သျှမ်းပြည်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးရှိ ဖောင်တော်ဦးဘုရားစံမြန်းရာ ကျောင်းတော်ရှေ့တွင် ငလျင်ပြီးနောက် ရေများရုတ်တရက် ခမ်းခြောက်သွားပြီး အင်းလေးကန်အလယ်ပိုင်း အင်းရေပြင်ပေါ်သို့ ခရုများ အုံလိုက်ကျင်းလိုက်ထွက်ပေါ်လာကြောင်း ပြည်သူများမှ လူမှုကွန်ယက်စာမျက်နှာများတွင် ဝေမျှထားသည်။
ယနေ့ (မတ်လ ၂၉) ရက် ငလျင်ကြီး လှုပ်ခတ်ပြီး တစ်ရက်အတွင်း အင်းလေးဖောင်တော်ဦးဘုရား စံမြန်းရာ ကျောင်းတော်ရှေ့ရှိ ရေချောင်းအတွင်း ရေများရုတ်တရက်ခမ်းခြောက်သွားကြောင်း ပြည်သူအချို့မှ လူမှုကွန်ယက်စာမျက်နှာများတွင် မျှဝေထားသည်။
“ရေခမ်းပြီး၊ လှေလည်း လှော်မရ၊ ကားဆိုင်ကယ်လည်းသွားမရ၊ လမ်းလျှောက်သွားဖို့ကလည်း ရွံ့နွံတွေနဲ့” ဟု ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။
ထို့အပြင် အင်းလေးကန်အလယ်ရေပြင်တွင်လည်း ခရုများစွာထွက်ပေါ်လာပြီး ထို့ကဲ့သို့ ဖြစ်ရပ်မျိုး မကြုံဖူးကြောင်း အင်းလေးကန်အတွင်းသို့ ကူညီရေးအတွက် ရောက်ရှိနေသည့် ပြည်သူများမှ လူမှုကွန်ယက်စာမျက်နှာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
“အင်းလေးကန် ဟုတ်ပါတယ်၊ ငလျင်လှုပ်ပြီးချိန် ခရုတွေ ပေါက်ပေါက်ကျဲထားသလို ဖြစ်သွားတာ” ဟု ဖော်ပြထားသည်။
ထို့သို့ ထူးခြားသည့်အခြေအနေများကို အတည်ပြုဖော်ပြပေးနိုင်ရန်လည်း သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ယမန်နေ့ (မတ်လ ၂၈) ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့် မြေငလျင်ကြောင့် အင်းလေးဒေသအတွင်း ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး အနည်းဆုံး လူ (၄၂) ဦးသေဆုံးခဲ့ပြီး အိမ်ခြေပေါင်း ထောင်နှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ကြောင်း လက်ရှိတွင် အကူအညီများစွာလိုအပ်နေကြောင်း ဒေသအတွင်း အကူအညီပေးနေသည့် ပြည်သူများထံမှ သိရ












Leave a Comments