အင်းလေး ရုတ်တရက် ရေမြင့်တက်မှုကြောင့် မြေပဲစိုက်ခင်းရေမြှုပ်

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးထဲတွင် ရုတ်တရက် ရေမျက်နှာပြင် ၉ ပေခန့် မြင့်တက်လာသဖြင့် မြေပဲစိုက်ခင်းများ ရေမြှုပ်ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇွန်လ (၉) ရက်နေ့မှ စပြီး ယနေ့အထိ မိုးအဆက်မပြတ် ရွာသွန်းနေသောကြောင့် အင်းလေးဒေသတွင် ရုတ်တရက် ရေ (၄)ပေခန့် မြင့်တက်လာနေပြီး ဒေသခံများစိုက်ပျိုးထားသည့် မြေပဲခင်း၊ ဖရုံခင်းနှင့် စပါးခင်းများလည်း ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။

မြေပဲ စိုက်ပျိုးရာတွင် သုံးလ အချိန်ယူ စိုက်ပျိုးရပြီး မြေပဲရိတ်သိမ်းရန် (၇)ရက်အလိုတွင် ရေနစ်မြှုပ်သွားသဖြင့် ကျပ်သိန်း(၂၀)ကျော်ဖိုး ဆုံးရှုံးသွားကာ နောက်ထပ်စိုက်ပျိုးရန် အရင်းအနှီးမရှိတော့ကြောင်း အင်းလေးရှိ မြေပဲစိုက်ပျိုးသူတစ်ဦးက ပြောသည်။

“ငလျင်လှုပ်ပြီးကတည်းက ကုန်စိမ်းဈေးက အရမ်းထိုးကျတာ။ အခုမှ နည်းနည်းပြန်တက်လာတုန်း ရှိသေးတယ်။ ရေတက်တာ စောတော့ မရိတ်သိမ်းခင်မှာ မြှုပ်သွားတာ။ စားသောက်ဖို့အတွက် ဒီကုန်စိမ်းကိုပဲ အားကိုးအားထားရတာ၊ ခုတော့ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး။ အရင်းအနှီးလည်း မရှိတော့ဘူး” ဟု အင်းလေး ဒေသခံ တစ်ဦးက ပြောသည်။

ထိုကဲ့သို့ အင်းလေးဒေသတွင် ရေမြင့်တက်လာပြီး ယခင်ထက် ရေကြီးရေလျှံမှု ဖြစ်လာနိုင်သောကြောင့် စိုက်ခင်းအများအပြား ပျက်စီးနိုင်ပြီး အင်းလေးဒေသရှိ နေအိမ်တိုင်းတွင် လှေများကို ပြင်ဆင်ထားခြင်း၊ အရေးကြီး စာရွက်စာတမ်းများပြင်ဆင်ထားခြင်း၊ မီးသွေးနှင့် ထင်းများကို ဝယ်ယူထားခြင်းတို့ လုပ်ဆောင်နေကြသည်ဟု ၎င်းက ဆက်ပြောသည်။

ဆက်လက်ပြီး ယမန်နေ့ ဇွန်လ (၁၁)ရက်တွင်လည်း တောင်ကြီးမြို့၊ ညောင်ရွှေမြို့၊ ရွှေညောင်မြို့နှင့် ရပ်စောက်မြို့တို့တွင် မိုးအဆက်မပြတ် ရွာသွန်းကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး မြေနိမ့်ပိုင်းတွင် နေထိုင်သူများ ပြောင်းရွှေ့နေထိုင်ကြရကြောင်း သိရသည်။

“မနေ့က တောင်ကြီးမှာ ရေတအားကြီးတာ၊ ဆိုင်ကယ် တစ်ချို့ဆိုလည်း ရေမြှုပ်သွားတာ။ အိုးရှင်းနားက ဈေးသည်တွေဆို သူတို့ ကုန်ပစ္စည်း တစ်ချို့တောင် ရေထဲပါသွားတာ။ တောင်ကြီးက ရေကြီးပြီဆို တောင်အောက်က မြို့တွေဆိုလည်း ရေကြီးတာပဲ။ ရပ်စောက်မှာဆို မြေနိမ့်ပိုင်းက နေအိမ်တွေ ရွှေ့ပြောင်းရတယ်တဲ့။ သစ်တောတွေ မရှိတော့တာနဲ့ ရာသီဥတု ဖောက်ပြန်တာကြောင့် ရေကြီးတာထင်တယ်” ဟု တောင်ကြီးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း သျှမ်းပြည်တွင် မိုးများ ရက်ဆက်ရွာသွန်းနေသောကြောင့် တောင်ကြီးမြို့ ရပ်ကွက်တစ်ချို့အပြင် မောက်မယ်မြို့ရှိ နမ့်ယွန်းချောင်း ရေမြင့်တက်လာကာ မြို့ပေါ်ရပ်ကွက်များ ရေနစ်မြှုပ်ကာ အကူအညီလိုအပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...