သိန္နီမြို့တွင် ဆိုင်ကယ်၊ မီးကြိုးခိုးသူနှင့် မူးယစ်ဆေးရောင်းဝယ်သူများကို လူထုရှေ့ ပြစ်ဒဏ်ပေး

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဖမ်းဆီးရမိထားသည့် ရာဇဝတ်မှုကျူးလွန်သူ ၅ ဦးကို လူထုရှေ့တွင် လှည့်လည်လမ်းလျှောက်ခိုင်းကာ ပြသခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မေလ ၉ ရက် နံနက် ၈ နာရီဝန်းကျင်တွင် MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့၌ ခိုးမှုနှင့် မူးယစ်ဆေးရောင်းဝယ်မှု ကျူးလွန်သည်ဟု ဖမ်းဆီးထားသူ ၅ ဦးအား သံခြေကျင်းခတ်၍ လူထုရှေ့ လမ်းလျှောက်စေကာ မြို့အတွင်း လှည့်လည်ပြသခဲ့ကြောင်း သိန္နီမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အမျိုးသား ၃ ယောက်က ဆိုင်ကယ်ခိုးမှုနဲ့ ဖမ်းခံရတာ။ အမျိုးသမီးတစ်ယောက်က မူးယစ်ဆေးရောင်းဝယ်မှုနဲ့၊ ကျန်အမျိုးသားတစ်ယောက်ကတော့ မီးကြိုးခိုးလို့ ဖမ်းခံရတာ။ အဲဒီထဲမှာ ၂ ယောက်က သိန္နီဒေသခံတွေဖြစ်ပြီး၊ ၃ ယောက်ကတော့ တခြားမြို့ကလာတဲ့သူတွေပါ” ဟု ၎င်းက ပြောသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူများကို မြို့အတွင်း လူထုရှေ့ လှည့်လည်ပြသစဉ် ၎င်းတို့၏ ရင်ဘတ်တွင် “ခိုးမှု” နှင့် “မူးယစ်ဆေးရောင်းဝယ်မှု” ဟု ရေးသားထားသည့် စာတန်းများ ချိတ်ဆွဲထားပြီး၊ မိမိတို့သည် သူခိုးဖြစ်ကြောင်း အော်ဟစ်ပြောဆိုခိုင်းခဲ့ကြောင်းလည်း သိရသည်။

“၁၀၂၇” စစ်ဆင်ရေးနောက်ပိုင်း သိန္နီမြို့နယ်ကို MNDAA က ထိန်းချုပ်လာပြီးနောက် အခြားမြို့နယ်များမှ ပြောင်းရွှေ့လာသူများနှင့် တရုတ်နိုင်ငံသားများ ဝင်ရောက်လာမှု များပြားလာကြောင်း၊ ထို့ပြင် လယ်ယာမြေများကို တရုတ်လုပ်ငန်းရှင်များက ဈေးမြင့်ပေး၍ ဝယ်ယူမှုများလည်း ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

သျှမ်းပြည်မြောက်ပိုင်း၏ အဓိကကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသည့် သိန္နီမြို့နယ်ကို MNDAA က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ကိုးကန့်အထူးဒေသ (၁) အဖြစ် သတ်မှတ်ကာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ အုပ်ချုပ်ရေးယန္တရားကို စတင်လည်ပတ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တော်လှန်ရေးလမ်းစဉ်မှသည် တရုတ်အလိုတော်ရိဆီသို့ – MNDAA ၏ အာဏာစက်အောက်မှ သျှမ်းပြည်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုစီးပွားအကျပ်အတည်း

0
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖြစ် တရားဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) အောက်တွင် လှုပ်ရှားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မူလက မြန်မာ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်သန်သည့် တော်လှန်ရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းလျက် ၎င်းတို့၏ အစောပိုင်း ဟောပြောစည်းရုံးမှုများတွင် အမျိုးသားလွတ်မြောက်ရေးကို အလေးပေးဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းတို့၏...

ချင်းရွှေဟော်နယ်စပ်တွင် ဂိတ်သစ် တိုးချဲ့နေ

0
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို ပြန်လည်ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်သစ်တစ်ခုကိုလည်း မကြာမီဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဂိတ်ဟောင်းကို ကုန်တင်ကားကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွင်းပြင်ပုံစံ တိုးချဲ့နေပြီး ခြံစည်းရိုးအသစ်များကိုလည်း ပြန်လည်တည်ဆောက်နေကြောင်း “ဝ”ဒေသတွင်း မီဒီယာတစ်ခုဖြစ်သော Wa News Land...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

လောက်ကိုင်တွင် လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို MNDAA သေဒဏ်စီရင်

0
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို ကိုးကန့်တပ် (MNDAA) က ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါတရားစီရင်ရေး...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...