ဘန်ကောက် ဆောက်လက်စ မိုးမျှော်တိုက် ပြိုကျသည့်အပျက်အစီးထဲ လူ ၈၁ဉီး ပျောက်ဆုံးပြီး၊ ၃ဉီးသေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Chatuchak ခရိုင်ရှိ ဆောက်လက်စတိုက်သစ် သည် ယနေ့ (မတ် ၂၈)ရက် ထိုင်းစံတော်ချိန် ၁နာရီခွဲတွင် အင်အားပြင် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျခဲ့ပြီး၊ ၎င်းအဆောက်အဉီ၏ အပျက်အစီးများအောက်တွင် ပျောက်ဆုံးသူ ၈၁ဉီးရှိပြီး သေဆုံးသူ ၃ဦး ရှိကြောင်း ထိုင်းနိုင်ငံ သတင်းဌာနများဖော်ပြချက်အရသိရသည်။

ပြိုကျသွားသည့် အဆောက်အဉီ၏ အပျက်အစီးများအောက်ကို ပျောက်ဆုံးသောသူ ၈၁ ဉီးရှိပြီး ရှာဖွေရန် ကယ်ဆယ်ရေးခွေးများနှင့် အတူ ရှာဖွေကယ်ဆယ်ရေး တာဝန်ရှိသူများက ယနေ့ (မတ် ၂၈)ရက် ညနေပိုင်းတွင် လုပ်ဆောင်နေသည်။

ပြိုကျသွားသည့် အဆောက်အဉီ၏ အပျက်အစီးကြားပျောက်ဆုံးသူကို ရှာဖွေရန် (Photo by Khaosod English)

ထိုပျောက်ဆုံးနေသည့် အလုပ်သမား ၈၁ဉီးထဲတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း ပါရှိကြောင်းသိရသည်။

“ ကျနော်ရဲ့ အမျိုးသမီးအထဲမှာကျန်ခဲ့တယ်။ သူဘယ်အထပ်မှာလည်းမရှိဘူး။ ကူပေးကြပါ” ဟု ထိုပြိုကျသည့် မိုးမျှော်တိုက်မှ လွှတ်မြောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဉီး က ငိုပြီး ထိုင်းမီဒီယာများကို ဖြေကြားခဲ့သည်။

ဘန်ကောက် ဆောက်လုပ်စ မိုးမျှော်တိုက်ပြိုကျစဉ် လွှတ်မြောက်လာသူ (Photo by Khaosod English)

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းကိုဗဟိုပြု၍ ပြင်းအား ၈ ရစ်ချ်တာစကေးနီးပါးရှိသည့် ငလျင်လှုပ်ခတ်မှုကြောင့် ထိုင်းနိုင်ငံဘန်ကောက်မြို့နှင့် အနီးတဝှိက်ရှိ နေရာအများအပြား ငလျင်ရိုက်ခတ်မှုကို ခံရသည်။

“အစက ကျမ ဖျားနေတယ်ထင်တယ်၊ ခေါင်းမူးသလို မူးလဲတော့မယ် ထင်တယ်၊ နောက်တော့ မီးပုံးတွေ ရွေ့နေတာကို သတိထားမိတယ်။ အဲ့မှ ငလျင်လှုပ်နေတာသိတယ်။” ဟု အဆောက်အဦမှ ထွက်ပြေးလွှတ်မြောက်လာသည့် ရုံးဝန်ထမ်းတဦးက ထိုင်းသတင်းမီဒီယာကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုအဆောက်အဉီထဲ ပုံမှန်အားဖြင့် ကုမ္ပဏီ ဝန်ထမ်းနှင့် ဆောက်လုပ်ရေးဝန်ထမ်း ၄၀၀ နီးပါး အလုပ်လုပ်လေ့ရှိကြောင်း သတင်းဌာနတွင်ဖော်ပြထားသည်။

လက်ရှိမှာ ဘန်ကောက်မြို့ကို သဘာဝဘေးအန္တရာယ်ဇုန် သတ်မှတ်ပြီး နိုင်ငံလုံးဆိုင်ရာ အရေးပေါ်ငလျင် သတိပေးချက် ထုတ်ပြန်လိုက်သည်။

ဘန်ကောက်မြို့ တွင် ဆောက်လုပ်ဆဲ မိုးမျှော်တိုက်သည် အထင်ရှားဆုံး အပျက်အစီးဖြစ်ပြီး အခြားအဆောက်အဉီများသည် အက်ကြောင်းများရှိကာ အချို့တိုက်များလည်း နံရံများပျက်စီးမှုရှိကြောင်းသိရသည်။

ယနေ့လှုပ်ခတ်သည့် ငလျင်သည် နှစ်ပေါင်း ၁၀၀ အတွင်း မကြုံစဖူးဖြစ်ကြောင်း၊ နောက်ဆက်တွဲ ငလျင်များအတွက် စိုးရိမ်သဖြင့် အနီးကပ်စောင့်ကြည့်ရန် လိုအပ်ကြောင်းလည်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

မြန်မာကလေးငယ်အပါ ကလေးငယ် ၁,၃၀၀ ကျော် ပန်းရောင်ကတ် တရားမဝင် မှတ်ပုံတင်ပေးမှု ထိုင်းတနိုင်ငံလုံးစစ်ဆေးမှုစတင်

0
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒင်ဒိန်း (Din Daeng) ခရိုင်ရှိ ပြည်သူ့အိမ်ရာတိုက်ခန်း၊ အိမ်ရာများတွင် မြန်မာနိုင်ငံသား ကလေးငယ် အများစုပါဝင်သည့် ရွှေ့ပြောင်းကလေး ၁,၃၀၀ ကျော်အား တရားမဝင် ပန်းရောင်ကတ် (Pink Card) မှတ်ပုံတင်ပေးခဲ့သည့် အမှုအား ထိုင်းအာဏာပိုင်များမှ စစ်ဆေးတွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံး စုံစမ်းစစ်ဆေးမှုများ...

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...