အင်းလေး ရေခမ်းခြောက်လာ သွားလာ ခက်ခဲ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေခမ်းခြောက်မှု ပိုမိုဆိုးရွာလာသောကြောင့် ဒေသခံများ သွားလာမှု ခက်ခဲဖြစ်နေကြကြောင်း စုံစမ်းသိရှိရသည်။

ယခင်က လှေဖြင့်သွားလာရသော အင်းလေးဒေသ ရွာမ ရွာနှင့် မင်းချောင်းရွာ တွင် ယခုလမှ စတင်၍ အပူချိန်မြင့်တက် လာသည်နှင့် အမျှ ရေများခမ်းခြောက်လာပြီး ကုန်းနေရွာသဖွယ် လမ်းများတွင် နှုန်းမြေများဖြင့် ပိတ်ဆို့နေမှုကြောင့် သွားလာရခက်ခဲ နေကြသည်ဟု ဒေသခံများထံမှ သိရသည်။

“ရွာမဘက်ဆို လုံးဝကို ခမ်းသွားတာ။ကုန်းနေရွာလိုမျိုး ဖြစ်သွားတာ။ ကျနော်တို့ မင်းချောင်းဘက်တော့ ရေစခမ်းနေပြီ။ ကုန်းမြေအထိတော့ မရောက်သေးဘူး။ ရွာမဖက်ဆို လှေနဲ့လည်း သွားမရ ၊ခြေကျင်လည်း သွားမရနဲ့ တော်တော် ဒုက္ခရောက်နေတာ။ သွားရလာရအဆင်မပြေနေဘူး။” ဟု ဒေသခံ မျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အင်းလေး ပုံဟောင်း

ထိုကဲ့သို့ ရေခမ်းခြောက်လာမှုကြောင့် သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရပြီး စိုက်ပျိုးရေး လုပ်ရန်အတွက် ခက်ခဲမှု ကြုံခဲ့ရကြောင်း အသက်(၃၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျမတို့က ချောင်းရေတွေကို အဓိကထားပြီး သောက်သုံးရေအတွက်ရော စိုက်ပျိုးရေး အတွက်ပါ အဓိကထားသုံးရတာလေ။အခုတော့ ရေတွေ ခမ်းကုန်တော့ စိုက်ပျိုးရေးလဲ လုပ်လို့ မရတော့ဘူး။ သောက်ရေတွေဆို ပုံးဝါနဲ့ တစ်ပုံးကို ကျပ်(၁၈၀၀)ပေးပြီး ဝယ်သောက်နေရတယ်။” ဟု အဆိုပါ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ယခင်က အင်းလေးဒေသတွင် ရေခမ်းခြောက်ရာတွင် ယခုကဲ့သို့ အခြေနေမဆိုးခဲ့ကြောင်းနှင့် ယခုနှစ်တွင် ရေများခမ်းခြောက်လာသည်မှာ ကျေးရွာပိုများလာနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

အင်းလေးရွာမ ကျေးရွာဘက်တွင် နှုန်းမြေများကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ နေမှုကိုဖြေရှင်းရန် သဲနုန်းများ ကို စုပ်ထုတ်ပစ်ရန် ကုန်ကျစရိတ်များသောကြောင့် အလှူရှင်နှင့် အကူညီများလိုအပ်လျှက်ရှိကြောင်း သိရသည်။

ယခုနှစ် အင်းလေးဒေသတွင် အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို စည်ကားသိပ်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီအစိုးရ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာ (သျှမ်းပြည်နယ်)မှ ပြီးခဲ့သည့် မတ်လ (၁၇)ရက်နေ့တွင် ထုတ်ပြန်လာသည်။

အဆိုပါ အင်းလေး ရေပေါ်သင်္ကြန် ပွဲတော်ကာလအတွင်း နှစ်ဦးရေပေါ်ဆွမ်းလောင်းပွဲ၊ နှစ်ဦးရေပေါ်မှု သဘင်ကျင်းပခြင်း၊ တိုင်းရင်းသားရိုးရာ အကအလှပြိုင်ပွဲ အစီအစဉ်များ၊ လှေသမ္မန်များ၊ ဖောင်များဖြင့် အတာရေကစားခြင်း နှင့် ယိမ်းအကအလှများဖြင့် ဖျော်ဖြေခြင်း စသည့် အစီအစဉ်များ ထည့်သွင်းကျင်းပသွားမည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လမှ စတင်ပြီး အောက်တိုဘာလ အထိ အင်းလေး အပါဝင် မြန်မာနိုင်ငံတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံးနီးပါးမျှ ရေဘေးကို တွေ့ကြုံခံစားခဲ့ကြရသေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...