ယနေ့ (မတ် ၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၁၄၄ ဉီးနှင့် ဒဏ်ရာရရှိသူ ၇၃၂ ဉီးတို့ရှိကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
ထိုသေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူသည် နေပြည်တော် ၊မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ အများအပြား ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသွားသည်။

သို့သော် သေဆုံးသူ ဦးရေသည် နေပြည်တော် ၉၆ ဦး၊ စစ်ကိုင်းမြို့ ၁၈ ဦး၊ ကျောက်ဆည် ၃၀ ဦးဖြင့် စုစုပေါင်း ၁၄၄ ဦးဖြစ်ပြီး၊ ဒဏ်ရာရရှိသူသည် နေပြည်တော် ၄၃၂ ဦး၊ စစ်ကိုင်းမြို့ ၃၀၀ ဦးနှင့် ကျောက်ဆည်မြို့ စိစစ်ဆဲဖြစ်ကာ စုစုပေါင်း ၇၃၂ ဦးရှိကြောင်းနှင့် လူဉီးရေ ထပ်တိုးစာရင်းရှိနိုင်ကြောင်းစစ်ခေါင်းဆောင်က ပြောသည်။
လက်ရှိတွင် ငလျင်ဒဏ်သင့်ဒေသများကို အရေးပေါ်အခြေအနေ ကြေညာထားပြီးတော့ ပြည်ပအကူအညီပေးနိုင်ရေးအတွက် လမ်းဖွင့်ပေးထားပြီး၊ မည်သည့်နိုင်ငံ၊မည်သည့်အဖွဲ့အစည်းမဆို လာရောက်ကူညီပေးကြရန် စစ်ခေါင်းဆောင်က ပြောဆိုလိုက်သည်။












Leave a Comments