ဟိုပုံး ရှင်လောင်းပွဲအပြန် လမ်းတွင် ငလျင်ကြောင့် ယာဉ်တိုက်မိဖြစ်ပြီး ကလေးတစ်ဦးအပါအဝင် ၄ ဦးသေဆုံး

သျှမ်းပြည် ဟိုပုံးမြို့ ရှင်လောင်းပွဲအပြန် လမ်းမှာအင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မတော်တဆယာဉ်တိုက်မှုဖြစ်ပြီး အသက် ၈ နှစ်ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

မတ်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ဟိုပုံးမြို့နယ် ပန်လျှန်းရွာမှ ဒေသခံ ၄ ဦးသည် ဟိုပုံးမြို့ရှိ ရှင်းလောင်းပွဲသွားပြီး ပြန်လာရာ လမ်းတွင်အင်းအားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မတော်တဆ ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးသွားခဲ့ရကြောင်း ၎င်းတို့၏မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင်ကို ပြောသည်။

“ဟိုပုံးပွဲကို လာရင်းနဲ့အပြန်လမ်းမှာ ငလျင်လှုပ်လို့ သူတို့စီးတဲ့ကားနဲ့ တွဲကားတိုက်မိတာ။ ငလှုပ်လုပ်လို့ သူများလည်း အလုပ်ရှုပ်နေတာ၊ ကယ်ဆယ်ရေးသမားလည်း ချက်ချင်းရောက်မလာဘူး။ နောက်မနက်မှ ဖုန်းဆက်လာလို့ ဦးလေးတို့ ဆုံးပြီလို့သိရတာ” ဟု ၎င်းကပြောသည်။

သေဆုံးသူ ၄ ဦးထဲတွင် အသက် ၈ နှစ်အရွယ် နန်းဥမ္မာဦး၊ အသက် ၅၂ နှစ် ခွန်ပန်းအောင်နှင့် အသက် ၄၈ နှစ် မွိုးစောထွေးတို့မှာ မိသားစုဝင်များဖြစ်ကြပြီး အသက် ၄၈ နှစ် ခွန်းထွန်းကြည်သည် ပန်လျှန်းကျေးရွာ ဒေသခံတစ်ဦးဖြစ်ကြောင်း သိရသည်။

မတော်တဆယာဉ်တိုက်မှုကြောင့် သေဆုံးသွားရသော ပန်လျှန်းကျေးရွာမှ ဒေသခံ ၄ ဦး၏ အလောင်းကို မတ်လ ၂၉ ရက်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ငလျင်ဒဏ်ကြောင့် မြန်မာတနိုင်ငံလုံး သေဆုံးသူ စုစုပေါင်း ၁,၇၀၀ ဦးကျော်၊ ဒဏ်ရာရသူ ၃,၄၀၀ ဦးနှင့် ပျောက်ဆုံးနေသူ ၃၀၀ ဦးရှိကြောင်း စစ်ကောင်စီက မတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

ထိုသေဆုံးမှုများသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူနိုင်သည့် အချက်အလက်များ မဟုတ်သောကြောင့် မြေပြင်တွင် ထိုထက်မကသေဆုံးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြေသိမ်းမှု ကန့်ကွက်သူ ၆ ဦး သတင်းအစနမရ

0
သျှမ်းပြည်တောင်ပိုင်း၊ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ မြေယာသိမ်းဆည်းမှုကို ကန့်ကွက်ခဲ့သည့် ရွာသူကြီးအပါအဝင် ဒေသခံ ၆ဦးသည် ယနေ့ (မေ ၂၇)ရက်အထိ ပြန်လည်မလွတ်မြောက်သေးဘဲ သတင်းအစန မရရှိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

PNLA တပ်ဖွဲ့ဝင် ၆၁ ဦး အလင်းဝင်လာဟု PNO ဆို

0
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့ ညနေအချိန်တွင် ဗန်းမတ်ဒေသတွင် ခွန်တန်(ခ)ဇာတ်လိုက် ဦးဆောင်သော PNLAတပ်ရင်း (၃၅၉)မှ တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ထံတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း...

မြေသိမ်းရန် ကန့်ကွက်သည့် ဒေသခံ (၁၂)ဦးအနက် (၆)ဦးသာ ပြန်လွတ်လာ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ မြေသိမ်းရန်ကန့်ကွက်သည့် ဒေသခံ (၁၂)ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီး (၆)ဦးသာ ပြန်လွှတ်ပေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ (၃၀)ရက် ညပိုင်းတွင် ပအိုဝ်းပြည်သူ့စစ်(PNO) လက်အောက်ခံ မြေပွဲစားများ၊ စစ်ကော်မရှင်တပ်သားနှင့် ၎င်း၏ လက်အောက်ခံ ရဲများ အပါအဝင် အထွေထွေအုပ်ချုပ်ရေးမှူးက ဒေသခံ၏...

စစ်တပ် မြေသိမ်းရန် ကန့်ကွတ်မှုကြောင့် ဖမ်းဆီးခံရသူ (၁၂)ဉီးပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ ရွာသူကြီး အပါအဝင် ဒေသခံ (၁၂)ဦးသည် မြေသိမ်းရန် ကန့်ကွက်မှုကြောင့် စစ်တပ်က ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ပြန်မလွှတ်ပေးသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် ပအိုဝ်းပြည်သူ့စစ်(PNO) လက်အောက်ခံ မြေပွဲစားများ၊ စစ်ကော်မရှင်တပ်သားနှင့် ၎င်း၏ လက်အောက်ခံ ရဲများ...
Lawksawk_Gambling

ရပ်စောက်မြို့နယ် ကျိုင်းခမ်း ရှင်လောင်းပွဲတွင် စစ်တပ်ဗိုလ်မှူး လောင်းကစားဝိုင်းဖွင့် ကိုယ်ကျိုးရှာ

0
သျှမ်းပြည် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုတွင် ဒေသခံများ ကျင်းပပြုလုပ်သည့် ရှင်လောင်းပွဲ၌ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး ဦးဆောင်ပြီး လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ဒုတိယပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ် ကျိုင်းခမ်းအခြေစိုက် စစ်ကော်မရှင်တပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၅၁၀ မှ ဗိုလ်မှူးဗညား ဆိုသူသည် လောင်းကစားဝိုင်းများကို ငွေကြေးကောက်ခံပြီး...