အင်းလေးဒေသ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျော နှင့် အရေးပြားရောဂါများ ဖြစ်ပွားနေ

သျှမ်းပြည် အင်းလေးဒေသတွင် ငလျင်ဒဏ်ကြုံပြီးနောက် သောက်သုံးရေးမသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျော နှင့် အရေပြားရောဂါများဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ဧပြီလ ဒုတိယပတ်မှ စတင်၍ ရာသီဥတုအကူပြောင်းများကြောင့် ငလျင်ဘေးသင့် အင်းလေး ဒေသခံများ ဖျားနာခြင်းများကို ခံစားနေရသည့်အပြင်၊ သောက်သုံးရေမသန့်ရှင်းမှုကြောင့်လည်း အရေပြားရောဂါ နှင့် ဝမ်းပျက်ဝမ်းလျောများ စတင်ဖြစ်ပွားနေကြောင်း ကိုယ်တိုင်းကြုံတွေ့နေသည့် အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အခုက ရေကလည်းမသန့်ဘူး သုံးဖို့ကလည်း မရှိဘူး။ အဲ့ဒီရေနဲ့ပဲသုံးနေရတာ ရေချိုးပြီးရင် ယားနာတွေဖြစ်ကြတယ်။ အရေပြားရောဂါတွေလည်းကြုံ့တွေ့နေရတာ၊ရာသီဥတုတွေကြောင့်လည်း ဖျားနာဖြစ်နေကြတာ တစ်ယောက်ပြီးတစ်ယောက်ဖျားနေတာပေါ့။ရေတွေမသန့်ရှင်းတာကြောင့်လည်း ဝမ်းပျက်ဝမ်းလျောအတွက်က စိုးရိမ်စရာတွေဖြစ်လာတာပေါ့။”ဟု ကိုယ်တိုင်ကြုံတွေ့နေသည့် အသက် ၃၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။

ငလျင်ဘေးဒဏ်ကြုံပြီးနောက် အိမ်သာများပါ ပြိုကျပျက်စီးသွားသည့်အတွက် အရေးပေါ် လိုအပ်နေမှုဖြစ်နေပြီး၊ ဒေသခံများအတွက် သောက်ရေသန့်များသည် အနည်းငယ်သာကျန်ရှိပြီး ရေသန့်များလည်း ဆက်လက်လိုအပ်နေကြောင်း အင်းလေးငလျင်ဒဏ်ကြုံရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

အင်းလေး ဒေသ သောက်သုံးရေးခပ်နေစဉ်

“သောက်သုံးရေသန့်တွေကို အဓိကလိုအပ်တယ်ပေါ့။ ရေက အလှူရှင်ပေးတာာပဲကျန်တာ နေ့တိုင်း သုံးနေရတာဆို‌တော့ နောက်လကုန်ထိမလောက်တော့ဘူး။ ရေဘေးတုန်းကလည်း သောက်သုံး ရေတွေ အခက်အခဲဖြစ်တယ်။ အခုတော့လည်း ငလျင်ကြောင့် ရေပြဿနာတွေထပ်ကြုံ နေရတယ်။ အိမ်သာတွေကလည်း အခက်အခဲဖြစ်တယ် လိုလည်းအရမ်းလိုအပ်နေတယ် သူများအိမ်နဲ့ ပေါင်းသုံးနေရတာပါ။”ဟု ၎င်းကပြောသည်။

လက်ရှိ အင်းလေးဒေသအတွင်း ငလျင်လေးဒဏ်ကြောင့် ရွာပေါင်း ၃၀ ဝန်းကျင်ခန့် ၊ နေအိမ် ၃၅၀၀ ထပ်မနည်းပျက်စီးခဲ့ရပြီး ရွာတိုင်းနီးပါး ‌သောက်‌ရေ သုံးရေ အခက်အခဲများကြုံတွေ့နေရပြီး၊ ‌ကေလာ ၊ နမ့်ပန် ၊ ဇရပ်ကြီး ၊ ရှေ့ဝကြီး နှင့် စသည့်ကျေးရွာများတွင် ဝမ်းပျက်ဝမ်းလျောရောဂါများ စတင်ကြုံ့တွေ့ နေရကြောင်း အင်းလေးဒေသခံများကပြောသည်။

မသန့်ရှင်းသောရေကို သောက်သုံးခြင်းကြောင့် ဝမ်းပျက်၊ ဝမ်းလျောရောဂါ၊ အသည်းရောင်အသားဝါ၊ အူရောင်ငန်းဖျား၊ ပိုလီယို၊ အရေးပြားရောဂါများ ဖြစ်တတ်ပြီး အသက်ဆုံးရှုံးသည် အထိ ပြင်းထန်နိုင်သည်။

ကျန်းမာရေးအတွက် အဖွဲ့အစည်းများမှ အင်းလေးဒေသအတွင်းသို့ လာ‌ရောက် လှူဒါန်းမှု ကူညီမှုများ ရှိသော်လည်း ဆေးဝါးအချို့ ဆက်လက်လိုအပ်နေကြောင်း‌သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...