ဟိုပုံးမြေသိမ်းမှု ကန့်ကွက်သူ ၆ ဦး သတင်းအစနမရ

သျှမ်းပြည်တောင်ပိုင်း၊ဟိုပုံးမြို့နယ် ညောင်ပင်ကျေးရွာမှ မြေယာသိမ်းဆည်းမှုကို ကန့်ကွက်ခဲ့သည့် ရွာသူကြီးအပါအဝင် ဒေသခံ ၆ဦးသည် ယနေ့ (မေ ၂၇)ရက်အထိ ပြန်လည်မလွတ်မြောက်သေးဘဲ သတင်းအစန မရရှိသေးကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO) နှင်ပူးပေါင်းသည့် မြေပွဲစားများက သိမ်းယူခဲ့ပြီး အတင်းအဓမ္မ ရွှေ့ပြောင်းရန် ဖိအားပေးခဲ့သည်။

ထိုသို့ပြောင်းရွှေ့ပေးရန် လာရောက်ပြောဆိုရာတွင် စစ်ကော်မရှင်လက်အောက်ခံရဲတပ်ဖွဲ့ဝင်များကို မြေပွဲစားများက ခေါ်ဆောင်လာပြီး လက်နက်ပြ ခြိမ်းခြောက်ကာ ဖယ်ရှားခိုင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်နက်ကိုင်အင်အား အသုံးပြုပြီး ခြိမ်းခြောက်လာမှုကို ညောင်ပင်ကျေးရွာ ရွာသူကြီး အပါအဝင်ဒေသခ့ ၁၀ ဉီး က ကန့်ကွက်ခဲ့ပြီးနောက်၊ ပြီးခဲ့သည့် မတ် ၃၀ရက် ညတွင် စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးခဲ့ကြောင်းဟိုပုံး ဒေသခံတောင်သူတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အဲဒီတုန်းက ၄ယောက်တော့ တစ်ပတ်ကြာပြီး ပြန်လွတ်လာတယ်။ ကျန်တဲ့ ၆ဦးက ခုထိမလွတ်သေးဘူး။ သတင်းအစနမရဘူး။ အခြေနေသွားမေးရင်လည်း ဘယ်သူမှမပြောရဲကြဘူး။ ပြဿနာတစ်စုံတရာရှိလို့ နုတ်ပိတ်ထားတာလားမသိဘူး၊ ပြန်လွတ်ဖို့ ရာခိုင်နူန်းနည်းမယ်ထင်ပါတယ်။”ဟု ၎င်းတောင်သူက ဆိုသည်။

စစ်ကော်မရှင်တပ်နှင့် PNO တပ်ဖွဲ့၏ဖိအားပေးမှုကြောင့် ညောင်ပင်ကျေးရွာမှ အိမ်ခြေ၂၀၀ကျော်သည် ယခု မေလ ကုန်တွင် အပြီးပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သိရသည်။

ထို့အပြင် မြေယာအစားထိုးအနေဖြင့် ဘုရားဖြူကျေးရွာတွင် ရှိသည့်မြေကွက်များကို စီစဉ်ပေးထားသော်လည်း ပြောင်းရွှေ့နေထိုင်ရန် အခက်ခဲရှိကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့ပြောင်းခိုင်းတော့လည်း ပြောင်းရမှာပေါ့ နောက်ထပ်ကိုယ့်ရွာကလူတွေကို ဒုက္ခမရောက်စေချင်တော့ဘူး။ သူတို့ကလက်နက်နဲ့ဆိုတော့ အားမတန်လို့မာန်လျော့ လိုက်ရသလိုပဲ။၊အခုသူတို့ပေးတဲ့ မြေက အိမ်တစ်နေရာစာပဲရှိတာ ဘဝကိုအစကနေပြန်စရမှာ တဲဆောက်ဖို့တောင် ကုန်ဈေးနှုန်းနဲ့မလွယ်ဘူး။”ဟု ၎င်း အမျိုးသမီးက ပြောသည်။

ဟိုပုံး – လွိုင်လင် ကားလမ်းမကြီး မြောက်ဘက်ရှိ မြေဧက ၁၄၀၀၀ ကျော်ကို စစ်တပ်က ၁၉၉၂ ခုနှစ်တွင် သိမ်းဆည်းခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီတွင် နိုင်ငံတော်မှတဆင့် ဒေသခံများအား ပြန်လည် အပ်နှံခဲ့ကြောင်း သိရသည်။

သို့သော်အဆိုပါမြေများသည် ဒေသခံလက်ထဲမရောက်ခဲ့ဘဲ PNOနှင့် ဆက်စပ်သည့် မြေပွဲစားများက ပြန်လည်ရောင်းချခဲ့ကြောင်း၊ နောက်ပိုင်းတွင် “တပ်ပိုင်မြေ”ဟုဆိုကာ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ထပ်မံသိမ်းဆည်းခဲ့ကြောင်း ဒေသခံများက ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...