သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက အသုံးပြုလာနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သိန္နီမြို့ပေါ်တွင် ကုန်ပစ္စည်းတစ်ခုခုကို ဝယ်ယူရာ၌ ယွမ်ငွေဖြင့်သာ ဈေးနှုန်းသတ်မှတ်ထားပြီး မြန်မာကျပ်ငွေဖြင့် ပေးချေလိုလျှင် လက်ရှိကာလပေါက်ဈေးထက် ပိုမိုပေးဆောင်နေရကြောင်း သိန္နီမြို့ခံ အသက် (၃၀) ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျမတို့ဆီမှာက မြန်မာကျပ်ငွေပဲ ရှိတာ၊ သူတို့က ယွမ်ငွေနဲ့ပဲ တွက်တာလေ။ ယွမ်ငွေမရှိလို့ ကျပ်ငွေနဲ့ ပေးရင် ပေါက်ဈေးထက် ပိုပေးရတယ်။ ဥပမာ – တရုတ်ယွမ်ငွေ ၁၀၀ မှာ မြန်မာကျပ်ငွေ ၆၁,၀၀၀ ပေါက်ဈေးရှိရင် ကျမတို့က ၆၃,၀၀၀ ပိုပေးရတာပေါ့။ ကျပ်ငွေဈေးကျရင် ကျမတို့ပဲ ပိုခံရတာ” ဟု ၎င်းက ပြောသည်။

MNDAA ၏ ဖိတ်ခေါ်မှုကြောင့် တရုတ်လုပ်ငန်းရှင် အများအပြားလည်း သိန္နီမြို့ပေါ်တွင် အခြေချလာကြပြီး အချက်အခြာကျသည့် မြို့နေရာများတွင် အဆိုပါ တရုတ်လုပ်ငန်းရှင်များက ကုန်စုံဆိုင်၊ ကုန်မာဆိုင်၊ ဆေးဝါးနှင့် စားသောက်ဆိုင်များကို ဖွင့်လှစ်ထားကြကြောင်း သိရသည်။

ယခင်က ၁၅၀ ကျပ်သာရှိသော ကြက်ဥတစ်လုံးမှာ ယခုအခါ ၄၀၀ ကျပ်ကျော် ဖြစ်လာပြီး ၅၀၀ ကျပ်တန် မုန်လာထုတ် တစ်ပွင့်မှာ ၃,၀၀၀ ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။

“တရုတ်တွေကတော့ ဝင်ငွေရှိတော့ ဈေးတက်လည်း ဝယ်စားနိုင်တယ်။ သူတို့အချင်းချင်း ဈေးတင်ရောင်းကြတာကို ကျမတို့က ကြားကနေ မဝယ်နိုင်ဘဲ ဒုက္ခရောက်နေတာ” ဟု အထက်ပါ အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

ဝင်ငွေရှိသော တရုတ်လုပ်ငန်းရှင်များက ဈေးကွက်ကို ထိန်းချုပ်ထားသဖြင့် ဒေသခံတိုင်းရင်းသားများမှာ မိမိတို့ နယ်မြေအတွင်း၌ ကုန်ဈေးနှုန်းဒဏ်ကြောင့် စားဝတ်နေရေး ကျပ်တည်းလာရကြောင်း သိရသည်။

လက်ရှိတွင် သိန္နီအပါအဝင် ဟိုပန်၊ ကွမ်လုံနှင့် ချင်းရွှေဟော်မြို့များသည် တရုတ်နယ်စပ်ဂိတ်များနှင့် နီးကပ်နေသောကြောင့် တရုတ်ကုန်စည်နှင့် ဈေးကွက်အပေါ် အလုံးစုံမှီခိုနေရကြောင်း သျှမ်းမြောက်ကုန်သည် အချို့က ဆိုသည်။

လက်ရှိ သိန္နီမြို့ကို MNDAA က ထိန်းချုပ်ထားသော်လည်း လားရှိုမြို့ကိုမှု စစ်ကော်မရှင်က ထိန်းချုပ်ထားခြင်း ဖြစ်သည်။

ထိုအခြေအနေကြောင့် မြို့နှစ်မြို့ကြား သွားလာရာတွင် မော်တော်ယာဉ် နံပါတ်ပြားများကို လဲလှယ်တပ်ဆင်နေရပြီး နံပါတ်ပြား မှားယွင်းပါက လားရှိုးမြို့ရှိ စစ်ကော်မရှင် ရဲတပ်ဖွဲ့၏ ဖမ်းဆီးငွေညှစ်မှုများ ကိုခံနေရကြောင်း ဒေသခံများက ပြောသည်။

“လားရှိုးကို သွားမယ်ဆိုရင် ကားနံပါတ်ပြားကို တစ်ခါလဲရတယ်။ မလဲလို့မရဘူး။ တစ်ခါတစ်လေ မေ့သွားလို့ လားရှိုးထဲကို တရုတ်နံပါတ်ပြားနဲ့ ဝင်မိရင် ၄ သိန်းကနေ ၆ သိန်းအထိ ဒဏ်ငွေဆောင်ရတယ်” ဟု သိန္နီမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသွားကြရသည့် မြို့ခံတို့၏ နေအိမ်၊ ဆိုင်ခန်းများ အပါအဝင် လယ်ယာမြေများကို တရုတ်လုပ်ငန်းရှင်များက ဈေးအဆမတန်ပေး၍ ငှားရမ်းနေကြောင်း၊ တရုတ်နိုင်ငံ လိုင်စင်နံပါတ်တပ် ကားများဖြင့် မြို့တွင်း၌ နေ့စဉ် သွားလာနေကြသည်ကို တွေ့ရကြောင်း မြို့ခံများက ပြောသည်။

MNDAA တာဝန်ရှိသူများသည် အာဏာအလွဲသုံးစား ပြုလုပ်ပြီး တစ်သျှူးငှက်ပျောနှင့် ကြံ၊ ဖရဲ စသည့် သီးနှံများ စိုက်ပျိုးရန် ဒေသခံ လယ်ယာမြေများကို တရုတ်လုပ်ငန်းရှင်များထံ လက်တစ်လုံးခြား ငှားရမ်းခြင်းများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

၂၀၂၅ နိုဝင်ဘာလကုန်ပိုင်းမှ စတင်၍ သိန္နီမြို့တွင် MNDAA က အထူးဒေသ (၁) ဒေသခံ စိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများကို အရှိန်အဟုန်ဖြင့် ပြုလုပ်ပေးနေသည်။

သိန္နီမြို့ပေါ် ရပ်ကွက်များတွင် တစ်ရက်လျှင် လူဦးရေ ၂၀၀ နှုန်းဖြင့် ကိုးကန့်မှတ်ပုံတင် ခေါ် ဒေသခံစိစစ်ရေးကတ်များ ထုတ်ပေးနေပြီး တစ်ဦးလျှင် ကျပ်ငွေ ၂၀,၀၀၀ မှ ၂၅,၀၀၀ အထိ ကောက်ခံနေကြောင်း သိရသည်။

MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်ပြားများမှာ တရုတ်-မြန်မာနယ်စပ်ရှိ မုံးကိုးနှင့် ချင်းရွှေဟော် ဂိတ်များမှတစ်ဆင့် တရုတ်အစိုးရ ခွင့်ပြုချက်ဖြင့် တရုတ်နိုင်ငံ မံစီမြို့အထိ ဝင်ထွက်သွားလာနိုင်ကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...