Tuesday, January 27, 2026

ငလျင်

ဟိုတယ် အောင်ပန်း ငလျင်ကြောင့် ပြိုကျမှုတွင် သေဆုံးသူ၉ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၂၅ ဦးရှိလာ

​သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ငလျင်ဒဏ်ကြောင့် ဟိုတယ်အောင်ပန်း ပြိုကျမှုတွင် သေဆုံးသူ (၉) ဦးအထိရှိလာပြီး ထိခိုက်ဒဏ်ရာ ရရှိသူ (၂၅)ဦးအထိရှိလာကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှသိရသည်။ မတ်လ ၂၈ ရက်နေ့ မွန်းလွဲအချိန်တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၇ ရှိ ငလျင်ပြတ်ရွေ့ကြောင့် အောင်ပန်းမြို့အပါအဝင် တစ်နိုင်ငံလုံးနီးပါး ငလျင်ဘေးဒဏ်ကျရောက်ခဲ့ရသည်။ ထိုသို့ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့်...

ငလျင်ပြီးနောက် ဖောင်တော်ဦးကျောင်းတော်ရှေ့ရေခမ်း အင်းရေပြင်ပေါ်ခရုများထွက်ပေါ်လာ

သျှမ်းပြည်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးရှိ‌ ဖောင်တော်ဦးဘုရားစံမြန်းရာ‌ ကျောင်းတော်ရှေ့တွင် ငလျင်ပြီးနောက် ရေများရုတ်တရက် ခမ်းခြောက်သွားပြီး အင်းလေးကန်အလယ်ပိုင်း အင်းရေပြင်ပေါ်သို့ ခရုများ အုံလိုက်ကျင်းလိုက်ထွက်ပေါ်လာကြောင်း ပြည်သူများမှ လူမှုကွန်ယက်စာမျက်နှာများတွင် ဝေမျှထားသည်။ယနေ့ (မတ်လ ၂၉) ရက် ငလျင်ကြီး လှုပ်ခတ်ပြီး တစ်ရက်အတွင်း အင်းလေးဖောင်တော်ဦးဘုရား စံမြန်းရာ ကျောင်းတော်ရှေ့ရှိ...

ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ဉီး၊ ဒဏ်ရာရရှိသူ ၇၃၂ ဦးစာရင်းရထား၊ ထပ်တိုးနိုင်ဟု စစ်ခေါင်းဆောင်ပြော

ယနေ့ (မတ် ၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ဉီးနှင့် ဒဏ်ရာရရှိသူ ၇၃၂ ဉီးတို့ရှိကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ ထိုသေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူသည် နေပြည်တော် ၊မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ အများအပြား ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသွားသည်။ သို့သော်...

ဘန်ကောက် ဆောက်လက်စ မိုးမျှော်တိုက် ပြိုကျသည့်အပျက်အစီးထဲ လူ ၈၁ဉီး ပျောက်ဆုံးပြီး၊ ၃ဉီးသေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Chatuchak ခရိုင်ရှိ ဆောက်လက်စတိုက်သစ် သည် ယနေ့ (မတ် ၂၈)ရက် ထိုင်းစံတော်ချိန် ၁နာရီခွဲတွင် အင်အားပြင် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျခဲ့ပြီး၊ ၎င်းအဆောက်အဉီ၏ အပျက်အစီးများအောက်တွင် ပျောက်ဆုံးသူ ၈၁ဉီးရှိပြီး သေဆုံးသူ ၃ဦး ရှိကြောင်း ထိုင်းနိုင်ငံ သတင်းဌာနများဖော်ပြချက်အရသိရသည်။ ပြိုကျသွားသည့် အဆောက်အဉီ၏...

ငလျင်ဒဏ်ကြောင့် အင်းလေးဒေသအတွင်း ထိခိုက်ပျက်စီးမှုများပြားပြီး လူသေဆုံးမှုများလည်းမြင့်တက်နေ 

ယနေ့ (မတ်လ ၂၈)  နေ့လယ်ပိုင်းတွင် စစ်ကိုင်း ရေခါးအင်း စာရေးရွာအနီး ဗဟိုပြု၍အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ပြင်းထန်အင်အားရှိသော မြေငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံတဝန်း ထိခိုက်သေဆုံးမှုများ ဆက်တိုက်မြင့်တက်လျက်ရှိသည်။ ထို့အပြင် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အချို့နေရာများတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း ပျက်တောက်နေပြီး အဆက်အသွယ်များမရရှိကြောင်း ညောင်ရွှေမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့...

ကွတ်ခိုင်မြို့ မြေငလျင် (၇)ကြိမ် လှုပ်ခတ်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် အခြားမြို့နယ်အများစု မြေငလျင် (၇)ကြိမ် လှုပ်ခတ်မှုကြောင့် ပြည်သူများထိတ်လန့်ခဲ့ရကြောင်း စုံစမ်းသိရသည်။  ယနေ့( ဒီဇင်ဘာလ ၉) ရက် နံနက် (၃)နာရီခန့်တွင် ကွတ်ခိုင်မြို့၊ သိန္နီမြို့၊ လားရှိုးမြို့ အရှေ့မြောက်ဘက်တွင် ငလျင် (၇)ကြိမ်တိတိ လှုပ်ခတ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ ထိုကဲ့သို့ ငလျင်လှုပ်ခတ်မှုသည် အင်အားမပြင်းထန်သော်လည်း သျှမ်းမြောက်ဒေသခံများအတွက် ထိတ်လန့်စေခဲ့ပြီး...

ကျိုင်းတုံတွင် ရစ်ချ်တာစကေး ၅ ဆင့်ရှိ ငလျင်လှုပ်

သျှမ်းပြည် အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင် မိုင်းပျဥ်းမြို့ အနီးပတ်ဝန်းကျင်တွင် ယနေ့ (ဇွန် ၈)ရက် နံနက် ၉နာရီ ၅၆ မိနစ်တွင် ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သတင်းသိရသည်။ ကျိုင်းတုံမြို့နယ်တွင်း လှုပ်ခတ်သွားသည့် မြေငလျင်သည် ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၀ အဆင့် အင်အားအသင့်အတင့်ရှိ...

Latest news