မြန်မာကလေးငယ်အပါ ကလေးငယ် ၁,၃၀၀ ကျော် ပန်းရောင်ကတ် တရားမဝင် မှတ်ပုံတင်ပေးမှု ထိုင်းတနိုင်ငံလုံးစစ်ဆေးမှုစတင်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒင်ဒိန်း (Din Daeng) ခရိုင်ရှိ ပြည်သူ့အိမ်ရာတိုက်ခန်း၊ အိမ်ရာများတွင် မြန်မာနိုင်ငံသား ကလေးငယ် အများစုပါဝင်သည့် ရွှေ့ပြောင်းကလေး ၁,၃၀၀ ကျော်အား တရားမဝင် ပန်းရောင်ကတ် (Pink Card) မှတ်ပုံတင်ပေးခဲ့သည့် အမှုအား ထိုင်းအာဏာပိုင်များမှ စစ်ဆေးတွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံး စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ပြီးခဲ့သည့် ဧပြီလကတည်းက ဘန်ကောက်မြို့၊ ဒင်ဒိန်းခရိုင်ရုံး၌ အိမ်လိပ်စာ အချို့တွင် လူအများအပြားအား ပုံမှန်မဟုတ်သော စာရင်းသွင်းမှုများရှိလာသည်ကို အုပ်ချုပ်ရေး ဦးစီးဌာန (DoPA) က စတင်သတိပြုမိခဲ့ခြင်းဖြစ်သည်။

ထိုကြောင့် ၁၉၆၀ ပြည့်လွန်နှစ်များက ဆောက်လုပ်ခဲ့သော အခန်းပေါင်း ၅,၇၂၆ ခန်းပါ ဒင်ဒိန်းခရိုင်အတွင်းရှိ တိုက်ခန်းများကို ဝင်ရောက်စစ်ဆေးခဲ့ပြီး၊ အမှန်တကယ် နေထိုင်ခြင်းမရှိသည့် အသက် ၅ နှစ်မှ ၁၅ နှစ်အထိ ရှိသော (မြန်မာနိုင်ငံသား အများစုပါဝင်သော) ရွှေ့ပြောင်းအလုပ်သမား ကလေးငယ် ၁,၃၆၆ ဦးအား နေထိုင်သူများအဖြစ် မှတ်ပုံတင်ပေးခဲ့သည်ကို တွေ့ရှိခဲ့သည်။

စုံစမ်းစစ်ဆေးမှုများအရ အဂတိလိုက်စားသော အရာရှိများသည် အခန်းများတွင် လူဦးရေ ပြည့်ကျပ်နေကြောင်း ကွန်ပျူတာစနစ်၏ သတိပေးချက်များကို ကျော်လွန်ဆောင်ရွက်ခဲ့ကြပြီး အခန်း ၄၄ ခန်းတွင် အနည်းဆုံး ကလေး ၁၆ ဦးစီ စာရင်းသွင်းကာ အခန်း ၃ ခန်းတည်းတွင်ပင် ကလေး ၁၄၀ ဦး အထိ မှတ်ပုံတင်ထားခဲ့သည်။

ထို့ပြင် စာရွက်စာတမ်းများတွင် လက်မှတ်ရေးထိုးခြင်းနှင့် အိမ်ပိုင်ရှင်များ၏ လက်မှတ်များကို အတုပြုလုပ်ကာ ထိုင်းနိုင်ငံသား မဟုတ်သူများ အစိုးရ ဝန်ဆောင်မှုများ ရရှိနိုင်သည့် ဂဏန်း ၁၃ ခုပါ “ပန်းရောင်ကတ်” လျှောက်ထားနိုင်ရန် ဖန်တီးပေးခဲ့ကြခြင်းဖြစ်သည်။

