ကြောင်တွေဆီကနေ လေ့လာသင်ယူရမယ့် ဘဝနေထိုင်နည်း (၅) ချက်

စိတ်ဖိစီးမှုများပြားတဲ့ ခေတ်သစ်မြို့ပြလူနေမှုစနစ်ထဲမှာ ကျနော်တို့အားလုံးဟာ ပျော်ရွှင်အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားနေကြရပါတယ်။


တခါတလေမှာ အဲဒီနည်းလမ်းတွေဟာ ဝေးဝေးလံလံမှာ ရှိနေတာမဟုတ်ဘဲ ကျနော်တို့အနားမှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဆီမှာ ရှိနေတတ်ပါတယ်။

အထူးသဖြင့် ကြောင်တွေဟာ သူတို့ရဲ့ သဘာဝအတိုင်း နေထိုင်ရင်းနဲ့ လူသားတွေအတွက် အရမ်းတန်ဖိုးရှိတဲ့ ဘဝသင်ခန်းစာတွေကို ပေးလေ့ရှိပါတယ်။

ကြောင်တွေဆီကနေ ကျနော်တို့ ဘယ်လို ဘဝနေထိုင်နည်းတွေကို အတုယူနိုင်မလဲဆိုတာ လေ့လာကြည့် ရအောင်ပါ။

(၁) ကိုယ့်ရဲ့ စည်းဘောင်ကို ပြတ်ပြတ်သားသား သတ်မှတ်ပါ

ကြောင်တကောင်ကို သူ မလိုချင်တဲ့အချိန်မှာ သွားကိုင်မိရင် သူက လက်သည်းနဲ့ကုတ်တာ ဒါမှမဟုတ် ရုန်းထွက်တာမျိုး လုပ်တတ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ Personal Space (ကိုယ်ပိုင်နယ်မြေ) ကို ဘယ်သူ့ကို ပေးဝင်မယ်၊ ဘယ်အချိန်မှာ ပေးဝင်မယ်ဆိုတာကို ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါတယ်။

လူတွေအနေနဲ့လည်း အားနာလို့ဆိုပြီး ကိုယ့်စိတ်ကို ပင်ပန်းအောင် လုပ်မယ့်အစား “မဟုတ်ဘူး၊ မလုပ်နိုင်ဘူး” လို့ ပြောသင့်တဲ့အခါ ပြတ်ပြတ်သားသား ပြောတတ်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို ပထမဦးစားပေး တာဟာ အတ္တကြီးတာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတာ (Self-respect) ဖြစ်ပါတယ်။

(၂) ပစ္စုပ္ပန်တည့်တည့်မှာပဲ နေထိုင်ပါ

ကြောင်တစ်ကောင်ဟာ အစာစားနေရင် အစာစားတဲ့အရသာကိုပဲ အာရုံစိုက်ပါတယ်။ နေပူစာလှုံနေရင်လည်း အဲဒီနွေးထွေးမှုကိုပဲ အပြည့်အဝ ခံစားနေတတ်ပါတယ်။ သူတို့ဟာ မနေ့က ဖမ်းမမိခဲ့တဲ့ ကြွက်အကြောင်း တွေးပြီး နောင်တမရသလို၊ မနက်ဖြန် အစာငတ်မှာကိုလည်း ကြိုတင်စိုးရိမ်မနေပါဘူး။

ကျနော်တို့ လူသားတွေဟာ အတိတ်က အမှားတွေနဲ့ အနာဂတ်က စိုးရိမ်ပူပန်မှုတွေကြားမှာ ပိတ်မိနေတတ်ပါတယ်။ ကြောင်တွေလိုပဲ လက်ရှိရောက်နေတဲ့ အခုအချိန်လေးကို တန်ဖိုးထားပြီး အာရုံစိုက်နေထိုင်ခြင်းက စိတ်ဖိစီးမှုကို အထိရောက်ဆုံး လျှော့ချနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။

(၃) အပြစ်ရှိစိတ်ကင်းစွာ အနားယူပါ

လူတွေဟာ ခဏလောက် အနားယူမိရင် ဒါမှမဟုတ် အိပ်နေမိရင် “ငါ အချိန်ဖြုန်းနေပြီလား” ဆိုတဲ့ အပြစ်ရှိစိတ် ဝင်တတ်ကြပါတယ်။ ကြောင်တွေကတော့ တစ်နေ့ကို ၁၂ နာရီကနေ ၁၆ နာရီအထိ အိပ်စက်ပါတယ်။ သူတို့ အိပ်နေတဲ့အချိန်မှာ “ငါ အလုပ်မလုပ်မိဘူး” ဆိုပြီး စိတ်မကောင်း ဖြစ်မနေပါဘူး။

ခန္ဓာကိုယ်နဲ့ စိတ်ဓာတ် ပြန်လည်လန်းဆန်းလာဖို့အတွက် အနားယူခြင်းဟာ မရှိမဖြစ် လိုအပ်ပါတယ်။ အနားယူတာဟာ ပျင်းတာမဟုတ်ဘဲ ရှေ့ဆက်ဖို့ အားမွေးတာဖြစ်ကြောင်း ကြောင်တွေက လက်တွေ့သက်သေ ပြနေပါတယ်။

