Wednesday, January 28, 2026

အင်းလေး ကျေးရွာအချို့  အိမ်သာအခက်အခဲကြောင့် ဝမ်းရောဂါ စတင်ကြုံနေရ 

သျှမ်းပြည် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာအချို့တွင် အိမ်သာအခက်အခဲကြောင့် ဝမ်းရောဂါခံစားနေရသူများ များပြားလာနေပြီး ဆရာဝန်နှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သတင်းရရှိသည်။ 

ယခု မေလ ပထမပတ်အတွင်း အင်းလေးဒေသအတွင်းရှိ လယ်သစ် (၃) ရွာတွင် လူဦးရေ (၆၀) ကျော်အထိ ဝမ်းရောဂါခံစားလာနေရကြောင်း အချို့အိမ်များတွင် မိသားစုလိုက်ဖြစ်ပွားနေသည့်အတွက် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း အင်းလေးဒေသအတွင်း သွားရောက်ကူညီပေးနေသည့် ညောင်ရွှေမြို့မှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။


“အဓိကပြဿနာက ဟိုတလောက မိုးရွာပြီးတော့ ရာသီဥတုပြန်ပူလာတော့ အစားအသောက်တွေ ကြာကြာအထားမခံတဲ့ပြဿနာနဲ့ ယင်လုံအိမ်သာကြောင့် ဖြစ်တာ၊ သောက်ရေအတွက်ကတော့ ရေစစ်ကန်တွေ ဝယ်ဖို့နေရာတွေရှိနေပါတယ်” ဟု ၎င်းအမျိုးသား ပြောသည်။ 

အင်းလေး ငလျင်ဘေးသင့်ပြည်သူများ


လက်ရှိတွင် ဝမ်းရောဂါဖြစ်ပွားသူဦးရေ ၆၀ ဝန်းကျင်ရှိလာသည့်အတွက် ရွာလုံးကျွတ်ဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် ဆေးဝါးကုသမှုများ အလျင်အမြန်လိုအပ်နေကြောင်း သိရသည်။ 

“ခုဖြစ်နေတာက အယောက် ၅၀ ကျော် ၆၀ နားဖြစ်လာတော့ ဒေသခံတွေက တရွာလုံးဖြစ်သွားမှာကြောက်လို့ ဆေးမြန်မြန်လာကုပေးဖို့ အကူအညီတောင်းဆက်သွယ်လာတာ၊” ဟု ၎င်းမှ ဆက်ပြောသည်။

လက်ရှိ လယ်သစ် (၃) ရွာတွင် ဝမ်းရောဂါအတွက် ကုသပေးနေသည့် ဆရာဝန်တစ်ယောက်သာရှိပြီး ဖြစ်ပွားသည့် လူဦးရေများပြားသည့်အတွက် ဓာတ်ဆားနှင့် ဆေးဝါးလိုအပ်ချက်များလည်း ရှိနေကြောင်းသိရသည်။ 

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ကြောင့် အင်းလေးဒေသအတွင်း လူသေဆုံးမှုများနှင့် နေအိမ်များစွာပျက်စီးဆုံးရှုံးခဲ့သည်။ လက်ရှိအချိန်အထိ ဒေသခံများနှင့်ကူညီကယ်ဆယ်ရေးအဖွဲ့များမှ  ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်နေသောလည်း ထိခိုက်ခဲ့သည့် ဧရိယာ ကြီးမားကျယ်ပြန့်ခြင်း တို့ကြောင့် အကူအညီများလည်း ဆက်လက်လိုအပ်နေဆဲဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

ကျပ် ၅ သိန်းမပေးနိုင်သူ အင်းလေးဒေသခံများကို PNO စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့နေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို တစ်လလျှင် ငွေကျပ် ငါးသိန်း တောင်းခံနေပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

ရေဘေးဒဏ်၊ငလျင်ဒဏ်ကြား ဖောင်တော်ဉီးဘုရားပွဲကျင်းပ

0
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသသည် ရေးဘေးသင့်ဒဏ်နှင့် ငလျင်ဒဏ်ကြား စစ်ကော်မရှင်က လုံခြုံရေး အပြည့်ဖြင့် ဖောင်တော်ဉီး ဘုရားပွဲကို ကျင်းပနေကြောင်း သတင်းရရှိသည်။ ဖောင်တော်ဉီး ဘုရားပွဲကို ယနေ့ (စက်တင်ဘာ ၂၂)ရက်မှ စပြီး နိုဝင်ဘာ ၉ရက်တွင် စစ်ကော်မရှင် က ဦးဆောင် ကျင်းပနေသည်။ “ လုံခြုံရေးတော့...

အင်းလေးတွင် PNO တပ်ဖွဲ့ဝင်က ရွာသားတစ်ဦးကို သေဆုံးသည်အထိ ရိုက်နှက်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ မကျီးဆိပ်ကျေးရွာနေ ရွာသားတစ်ဦးကို စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက အသက် သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက် ည ၁၁ နာရီအချိန်တွင် ညောင်ရွှေမြို့နယ် မကျီးဆိပ်ကျေးရွာမှ အသက် (၄၂)...

အင်းလေး နေရပ်ပြန်စစ်ရှောင်များကို  PNOက တစ်အိမ် ငွေကျပ်ဆယ်သိန်းပေးရ၊ မပေးနိုင်လျှင် စစ်မှုထမ်းရ

0
သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် PNO/ PNA  က  နေရပ်ပြန်လာသည့် စစ်ရှောင်များကို တစ်အိမ်လျှင် ငွေကျပ်ဆယ်သိန်း ကောက်နေပြီး၊ မပေးနိုင်လျှင် စစ်မှုထမ်းခိုင်းနေကြောင်း သတင်းရရှိသည်။