ယခုဖြစ်စဉ်များတွင် ပွဲစားများမှ ပုံတင်ပေးရန်အတွက် ဘတ်ငွေ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ တောင်းခံခဲ့ကြပြီး၊ ဩဂုတ် ၁၈ ရက်က တိုက်ခန်းများအတွင်း ဝင်််ရောက်စစ်ဆေးမှုတွင် ဒင်ဒိန်းခရိုင် အရာရှိ ၃ ဦး၊ ပွဲစား ၂ ဦး၊ အိမ်ပိုင်ရှင် ၁ ဦးနှင့် သက်သေ ၁ ဦး၊ စုစုပေါင်း ၇ ဦးလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဘန်ကောက်မြို့တော်ဝန်က ဖမ်းဆီးခံရသည့် အရာရှိ ၃ ဦးအား တာဝန်မှ ဆိုင်းငံ့ထားပြီး ဘန်ကောက်မြို့တော်တစ်ခုလုံးကို စစ်ဆေးရာ အခြား ခရိုင် ၉ ခုတွင်လည်း ပန်းရောက်ကတ် ကိုင်ထားသူ ၁၆ ဦးထက်မနည်း အိမ်ထောင်စုတစ်ခုအတွင်း စာရင်းသွင်းထားမှုများကို ထပ်မံတွေ့ရှိခဲ့သည့်အတွက် အထူးတပ်ဖွဲ့များဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

ထိုင်းအာဏာပိုင်များမှ ထိုအမှုများမှတဆင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများ၊ တရားမဝင်လူကုန်ကူးမှုကွန်ယက်များ နှင့် အခြားရာဇဝတ်မှုများနှင့် ဆက်စပ်မှုရှိမရှိ ဆက်လက်ဖော်ထုတ်နေပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကိုးကား – Bangkok Post/Thai Enquirer

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

ဘန်ကောက်တွင် MOU များ လက်မှတ်ထိုးနေစဉ် ကုလရုံးရှေ့၌ မင်းအောင်လှိုင်ကို ကန့်ကွက်ရှုတ်ချ

0
ထိုင်းနိုင်ငံအစိုးရနှင့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်အသစ်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ သို့သော် အဆိုပါခရီးစဉ်သည် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိုင်းရောက်မြန်မာနိုင်ငံသားများ၏ ကန့်ကွက်ရှုတ်ချမှုများနှင့် ရင်ဆိုင်နေရသည်။ ယနေ့ (ဩဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ဘန်ကောက်မြို့ အစိုးရအိမ်တော်၌...

အာဏာသိမ်းသမ္မတအား ကြိုဆိုရန် ထိုင်းဝန်ကြီးချုပ်ပြင်ဆင်နေ

0
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွက် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်မှ ထိုင်းအစိုးရအဖွဲ့ရုံးတွင် ကြိုဆိုရေးပြင်ဆင်မှုများကို ကိုယ်တိုင်စစ်ဆေးဆောင်ရွက်နေကြောင်း Khaosod သတင်းတွင်ဖော်ပြသည်။ လာမည့် ဩဂုတ်လ ၆ ရက်မှ ၇ ရက်ထိ လာရောက်မည့်ခရီးစဉ်သည် အာဏာသိမ်း...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...

ဘန်ကောက်တွင် ကလေးများကို နှိပ်စက်ပြီး ဈေးရောင်းခိုင်းသည့် မြန်မာနိုင်ငံသား ၃ ဦးဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အတွင်း အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကလေးသူငယ်များအား ညဉ့်နက်သန်းခေါင်အထိ လမ်းပေါ်တွင် ကုန်ပစ္စည်းများ အတင်းအဓမ္မ လိုက်လံရောင်းချခိုင်းပြီး၊ အရောင်းသတ်မှတ်ချက်မပြည့်လျှင် ရိုက်နှက်ညှင်းပန်းခဲ့သည့် မြန်မာနိုင်ငံသား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့မှ လက်ကျိုးနေသည့် ဒဏ်ရာအပြင်းအထန်ဖြင့် အသက်...