ကွတ်ခိုင်မြို့ မြေငလျင် (၇)ကြိမ် လှုပ်ခတ်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် အခြားမြို့နယ်အများစု မြေငလျင် (၇)ကြိမ် လှုပ်ခတ်မှုကြောင့် ပြည်သူများထိတ်လန့်ခဲ့ရကြောင်း စုံစမ်းသိရသည်။ 

ယနေ့( ဒီဇင်ဘာလ ၉) ရက် နံနက် (၃)နာရီခန့်တွင် ကွတ်ခိုင်မြို့၊ သိန္နီမြို့၊ လားရှိုးမြို့ အရှေ့မြောက်ဘက်တွင် ငလျင် (၇)ကြိမ်တိတိ လှုပ်ခတ်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုကဲ့သို့ ငလျင်လှုပ်ခတ်မှုသည် အင်အားမပြင်းထန်သော်လည်း သျှမ်းမြောက်ဒေသခံများအတွက် ထိတ်လန့်စေခဲ့ပြီး နေအိမ်အနည်းစု အုပ်များအက်ကွဲသွားသည်ဟု ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောသည်။

“ငလျင်က ဒါပထမဆုံးလို့ပြောလို့ရတယ်။ အင်အား က အရမ်းပြင်းဘူး။ ၃ဆင့် လောက်ပဲ ရှိမယ်။ ထိခိုက်ပျက်စီးမှုတော့ အုတ်နံရံတွေ နဲနဲ ပျက်စီးသွားတာလောက်ပဲ။ ကြောက်တော့ ကြောက်မိတာပေါ့။ ငလျင်လှုပ်ခတ်တာက တပြိုင်တည်း (၇)ကြိမ်တောင်လှုပ်တာ။” ဟု ကွတ်ခိုင်မြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်

ငလျင်ကြောင့် နံရံအက်ကွဲ

ထိုဒေသအတွင်းတိုက်ခတ်သွားသည့် ငလျင်သည် မဂ္ဂနီကျု ၄ဒသမ၆ မှ မဂ္ဂနီကျု ၃ဒသမ၂ အကြားရှိကြောင်း မြန်မာနိုင်ငံမြေငလျင်များသတင်းစင်တာ ထုတ်ပြန်ချက်အရသိရသည်။ 

မြန်မာနိုင်ငံတွင် ယခုနှစ် ၂၀၂၄ ခုနစ်အတွင်း မြေငလျင် ၃၁ကြိမ်လှုပ်ခဲ့ကြောင်း သိရသည်။ 

မြေငလျင်များလှုပ်နိုင်သဖြင့် ပြည်သူများအနေဖြင့်လည်း သတိထားနေထိုင်ရန်လည်း ၎င်း ကတိုက်တွန်းထားသည်။ 

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဂျပန်နိုင်ငံတွင် ပြင်းအား ၇.၁ ငလျင်လှုပ်ခတ်၊ စျေးဝယ်စင်တာ ပေါက်ကွဲ သေဆုံးမှုရှိ

0
ဂျပန်နိုင်ငံတောင်ပိုင်း၊ ကူမာမိုတိုခရိုင် (Kumamoto Prefecture) တွင် ယမန်နေ့ (ဇူလိုင် ၂၈ ရက်) က ပြင်းအား ၇.၁ ရှိ ပြင်းထန်သော ငလျင် လှုပ်ခတ်ခဲ့ရာ လူသေဆုံးမှုရှိပြီး၊ သောင်းနှင့်ချီသော နေအိမ်များ လျှပ်စစ်မီး ပြတ်တောက်ကာ လမ်းပန်းဆက်သွယ်ရေးနှင့် စက်ရုံများ လည်ပတ်မှုများ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...

သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက...

သိန္နီမြို့တွင် ဆိုင်ကယ်၊ မီးကြိုးခိုးသူနှင့် မူးယစ်ဆေးရောင်းဝယ်သူများကို လူထုရှေ့ ပြစ်ဒဏ်ပေး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဖမ်းဆီးရမိထားသည့် ရာဇဝတ်မှုကျူးလွန်သူ ၅ ဦးကို လူထုရှေ့တွင် လှည့်လည်လမ်းလျှောက်ခိုင်းကာ ပြသခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ၉ ရက် နံနက် ၈ နာရီဝန်းကျင်တွင် MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့၌ ခိုးမှုနှင့် မူးယစ်ဆေးရောင်းဝယ်မှု...