မိုင်းလားရောက် စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် တရုတ်နယ်ခြားမှတ်တိုင် သွားစစ်ဆေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ ကွင်းဆင်းလေ့လာရေး ရောက်ရှိခဲ့သည့် စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ်သည် တရုတ်-မြန်မာ နယ်ခြားမှတ်တိုင်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဩဂုတ်လ ၇ ရက်နှင့် ၈ ရက်) တွင် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များသည် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ထိန်းချုပ်ထားသည့် မိုင်းလားမြို့သို့ သွားရောက်ပြီး NDAA ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် အဖွဲ့ကို မိုင်းလားတပ်ဖွဲ့ NDAA ၏ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒု-ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးစန်ပေ့နှင့် ဦးဆန်လူ၊ အမြဲတမ်းကော်မတီဝင် ဦးလော်ချန်ပေါင်၊ ဦးကြည်မြင့်၊ ဦးခမ်းမောင်၊ ဦးစိုင်းတစ်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြောင်း အထူးဒေသ(၄) သတင်းပြန်ကြားရေးဌာနမှ ဓာတ်ပုံမှတ်တမ်းနှင့်တကွ ထုတ်ပြန်လာသည်။

ပုံစာ – စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် မိုင်းလားရောက်၊ NDAA ခေါင်းဆောင်များနှင့်တွေ့ (ဓာတ်ပုံ – Mongla SR4 ESS)

ယမန်နေ့ (ဩဂုတ်လ ၈ ရက်)တွင် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်အစိုးရအဖွဲ့ကို တရုတ်-မြန်မာ နယ်ခြားမှတ်တိုင်သို့ NDAA ခေါင်းဆောင်များမှ လိုက်ပါပို့ဆောင်ခဲ့ပြီး စာသင်ကျောင်းနှင့် ဆေးရုံ ပြန်လည်ပြုပြင်ရန်အတွက် အသုံးစရိတ်များကို ချပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် မိုင်းလားတပ်ဖွဲ့က လျှောက်လှမ်းနေသည့် “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” လမ်းစဉ်ကို စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်အစိုးရအဖွဲ့က အသိအမှတ်ပြုခဲ့ပြီး ယခုတစ်ကြိမ် တွေ့ဆုံဆွေးနွေးခြင်းကို အခွင့်အရေးအဖြစ် အသုံးချပြီး ဒေသဖွံ့ဖြိုးရေးအတွက် အနေအထားသစ် တစ်ခုသို့ ရောက်ရှိအောင် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပုံစာ – စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ် မိုင်းလားရောက်၊ NDAA ခေါင်းဆောင်များနှင့်တွေ့ (ဓာတ်ပုံ – Mongla SR4 ESS)

အခြားတစ်ဘက်တွင် မိုင်းလားတပ်ဖွဲ့ NDAA အနေဖြင့် ၎င်းတို့ထိန်းချုပ်မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာခံရခြင်းအပေါ် နားမလည်နိုင်ဘဲ နေပြည်တော်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများကို ပြန်လည်တင်ပြထားကြောင်း NDAA ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က သျှမ်းသံတော်ဆင့်ကို ယမန်နေ့တွင် ပြောဆိုထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်နေ့က သျှမ်းပြည်အတွင်း (၁၅) မြို့နယ်ကို အရေးပေါ်ကာလ စစ်အုပ်ချုပ်ရေး ကြေညာကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ထုတ်ပြန်ခဲ့စဉ် ထိုစာရင်းထဲတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ် ဟိုပန်မြို့နယ်နှင့် မိုင်းလားတပ်ဖွဲ့ NDAA ထိန်းချုပ် မိုင်းလားမြို့နယ်တို့လည်း ပါဝင်ခဲ့သည်။

အလားတူ စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များသည် UWSA ထိန်းချုပ် မိုင်းပေါက်မြို့နှင့် ပန်ဆန်းမြို့သို့ ဩဂုတ်လ ၆ ရက်နှင့် ၇ ရက်တို့တွင် သွားရောက်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးအပြင် လာမည့် ဒီဇင်ဘာလလယ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ ကိစ္စရပ်များကိုပါ ဆွေးနွေးခဲ့ကြောင်း UWSA ဘက်မှ ဩဂုတ်လ (၇) ရက်တွင် သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...