကို UWSA တာဝန်ရှိသူများ ပိတ်သိမ်းထားခိုင်းပြီး ဘုရားကျောင်း (၄၀) ခန့် ယာယီပိတ်သိမ်းခိုင်းကာ ဓမ္မဆရာတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖမ်းဆီးခံထားရကြောင်း ‘ဝ’သတင်းကွန်ရက် Wa News Land မီဒီယာ ဖော်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဝန်းကျင်ကလည်း ‘ဝ’ဒေသတွင် ခရစ်ယာန်ဘုရားကျောင်း ပိတ်သိမ်းခြင်း၊ ကိုးကွယ်ယုံကြည်မှု တားမြစ်ခံရခြင်း၊ ခရစ်ယာန်ဓမ္မဆရာများကို ဖမ်းဆီးပြီး နယ်နှင်ဒဏ်ပေးခြင်း စသည့် ဖြစ်စဉ်များကြောင့် ခရစ်ယာန်ဘာသာရေး သက်ဝင်ယုံကြည်သူများအကြား စိုးရိမ်မကင်း ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...

UWSA ထိန်းချုပ် ပန်ဆန်းမြို့အနီး ယမ်းချက်စက်ရုံပေါက်ကွဲမှုဖြစ်၊ ထိခိုက်သေဆုံးသူများပြား

0
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင် အသုံးပြုသည့် ယမ်းချက်စက်ရုံတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ အများအပြား ရှိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီ ၇ ရက်) ညနေပိုင်းတွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်း (ပန်ခမ်း) မြို့အနီး...