ညောင်ရွှေမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ညောင်လေးပင် ကျေးရွာနှင့် ရေပူကျေးရွာဖက်တွင် ပအိုဝ်းပြည်သူ့စစ်(PNO) နှင့် တော်လှန်ရေး အင်အားစုတို့ တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီဘက်မှအပစ်ခတ်ရပ်စဲရေး ကို မေ ၃၁ရက် အထိ ထပ်မံတိုးထားသော်လည်း အင်းလေးဒေသဘက်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် လက်နက်ကြီးဗုံးကြဲမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

“စံကားအရှေ့ဘက်မှာတိုက်ပွဲ ဖြစ်ပွားနေတယ်။ ရေပူတို့ ညောင်လေးပင်တို့ဖက်မှာတော့ PDFတွေနဲ့ PNOတွေနဲ့ တိုက်ပွဲ ပြင်းထန်နေတယ်” ဟု PNOအရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများသည် ဘုရားတောင်ကျေးရွာ၊ ရေပူကျေးရွာဘက်သို့ လက်နက်ကြီး ဒရုန်းဖြင့် နေ့စဉ်တိုက်ခိုက်မှုပြုလုပ်နေကြောင်း၊ ထိုဒေသမှ ပြည်သူများ နီးစပ်ရာကျေးရွာသို့ ရွာလုံးကျွတ်စစ်ရှောင်နေရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“တိုက်ပွဲကတော့ နေ့တိုင်းပြန်ဖြစ်နေတယ်။ စစ်ကောင်စီဘက်ကလည်း မြေပြင်ရော လေယာဉ်ရော ထိုးစစ်ဆင်တိုက် နေတယ်။ စစ်ရှောင်တွေကတော့ နီးစပ်ရာ ရွာတွေ နားပြေးရှောင်နေ ကြရတာပဲ။ PNOကိုလည်း ကြောက်ရ၊ စစ်သားတွေကိုလည်း ကြောက်ရနဲ့ ပြည်သူတွေ ပဲခံနေရတာ။ စစ်ဆို ဘယ်စစ်မှ မကောင်းဘူး။” ဟု စံကားဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဆက်လက်ပြီး စစ်ကောင်စီလက်အောက်ခံ PNA/PNOပြည်သူ့စစ်များက စံကားဒေသဖက်တွင် ပြည်သူပိုင်လှေငယ်များ၌ တပ်ဆင်ထားသည့် ဟွန်ဒါစက်များကို ဖြုတ်ခိုင်းထားဖြင့် ငါးရှာရောင်းသောသူများအခက်တွေ့နေရသည်ဟု အဆိုပါ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ (၅)ရက်နေ့တွင်လည်း ရေပူ (ထီခိုး)ကျေးရွာကို စစ်ကောင်စီတပ်မှ ဂျက်မိုက်တာ (၂)စီးဖြင့် ပေါင်(၅၀၀)ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ (၆)ရက်တွင်လည်း စစ်ကောင်စီနှင့် PNOပြည်သူ့စစ်များက ညောင်ရွှေမြို့နယ် စန့်စွဲကျေးရွာကို အင်အား(၂၀၀)ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ်အလုံး(၂၀) ထက်မနည်း ပျက်စီးသွားခဲ့ရကြောင်း ဖယ်ခုံပြည်သူ့ ကာကွယ်ရေးတပ်မတော် (၁၀၀၆) တပ်ရင်းက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...