ဘေးဒဏ်ပေါင်းစုံ သင့်နေသည့် အင်းလေးဒေသ ပြန်လည်ထူထောင်ရေးအတွက် များစွာအကူညီလိုအပ်နေ

ရာဂီမုန်တိုင်းကြောင့် ပြီးခဲ့သည့် ယမန်နှစ်က ရေးဘေးဒဏ်သင့်ခဲ့သော သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသသည် ယခုတစ်ခါတွင် အင်အားပြင်း မြေငလျင် လှုပ်ခတ်မှုကြောင့် ထောင်ချီ နေအိမ်၊ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ပြီး သေဆုံးသူ တစ်ရာကျော်ထိရှိကြောင်း စုံစမ်းသိရသည်။

မတ်လ ၂၈ ရက်နေ့က မန္တလေးမြို့အနီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ အလွန်ပြင်းထန်သည့် မြေငလျင်နှင့် နောက်ဆက်တွဲ မြေငလျင်ငယ်များကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်နှင့် သျှမ်းပြည် အင်းလေး၊ အောင်ပန်း စသည့် နေရာများတွင် ဆိုးရွားစွာပျက်စီးခဲ့သည်။

အင်းလေးဒေသတွင် ရွာပေါင်း ၄၀၀ ကျော်ရှိသည့်အနက် ငလျင်ကြောင့် ကျေးရွာ ၂၀ ကျော်မှ အိမ်ခြေ စုစုပေါင်း ၂,၀၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ငလျင်ဒဏ်သင့်သည့် အင်းလေးလူထုထံသွားရောက်လှူဒါန်းနေစဉ်

“အခက်ခဲတွေတော့ အများကြီးရှိတာပေါ့၊ အဓိက အင်းလေးမှာ ခရီးချဉ်သီးစိုက်ကြတယ်၊ အခုက ခရမ်းချဉ်သီး ရာသီဆိုတော့ သီးနှံတွေလည်း ပျက်တယ်၊ အိမ်တွေလည်း ပျက်တယ်၊ လူတွေလည်း သေတယ်၊ နေစရာ နေရာတွေကလည်း မရှိတော့ ဘယ်တစ်ခုကို အရင်စလုပ်ရမှာလည်း တွေဝေနေကြတယ်” ဟု အင်းလေးဒေသခံ တစ်ဦးက ပြောသည်။

မြေငလျင် လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများစွာနှင့် ပြည်သူများ သောကရောက်နေချိန် ယမန်နေ့ မတ်လ ၅ ရက် ညနေပိုင်းတွင် အင်းလေးဒေသ အရှေ့ဘက်ခြမ်း မိုင်းသောက်ကျေးရွာရှိ Myanmar Treasure Resort သည်လည်း တောမီးမှတစ်ဆင့် မီးလောင်ကျွမ်းခဲ့ပြီး တစ်ညလုံးမီးငြိမ်းသက်နိုင်ခြင်း မရှိခဲ့ပေ။

“အခုတော့ လာကူညီနေတဲ့သူတွေ ရှိပါတယ်၊ အစာခြောက်တွေ၊ ရေသန့်တွေ လာဝေတဲ့သူတွေကော ရှိတယ်၊ ဒါပေမဲ့ အစားအသောက်တွေကြီးပဲ လာကူညီလို့လေ တချို့နေရာတွေဆိုလည်း ပိုလို့လျှံလို့ ဖြစ်နေပြီ၊ ဒီမှာ အိမ်ပျက်သွားလို့ နေစရာမရှိတဲ့သူတွေလည်း အများကြီးပဲ၊ တချို့ဆိုရင် ဘုန်းကြီးကျောင်းမှာ လိုက်နေရတယ်၊ ဖြစ်နိုင်ရင်တော့ ပြန်လည်ထူထောင်ရေးအတွက် ကူညီပေးချင်တယ်လို့ ပြောပါတယ်” ဟု ငလျင်ဒဏ်သင့် အင်းလေးဒေသခံများကို သွားရောက်ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ငလျင်ဒဏ်သင့်သည့် အင်းလေးလူထုထံသွားရောက်လှူဒါန်းနေစဉ်

ငလျင်ဒဏ်သင့် အင်းလေးဒေသမှ ဒေသခံများနှင့်နည်းတူ တိုက်ပွဲကြောင့် အင်းလေးဒေသတွင် လာရောက် ခိုလှုံနေသော သျှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီ (ကယား) ပြည်မှ စစ်ဘေးရှောင်များလည်း အကူညီလိုအပ်နေကြောင်း ဆိုသည်။

အင်အားပြင်း မြေငလျင် လှုပ်ခတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း သေဆုံးသူ ၃,၁၄၅ ဦး၊ ဒဏ်ရာရသူ ၄,၅၈၉ ဦးနှင့် ပျောက်ဆုံးနေသူ ၂၂၁ ဦးရှိကြောင်း စစ်ကောင်စီက ယနေ့ ဧပြီလ ၄ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...