PNLA တပ်ဖွဲ့ဝင် ၆၁ ဦး အလင်းဝင်လာဟု PNO ဆို

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့ ညနေအချိန်တွင် ဗန်းမတ်ဒေသတွင် ခွန်တန်(ခ)ဇာတ်လိုက် ဦးဆောင်သော PNLAတပ်ရင်း (၃၅၉)မှ တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ထံတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း PNO မှ အရာရှိတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုသို့ လက်နက်ချ အလင်းဝင်ရောက်ပြီးနောက် ဧပြီလ (၂၆)ရက် ညနေ (၅)နာရီအချိန်တွင် ဗန်းမတ်ဒေသ တောင်ဘက် ရေသပြေ ကျေးရွာဘက်တွင် PNLA တပ်ဖွဲ့နှင့် PNOတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

“သူတို့လက်နက်ချ အညံ့ခံပြီး နောက်ရက်မှ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲက နာရီဝက်ကြာတယ်။ PNLAတပ်က တပ်ဖွဲ့ဝင် (၆၁) ဦး ကို ဒီနေ့ ဧပြီလ (၂၈) ရက် ဟိုပုံးမှာ မိသားစုတွေ ဆွေမျိုးသားချင်းတွေနဲ့တွေ့ပြီးတော့ လက်မှတ်ထိုး ခိုင်းတယ် ပြီးရင် နေရပ်ပြန်ပို့ပေးတယ်။” ဟု ၎င်းအရာရှိကပြောသည်။

ထို့အပြင် လက်နက်ချ အညံ့ခံရာတွင် PNLA တပ်ရင်း (၃၅၉)မှ လက်နက်တို (၂၇)လက်နှင့် လက်နက်ရှည် (၃)လက်နှင့်တကွ အလင်းဝင်ရောက်လာကြောင်း ၎င်း အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ PNLA တပ်ရင်းတစ်ခု လက်နက်ချရသည့်အကြောင်းမှာ စားနပ်ရိက္ခာခြားပါးမှု ကြောင့် လက်နက်ချအလင်းဝင်ရောက်လာသည်ဟု ထင်မြင်မိကြောင်း PNO တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“စားတာသောက်တာ အဆင်မပြေတာက တပိုင်း ၊ဒီလိုစားတာ သောက်တာ အဆင်မပြေတော့ တောထဲမှာ ရေရှည်နေဖို့အဆင်မပြေဘူး၊ ဒါကြောင့် သူတို့က အလင်းဝင်လာတာ၊ ဒီမှာက သူတို့မိဘတွေလည်းရှိတော့ ပြန်လာတာ။ ဗန်းမတ်ကတော့ ကျနော်တို့ PNO တပ်ဖွဲ့ပြန်ထိန်းချုပ်ထားတယ်၊ စစ်ရှောင်တွေကတော့ မရှိတော့ဘူး၊ အခုတော့ တိုက်ပွဲငြိမ်ပြီ ဘာမဖြစ်တော့ဘူး။”ဟု အဆိုပါ PNO တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခွန်တန်(ခ)ဇာတ်လိုက် သည်ယခင်က ဗန်းမတ်ကျေးရွာတွင် အခြေချနေထိုင်ခဲ့ပြီး PNOတပ်ဖွဲ့နှင့်ပူးပေါင်းကာ ပင်လောင်းမြို့နယ် ဆောင်းပြောင်းတိုက်ပွဲတွင် ပါဝင်ခဲ့ပြီး သဘောထားခြင်း မတိုက်ဆိုင်သည့်အတွက် PNLAတပ်ဖွဲ့ထံတွင် ခိုလှုံခဲ့သည်ဟုလည်း သိရသည်။

ထို့နောက် PNOတပ်ဖွဲ့က ဗန်းမတ်ကျေးရွာကို ထိန်းချုပ်ပြီးနောက် ခွန်တန်တို့အဖွဲ့သည် လက်နက်များဖြင့် PNOတပ်ဖွဲ့ထံ ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်က လက်နက်ချ အလင်းဝင်ခဲ့သည်။

အဆိုပါ PNLAတပ်ရင်း (၃၅၉)မှာ လက်နက်ချသည့် အကြောင်းရာနှင့် ပတ်သက်၍ PNLAတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

ဆက်လက်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ကဒူးကြီးဒေသမှ ဒေသခံ တစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ယခု ဧပြီလအတွင်း စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး အင်အားစုတို့ ကြား စစ်ရေးအခြေနေတင်းမာမှုများ ဖြစ်နေသောကြောင့် ထပ်မံနေရာရွှေ့ပြောင်းနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...