ဘန်ကောက်တွင် MOU များ လက်မှတ်ထိုးနေစဉ် ကုလရုံးရှေ့၌ မင်းအောင်လှိုင်ကို ကန့်ကွက်ရှုတ်ချ

ထိုင်းနိုင်ငံအစိုးရနှင့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်အသစ်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

သို့သော် အဆိုပါခရီးစဉ်သည် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိုင်းရောက်မြန်မာနိုင်ငံသားများ၏ ကန့်ကွက်ရှုတ်ချမှုများနှင့် ရင်ဆိုင်နေရသည်။

ယနေ့ (ဩဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ဘန်ကောက်မြို့ အစိုးရအိမ်တော်၌ ထိုင်းဝန်ကြီးချုပ် မစ္စတာအနုတင်နှင့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ပြီး အလုပ်သမားရေးရာ၊ နယ်စပ်မြစ်များ ရေအရည်အသွေး စီမံခန့်ခွဲမှုနှင့် အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ (MOU) ၃ စောင်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အာဏာသိမ်း ဦးမင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် အနုတင်

ထို့အပြင် Queen Sirikit အမျိုးသားကွန်ဗင်းရှင်းစင်တာတွင်လည်း ဝန်ကြီးချုပ် အနုတင်နှင့် အာဏာသိမ်းသမ္မတတို့သည် ထိုင်း- မြန်မာ စီးပွားရေးခေါင်းဆောင်များနှင့် သီးသန့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

သို့သော် အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ Solidarity Collective TH – SEM အပါအဝင် ထိုင်းအရပ်ဘက်အဖွဲ့အစည်း ၁၆ ဖွဲ့က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

ထိုင်းအစိုးရအနေဖြင့် မိမိပြည်သူကို သတ်ဖြတ်နေသည့် စစ်အုပ်စုအား တရားဝင်မှုပေးခြင်းနှင့် အကျိုးအမြတ် လွှဲပြောင်းပေးခြင်းများကို ချက်ချင်းရပ်တန့်ရန် ၎င်းတို့က တောင်းဆိုထားသည်။

ထိုင်းဝန်ကြီးချုပ် မစ္စတာအနုတင်နှင့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ပြီး MOU ၃ စောင်ထိုးခဲ့

“စစ်အုပ်စုကို အကျိုးအမြတ်ပေးခြင်းသည် ဒေသတွင်းငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးခြင်းမဟုတ်ဘဲ အကြမ်းဖက်မှုများကို သက်ဆိုးရှည်စေရုံသာ ရှိလိမ့်မည်” ဟု အရပ်ဘက်အဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ယနေ့ (သြဂုတ် ၆ ရက်) မွန်းလွဲပိုင်းတွင် ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့၌ တောက်ပသောအနာဂတ်အဖွဲ့နှင့် ထိုင်းရောက်မြန်မာလုပ်သားများက စုဝေးကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒပြသူများသည် “မင်းအောင်လှိုင် ကျရှုံးပါစေ”၊ “ရာဇဝတ်ကောင်ကို ငါတို့မကြိုဆို” စသည့် စာသားများကိုင်ဆောင် ကာ ဟစ်ကြွေးခဲ့ကြပြီး၊ ထိုင်းအာဏာပိုင်များကမူ ဆန္ဒပြသူများကို ဟန့်တားခြင်းနှင့် လုံခြုံရေး တင်းကျပ်ခြင်းများ ပြုလုပ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟန်ပြ မြစ်ရေထိန်းသိမ်းမှုအောက်က အဆိပ်သင့် နယ်စပ်ဖြတ်ကျော်မြစ်ရေ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း၌ အာဏာသိမ်းသမ္မတနှင့် ထိုင်းအစိုးရ တာဝန်ရှိသူများသည် ပြုံးရယ်လျက် လက်မှတ်ရေးထိုးနေကြသည်။ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေး၊ အလုပ်သမားရေးရာနှင့် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှု ထိန်းသိမ်းရေး အပါအဝင် သဘောတူညီချက် (၄) ခုကို နှစ်ဉီးသား...

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

အာဏာသိမ်းသမ္မတအား ကြိုဆိုရန် ထိုင်းဝန်ကြီးချုပ်ပြင်ဆင်နေ

0
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွက် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်မှ ထိုင်းအစိုးရအဖွဲ့ရုံးတွင် ကြိုဆိုရေးပြင်ဆင်မှုများကို ကိုယ်တိုင်စစ်ဆေးဆောင်ရွက်နေကြောင်း Khaosod သတင်းတွင်ဖော်ပြသည်။ လာမည့် ဩဂုတ်လ ၆ ရက်မှ ၇ ရက်ထိ လာရောက်မည့်ခရီးစဉ်သည် အာဏာသိမ်း...

နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် အာဏာသိမ်းသမ္မတ တိုက်တွန်း၊ ရက် (၁၀၀) အတွင်း တိုင်းရင်းသားအဖွဲ့ ၁၃ ဖွဲ့နှင့် တွေ့ဆုံခဲ့ဟုဆို

0
နိုင်ငံရေးသဘောထားကွဲလွဲမှုများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် ငြိမ်းချမ်းစွာ အဖြေရှာကြရန် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြုလုပ်သည့် အစိုးရရက်ပေါင်း (၁၀၀) ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။ နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သမ္မတက ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားကြောင်းနှင့် အစိုးရသစ်၏...