(၄) အမြဲတမ်း စူးစမ်းလေ့လာနေပါ

လူသိများတဲ့ အင်္ဂလိပ်စကားပုံတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ “Curiosity killed the cat, but satisfaction brought it back” ပါ။ အဓိပ္ပာယ်ကတော့ “စပ်စုတာက ကြောင်ကို သေစေနိုင်ပေမယ့် အမှန်တရားကို သိလိုက်ရတဲ့ ကျေနပ်မှုက ကြောင်ကို ပြန်ပြီး ရှင်သန်လန်းဆန်းစေတယ်” လို့ ဆိုလိုတာပါ။

ကြောင်တွေရဲ့ စူးစမ်းလိုစိတ်ဟာ သူတို့ကို အမြဲတမ်း နုပျိုလန်းဆန်းစေပါတယ်။ အရာဝတ္ထု အသစ်တခု၊ အသံအသစ်တခုကို သူတို့က မကြောက်မရွံ့ဘဲ စူးစမ်းတတ်ကြပါတယ်။

ဘဝမှာ အောင်မြင်ပျော်ရွှင်ဖို့ဆိုရင် ကိုယ့်ပတ်ဝန်းကျင်က အပြောင်းအလဲတွေကို စူးစမ်းဖို့နဲ့ အသစ်သစ်သော အရာတွေကို သင်ယူလိုစိတ်အမြဲရှိနေဖို့ လိုအပ်ပါတယ်။ စူးစမ်းမှုကြောင့် အခက်အခဲတချို့ ရှိနိုင်ပေမဲ့ အသစ်တွေကို သိရှိသွားရတဲ့ ကျေနပ်မှုက ဘဝကို ပိုပြီး အဓိပ္ပာယ်ရှိစေမှာပါ။

(၅) ကိုယ့်ကိုယ်ကိုယ် အမြဲဂရုစိုက်ပါ

ကြောင်တွေဟာ တနေ့တာရဲ့ အချိန်တော်တော်များများကို သူတို့ရဲ့ အမွေးအမှင်တွေ သန့်ရှင်းရေးလုပ်ဖို့ အသုံးပြုပါတယ်။ သူတို့ကိုယ်သူတို့ အမြဲတမ်း သန့်ရှင်းသပ်ရပ်နေအောင် ဂရုတစိုက် ထားတတ်ကြပါတယ်။

သူတစ်ပါးကို ဂရုမစိုက်ခင် ကိုယ့်ကိုယ်ကိုယ်အရင် ဂရုစိုက်ဖို့ (Self-love) လိုပါတယ်။ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ သန့်ရှင်းမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ပုံမှန်ပြုပြင်ထိန်းသိမ်းနေမှသာ ပတ်ဝန်းကျင်ကို အကောင်းဆုံး ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

နိဂုံး

ကြောင်တွေဟာ ကျနော်တို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ ဖြစ်သလို တစ်ဖက်မှာလည်း ဘဝနေထိုင်နည်းတွေကို နေ့စဉ်လက်တွေ့ပြသပေးနေတဲ့ ဆရာသမားတွေလည်း ဖြစ်ပါတယ်။
အလုပ်တွေများပြီး စိတ်ပင်ပန်းနေတဲ့အခါ ကိုယ့်အိမ်က ကြောင်လေး ဘယ်လိုအေးအေးဆေးဆေး နေထိုင်သလဲဆိုတာကို ခဏလောက် ထိုင်ကြည့်လိုက်ပါ။

ကျနော်တို့ လိုအပ်နေတဲ့ ဘဝရဲ့ အေးချမ်းမှုအဖြေကို အဲဒီ ရိုးရှင်းတဲ့ နေထိုင်မှုတွေထဲမှာ တွေ့ရပါလိမ့်မယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်

0
မနက်တိုင်း ကျနော့မှာ နာရီနှိုးစက် သီးသန့်ပေးထားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ (၇) ကီလိုလောက်ရှိတဲ့ အမွေးပွ "နှိုးစက်ကြီး" က ကျနော့်ရင်ဘတ်ပေါ် တက်ထိုင်ပြီး နှိုးတတ်လို့ပါ။ သူကတော့ ကျနော်ရဲ့ ပထမဆုံး ကိုယ်တိုင်မွေးထားတဲ့ "အိုက်တမ်" ဆိုတဲ့ ကြောင်လေးပေါ့။ "အိုက်တမ်" ဆိုတာ မြန်မာလိုဆိုရင်တော့ "အမဲလေး"...

တာချီလိတ် စိတ်ကျန်းမာရေးချို့တဲ့ အမျိုးသမီးတစ်ဦး ဆေးအလွန်အကျွံသောက်ပြီး သေဆုံးသွား

0
သျှမ်းပြည် တာချီလိတ်မြို့ ပါလျှံ ၁ ရပ်ကွက်တွင် စိတ်ကျန်းမာရေး ချို့တဲ့နေသည့် အမျိုးသမီးတစ်ဦး ဆေးအလွန်အကျွံသောက်ပြီး အသက်ဆုံးရှုံးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၁၂ ရက် ညပိုင်း ၁၀ နာရီအချိန်တွင် ပါလျှံ ၁ ရပ်ကွက်အတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးသည် စိတ်ကျန်းမာရေး ချို့တဲ့သည့်အတွက်...