သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ သိန္နီမြို့အနောက်ဘက် ဟိုနားကျေးရွာအနီးရှိ ရေအားလျှပ်စစ်စက်ရုံမှတစ်ဆင့် မီးစတင်ဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် MNDAA က သတ်မှတ်လိုက်သည့် မီတာခနှုန်းထားမှာ စစ်ကော်မရှင်ထိန်းချုပ်ရာ ဒေသများနှင့် နှိုင်းယှဉ်ပါက များစွာကွာဟနေသည့်အတွက် ဒေသခံအချို့က စိုးရိမ်မှုရှိနေကြသည်။

စစ်ကော်မရှင်ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၅၀ ကျပ်မှ ၁၀၀ ကျပ်အတွင်းသာ ရှိသော်လည်း ယခု သိန္နီနှင့် ကွတ်ခိုင်တွင် သတ်မှတ်သည့် ၄၀၀ ကျပ်မှာ ၄ ဆခန့် ပိုမိုများပြားနေခြင်းဖြစ်ကြောင်း သိန္နီမြို့ခံတစ်ဦးက ပြောသည်။

“အခု သိန္နီနဲ့ ကွတ်ခိုင်ဘက်မှာတော့ မီးတွေပြန်ရပြီ။ ဒါပေမယ့် တစ်ယူနစ်ကို ၄၀၀ ကျပ်ကနေ ၆၀၀ ကျပ်အထိ ပေးရမယ်လို့ ပြောထားတယ်။ အရင်အစိုးရ လက်ထက်တုန်းက တစ်ယူနစ်ကို ၂၀ ကျပ်နေ ၁၀၀ ကျပ်အထိပဲ ပေးရတာ” ဟု သိန္နီမြို့ခံတစ်ဦးက ပြောသည်။

MNDAA ၏ ဇွန်လနောက်ဆုံးပတ် ထုတ်ပြန်ချက်အရ သိန္နီနှင့် ကွတ်ခိုင်မြို့တို့တွင် အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံးအတွက်မူ တစ်ယူနစ်လျှင် ၆၀၀ ကျပ်မှ ၇၀၀ ကျပ်အထိ ကောက်ခံသွားမည်ဟု သိရသည်။

“မီးပြန်ရတော့ ကောင်းပါတယ်။ ဒါပေမဲ့ မီတာခက အရမ်းဈေးကြီးတယ်။ ပြီးတော့ မီးမရခင်ကတည်းက ကျနော်တို့က ပိုက်ဆံအကုန်ကျခံပြီး ဆိုလာတွေ တပ်ထားတာ” ဟု သိန္နီမြို့ခံတစ်ဦးက ဆက်ပြောသည်။

ဟိုနားကျေးရွာအနီးရှိ ရေအားလျှပ်စစ်စက်ရုံသည် ၁၂,၆၀၀ ကီလိုဝပ် (၁၂.၆ မဂ္ဂါဝပ်) ထွက်ရှိပြီး သိန္နီ၊ ကွတ်ခိုင်နှင့် တာမိုးညဲမြို့များအပြင် လားရှိုးမြို့အစပ်ရှိ ကျေးရွာများအထိ ဖြန့်ဖြူးရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်စီမံကိန်းကို အထူးဒေသ (၁) ရေပေးဝေရေးနှင့် လျှပ်စစ်စွမ်းအားကုမ္ပဏီလီမိတက် (Myanmar Federal First Special Region Water and Power Co., Ltd.) က လုပ်ဆောင်နေခြင်းဖြစ်ပြီး ဒေသတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နိုင်ရန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လည်ပတ်နိုင်ရန်အတွက် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း The Kokang သတင်းဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

လတ်တလောတွင် သိန္နီမြို့ပေါ်ရပ်ကွက်များ၌ မီးအပြည့်အဝရရှိနေပြီဖြစ်သော်လည်း ကွတ်ခိုင်မြို့တွင်မူ ရပ်ကွက် (၅) နှင့် တာမိုးညဲဘက်ကို ဦးစားပေးလုပ်ဆောင်နေပြီး ကျန်ရှိသည့်နေရာများကို တဖြည်းဖြည်းချင်း တိုးချဲ့ပေးသွားမည်ဟု သိရသည်။

“ကျနော်တို့ မြို့ပေါ်မှာတော့ မီးတွေပြန်ရပြီ။ တာမိုးညဲဘက်ကိုလည်း ဆက်ပြီး ပေးဖို့လုပ်နေတယ်။ အရင်တုန်းက မီးရခဲ့တဲ့ကျေးရွာတွေနဲ့ မီးကြိုးမီးတိုင်ရှိတဲ့နေရာကိုလည်း ပြန်ပြင်ပြီး ပေးဖို့လုပ်နေတယ်” ဟု ကွတ်ခိုင်မြို့ခံတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

MNDAA အနေဖြင့် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေများတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားကို အကောင်အထည်ဖော်လျက်ရှိရာ သိန္နီမြို့နယ် နမ့်စလတ်ရွာအနီးတွင်လည်း နောက်ထပ် ရေအားလျှပ်စစ်စီမံကိန်းတစ်ခုကို ထပ်မံတည်ဆောက်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက...

သိန္နီမြို့တွင် ဆိုင်ကယ်၊ မီးကြိုးခိုးသူနှင့် မူးယစ်ဆေးရောင်းဝယ်သူများကို လူထုရှေ့ ပြစ်ဒဏ်ပေး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဖမ်းဆီးရမိထားသည့် ရာဇဝတ်မှုကျူးလွန်သူ ၅ ဦးကို လူထုရှေ့တွင် လှည့်လည်လမ်းလျှောက်ခိုင်းကာ ပြသခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ၉ ရက် နံနက် ၈ နာရီဝန်းကျင်တွင် MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့၌ ခိုးမှုနှင့် မူးယစ်ဆေးရောင်းဝယ်မှု...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

သိန္နီ-နမ္မတူကြား MNDAA တပ်အပြောင်းအရွှေ့လုပ်

0
သျှမ်းပြည် သိန္နီမြို့နှင့် နမ္မတူမြို့ကြား ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချ တပ်စွဲထားသည့် နေရာများတွင် တပ်အပြောင်းအရွှေ့ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ တတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့ကြားရှိ မိုင်းရင်ကျေးရွာအုပ်စုဘက်တွင် MNDAA...

သျှမ်းမြောက်မှလာသော ငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးတွင် ဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်းမှ တင်သွင်းလာသော ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ယမန်နေ့ (ဧပြီလ ၈ ရက်) တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ရာ စိတ်ကြွဆေးပြား...