တာချီလိတ် စိတ်ကျန်းမာရေးချို့တဲ့ အမျိုးသမီးတစ်ဦး ဆေးအလွန်အကျွံသောက်ပြီး သေဆုံးသွား

သျှမ်းပြည် တာချီလိတ်မြို့ ပါလျှံ ၁ ရပ်ကွက်တွင် စိတ်ကျန်းမာရေး ချို့တဲ့နေသည့် အမျိုးသမီးတစ်ဦး ဆေးအလွန်အကျွံသောက်ပြီး အသက်ဆုံးရှုံးသွားကြောင်း စုံစမ်းသိရသည်။

ဆေးရုံသွားတက်ရောက်စဥ်

ပြီးခဲ့သည့် မေလ ၁၂ ရက် ညပိုင်း ၁၀ နာရီအချိန်တွင် ပါလျှံ ၁ ရပ်ကွက်အတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးသည် စိတ်ကျန်းမာရေး ချို့တဲ့သည့်အတွက် စိတ်ကျရောဂါပျောက်ဆေး အေမီထရစ်တလင်း (Amitriptyline) ကို အလွန်အကျွံသောက်မိရာမှ သတိမေ့သွားခဲ့သဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့သည်။

ထိုနောက် မေလ ၁၃ ရက် နံနက်အစောပိုင်းအချိန်တွင် ဆေးရုံကြီး၌ ဆေးဝါးကုသခံယူနေရင်း သေဆုံးသွားခဲ့ကြောင်း ၎င်းကိုသွားရောက်ကူညီသည့် လူမှုကူညီရေးအသင်းမှ ပြောသည်။

“ သူက စိတ်တည်ငြိမ်တဲ့ ဆေးကိုသောက်လိုက်တယ်လို့ ပြောတယ်ဗျ။ ကျနော်တို့ သွားခေါ်တဲ့ အချိန်က အပြင်ဆေးရုံတစ်ခုမှာ သူက ဆေးကုနေပြီ။ အဲ့ဒီ ဆေးရုံက မရလို့ ပြည်သူ့ဆေးရုံကြီးလွှဲလို့ ကျနော်တို့ သွားပို့ပေးတယ်။ ဆေးဝါးကုသနေရင်း ဆုံးသွားတယ် “ ဟု ၎င်း တာဝန်ခံတစ်ဦးက ပြောသည်။

ဆေးဝါး

အဆိုပါ သေဆုံးသွားသူဟာ အသက် ၂၂ နှစ် မယွန်းဝတီကျော်မင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စိတ်ကျရောဂါပျောက်ဆေးဖြစ်သည့် အေမီထရစ်တင်လင်း (Amitriptyline) ဆေးဝါးသည် စိတ်ဓာတ်ကျခြင်း၊ စိတ် အတက်အကျဖြစ်ခြင်း၊ စိုးရိမ်စိတ် များခြင်း နှင့် စိတ်ဖိအားများခြင်းကို သက်သေစေရန် နှင့် ကောင်းမွန်စွာ အိပ်စက်စေရန် အတွက် သောက်သုံးရခြင်းဖြစ်သည်။

“ဆေးသောက်မယ်လို့ မဆုံးဖြတ်ခင်မှာ ဆရာဝန် နဲ့ ဆေးရဲ့ ကောင်းကျိုးဆိုးပြစ်နဲ့ ဘယ်အချိန်မှာ သောက်ရင် အကောင်းဆုံး ဖြစ်မလဲဆိုတာကို ဆွေးနွေးတိုင်ပင်ပါ။ ဆေးကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်ပေးပါ။ ဆေးကြောင့် ထိခိုက်မှု နည်းစေဖို့အတွက် ဆရာဝန် ညွှန်ကြားချက် မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးပဏ လျော့တာ၊ ဆေးရပ်တာ၊ ဆေးပမာဏ တိုးတာတွေ မလုပ်ပါနဲ့ “ ဟု ဆေးဝါးကျွမ်းကျင်သူ ဆရာဝန်မှ လူမှုကွန်ရက်စာမျက်နှာပေါ်၌ သတိပေးထားသည်။

ထိုဆေးဝါးသည် ကိုယ်ဝန်ဆောင် မိခင်၊ ဆေးရဲ့ ပါဝင်ပစ္စည်း နှင့် ဓာတ်မတည့်သူများ၊ တခြားရောဂါအခံ ရှိသူများနှင့် တခြားစွဲသောက်နေသည့် ဆေးဝါးများ သောက်သုံးပါက စိတ်တိုစိတ်ဆတ်ခြင်း၊ ကတုန်ကရင် ဖြစ်စေနိုင်သည့်အပြင် တချို့မှာ စိတ်ပိုကျပြီး ကိုယ့်ကိုယ်ကို သတ်သေချင် စိတ်အထိ ဖြစ်လာနိုင်တယ်ကြောင်း လည်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...