သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။
တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ – ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင် ရေကြီးရေလျှံမှုကြုံတွေ့နေကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မြေနိမ့်ပိုင်း က ရပ်ကွက်တွေရေကြီးပြီး မနေ့ (ဇွန်လ ၃၀ ရက်) ညနေ လောက်မှာ ရေခဏ ပြန်ကျတယ်။ ပြီးတော့ ဒီနေ့ (ဇူလိုင် ၁ ရက်)မနက် ၃ နာရီလောက်မှာ ရေတွေပြန်တက်တာပါ။ ဈေးထဲလည်း ရေတွေဝင်တယ်။တောင်ကျရေကြောင့် ရေတက်တာလည်းပါတယ်။ခုတောာ့ ရေတွေ ဖြည်းဖြည်းချင်းပြန်ကျနေပါတယ်။”ဟု တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ ၁,၂၀၀ ကျော်တွင်ရှိသော တာချီလိတ်မြို့တွင် မိုးရွာသွန်းမှုကြောင့် နှစ်စဉ်နှစ်တိုင်း ရေလွှမ်းမိုး ခံရလေ့ရှိသော်လည်း ယခုနောင်ပိုင်းတွင် မြစ်အထက်ပိုင်း ရွှေ၊သတ္တုတူးဖော်မှုအလွန်အကျွံတူးဖော်မှုများကြောင့် ပိုဆိုးရွားလာကြောင်းမြို့ခံများက ပြောသည်။













Leave a Comments