Tuesday, January 27, 2026

စစ်ကိုင်း ကူညီကယ်ဆယ်ရေးများ နှင့်အလောင်းထည့်အိတ်များအရေးပေါ်လိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတွင် ကူညီကယ်ဆယ်ရေး လုပ်သားများ များစွာလိုအပ်နေပြီး ပိမိထားသည့် အလောင်းများကိုထည့်ရန် အိတ်များလိုအပ်နေသည်ဟု စစ်ကိုင်းဒေသခံများထံမှသိရသည်။


ပြီးခဲ့သည့် မတ်လ (၂၈)ရက်နေ့မွန်းလွဲ ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် စစ်ကိုင်းတိုင်းတွင် ၈၀ ရာခိုင်နူန်းနီးပါး အဆောက်အုံ ပြိုကျပျက်စီးခဲ့ပြီး လူသေဆုံးမှုများလည်း ထောင်ချီအထိ ရှိနေကာ ယနေ့အထိ ကူညီကယ်ဆယ်ရေးများမရောက်လာကြသေးကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။


“ဒီဘက်မှာ ကယ်ဆယ်ရေးတွေ အရမ်းလိုအပ်နေပါတယ်။ စစ်ကိုင်းလမ်းပိုင်းလည်း ပြတ်တောက်နေတော့ ရေလမ်းကပဲ လာလို့ရမယ်ထင်တယ်။ အစားသောက်တွေ ဆေးဝါး၊ရေသန့် တွေ အလောင်းထည့်တဲ့အိတ်တွေ အများကြီးလိုအပ်နေပါတယ်။တတ်နိုင်သလောက်ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးပါအုံးရှင့်။”ဟု စစ်ကိုင်းဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။


စစ်ကိုင်းတွင် မီးသတ်ရုံများလည်း ပြိုကျပျက်စီးကုန်တာကြောင့် ကူညီကယ်ဆယ်ရေးလုပ်သားများလည်း မရှိသေးတာကြောင့် အလောင်းများကို ဆယ်မထုတ်နိုင်သေးဘဲ အပုတ်နံ့များလည်းရနေသည်ဟု ၎င်းက ပြောသည်။


မန္တလေးဗဟိုပြုလှုပ်ခတ်ခဲ့သော မြေငလျင်သည် မန္တလေးတွင်သာမက မန္တလေးအနီးရှိ စစ်ကိုင်းတိုင်းကိုပါ အထိနာစေပြီး လူသေဆုံးမှုများကာ အဆောက်အုံပျက်စီးမှုများလည်း များစွာရှိနေသည်။


ထိုကဲ့သို့ အကူညီလိုအပ်နေသည့်စစ်ကိုင်းကို စစ်ကောင်စီမှ ကူညီကယ််ဆယ်ရေးကို ဦးစားပေးမလုပ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင် ငလျင်သိသိသာသာလှုပ်ခတ်

0
သျှမ်းပြည်တောင်ပိုင်း ၊တောင်ကြီး နှင့် အနီးတဝိုက်ဒေသများတွင်မဂ္ဂနီကျု အင်အား ၄ဒသမ ၃ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့သည်။ ယနေ့ (ဩဂုတ်လ ၇)ရက် ည ၉ နာရီအချိန်တွင် နေပြည်တော် တပ်ကုန်း ဗဟိုပြု၍ မဂ္ဂနီကျု အင်အား ၄ဒသမ ၇ ပြင်းအားရှိ ငလျင် လှုပ်ခတ်ခဲ့ရာ တောင်ကြီးမြို့၊...

အင်းလေးဒေသ ငလျင်ဒဏ်ကြောင့် ဒေသခံများ စိုက်ပျိုးရေးလုပ်ငန်း နလံမထူနိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် ငလျင်ဒဏ်သင့်သည့် ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်းများ နလံမထူနိုင်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အား ၇.၇ ရစ်ချ်တာစကေးရှိ အင်အားပြင်း ငလျင်ကြီးကြောင့် သျှမ်းပြည် အင်းလေးဒေသအတွင်း နေအိမ် ရာနဲ့ချီ ပြိုကျပျက်စီးခဲ့ရသည်။ ထိုသို့ ပြိုကျပျက်စီးသွားသည့် နေအိမ်များကို...

သျှမ်းတောင်တွင် ငလျင်လှုပ်ပြီးနောက်ပိုင်း ဘိလပ်မြေဝယ်ယူသူများလာပြီး ဈေးအဆမတန်မြင့်တက်လာ

0
သျှမ်းပြည်တောင်ပိုင်းတွင် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ဘိလပ်မြေဝယ်ယူသူ များလာခြင်းကြောင့် ဈေးနှုန်းအဆမတန် မြင့်တက်နေလျှက်ရှိသည်ဟု စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ်လ (၂၈) ရက်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်များတွင် ဘိလပ်မြေဈေးနှုန်းများ တစ်အိတ်လျှင် ကျပ်(၃၄၀၀၀)အထိ အဆမတန် မြင့်တက်လာသောကြောင့် ဆောက်လုပ်ရေး လုပ်ကိုင်သူများနှင့် ငလျင်ဒဏ်သင့် အိမ်များ ပြန်လည်ပြုပြင်ရန်...

ငလျင်လှုပ်မည်ဆိုသည့် သတင်းမှားကြောင့် ဟိုပုံးဒေသခံများ ခြံမသွားဘဲ ကွင်းပြင်မှာ စုနေကြ

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် ငလျင်လှုပ်မည် ဟူသော သတင်းမှားကြောင့် ဒေသခံများ ခြံမသွားရဲကြဘဲ ကွင်းပြင်မှာ စုနေကြကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဧပြီလ (၂၁) ရက်တွင် လူမှုကွန်ရက် စာမျက်နှာပေါ်များမှ ငလျင်လှုပ်မည်ဟု ဆိုသည့် သတင်းမှား ပျံ့နှံ့မှုကြောင့် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စံဖူးကျေးရွာရှိ ဘုန်းကြီးမှလည်း...

Sky Villa ကွန်ဒိုပြိုကျမှုအတွင်း ကွယ်လွန်ခဲ့သည့် သီပေါစစ်ဘေးရှောင် မိသားစုအတွက် SSPP ဌာနချုပ်တွင် ရေစက်ချအမျှဝေ

0
မတ်လ ၂၈ ရက်တွင် စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောင့် မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သီပေါမြို့မှ စစ်ဘေးတိမ်းရှောင်သွားသော SSPP မှ စဝ်လွယ်မောဝ်၏ ဆွေမျိုးများဖြစ်သည့် သားသမီး၊ မြေးမြစ်များ အမျိုးသမီး (၄) ဦးနှင့် ကလေး (၅) ဦး အပါအဝင်...