အင်းလေး နေရပ်ပြန်စစ်ရှောင်များကို  PNOက တစ်အိမ် ငွေကျပ်ဆယ်သိန်းပေးရ၊ မပေးနိုင်လျှင် စစ်မှုထမ်းရ

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် PNO/ PNA  က  နေရပ်ပြန်လာသည့် စစ်ရှောင်များကို တစ်အိမ်လျှင် ငွေကျပ်ဆယ်သိန်း ကောက်နေပြီး၊ မပေးနိုင်လျှင် စစ်မှုထမ်းခိုင်းနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်မှ စပြီး အင်းလေးဒေသ တွင် စစ်ရှောင်နေသော ဘုရားတောင်ကျေးရွာမှ ဒေသခံများ ၎င်းတို့ နေရပ်သို့ ပြန်ခဲ့ပြီး PNO က  တစ်အိမ်လျှင် ငွေကျပ်ဆယ်သိန်းကောက်ကာ  ဆယ်သိန်းမပေးနိုင်လျှင် PNO/PNA ပြည်သူ့စစ် ဝတ်စုံဖြင့် အခြားရွာတွင် ကင်းသွားစောင့်ခိုင်းကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

 “ရွာကိုပြန်ရတာမှ ဆယ်ရက်လောက်ပဲ ရှိသေးတယ်။ ပိုက်ဆံက ကောက်နေပြီ။ အပြင်မှာလည်း အလုပ်က သေချာမလုပ်ရဘူး။ အလုပ်ကလည်း မယ်မယ်ရရမရှိသေးဘူး။ ဝင်ငွေဆိုတာလည်းမရှိဘူး။ စားဖို့တောင် အနိုင်နိုင် ဘဝကို အစကနေ ပြန်စနေရတဲ့ ကြားက  တစ်အိမ်ကိုဆယ်သိန်းထည့်ရတယ်၊ မထည့်ရင် စစ်မှုထမ်းရတယ်။ တခြားရွာမှာ ကင်းစောင့်ရတယ်။”ဟု သတင်းရင်းမြစ် အမျိုးသား တစ်ဦးကပြောသည်။

အင်းလေး ဒေသအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ နှင့် ငါးဖမ်းလုပ်ငန်းများကို PNA ပြည်သူ့စစ် သတ်မှတ်ပေးထည့်သည့် အချိန်အတွင်းသာလုပ်ခွင့်ရပြီး သတ်မှတ်ချိန် ကျော်လွန်လျှင် လူမှားပစ်ခံရမည်ဖြစ်ကြောင်း လည်း PNO က အမိန့်ပေးထားကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ဘုရားတောင်ကျေးရွာတွင် နေအိမ်အများအတွင်း၌ ပစ္စည်းများအခိုးခံထားရပြီး တံခါးပေါက်၊ ပြတင်းပေါက်များပါ ဖြုတ်ယူသွားကြပြီး လှေတွင် တပ်ထားသည့် မော်တော်စက်များပါ ဖြုတ်ယူသွားကြကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အိမ်ပြန်ရောက်တော့ အိမ်က အခွံပဲကျန်တယ်။ တံခါးတွေလည်း အကုန်ဖြုတ်ယူကုန်တယ်။ လှေဆိုရင်လည်း လိုက်ရှာရတာ ဟိုးရွာတောင်ဖက်မှာ သွားတွေ့တာတို့ တခြားရွာမှာ တွေ့တာတို့။တွေ့တဲ့ လှေတွေက စက်အင်ဂျင်တွေ မရှိတော့ဘူး။ အိမ်ပြန်သွားလည်း ကိုယ်စုဆောင်းထားတာတွေ ဘာမှ မကျန်တော့ ဝမ်းနည်းမိတယ်။”ဟု သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

ယခုလက်ရှိ အင်းလေးတွင် ငလျင်ဘေး၊ ရေဘေး နှင့် လေဘေးများ ဆက်တိုက်ကြုံတွေ့နေရပြီး ဒေသခံများ ပြန်လည်ထူထောင်ရန် ခက်ခဲသော အချိန်ကာလဖြစ်သည်။ထိုခက်ခဲသည့် ကြားမှ PNO/PNAပြည်သူ့စစ်က ငွေကောက်ယူခြင်း၊ စစ်သားစုဆောင်းခြင်းများ ပြုလုပ်နေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စ၍ ဘုရားတောင်ကျေးရွာတွင် စစ်ကော်မရှင်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အင်းလေးဒေသ နန်းပန်မြို့သို့ စစ်ရှောင်လာခဲ့ရပြီး ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်မှ ဘုရားတောင်ကျေးရွာသို့ ပြန်ခဲ့ရသည်။

ယခုလက်ရှိ ဘုရားတောင်ကျေးရွာတွင် စစ်ကော်မရှင် လက်အောက်ခံ PNO/ PNA က  တပ်စွဲထားပြီး ရွာသားများကိုလည်း အလှည့်ကျ ထမင်းထုတ်ပို့ခိုင်းထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...