Tuesday, January 27, 2026

မန္တလေး၊ အင်းလေး ငလျင်ထပ်မံလှုပ်

ယနေ့ (ဇူလိုင်လ ၈ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်မြောင်းအနီးတွင် ဗဟိုပြု၍ မဂ္ဂနီကျု ၅.၄ အဆင့်အားပြင်းသည့် ငလျင်ထပ်မံလှုပ်ခတ်ခဲ့ကြောင်းသိရသည်။

ထိုမြေငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသ မိုးကုတ်မြို့နယ် သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသ၊ တောင်ကြီးမြို့နယ် နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မြို့နယ် ထိသိသိသာသာ ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အင်းလေးဘက်မှာ ငလျင်လှုပ်ပြန်ပြီး။ အခုထိ မူးနေတုန်း။ ၅.၄တဲ့ သိပ်မကြာတော့။ ဘာမှ မဖြစ်ဘူး။ မန္တလေးဘက်နဲ့ ဆက်နေလဲမသိဘူး။အဲ့ဘက်က ဗဟိုဆို အင်းလေးဘက်က တော်တော်ပြင်းတယ်။ ရက်ပိုင်းက ဟိုပုံးမှာဗဟိုပြုပြီးငလျင်လှုပ်တာ ဒီဘက်ကဘာမှတောင်မသိဘူး”ဟု အင်းလေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်တွင် မြန်မာနိုင်ငံအတွင်း ၇.၇ အဆင့် အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ပြီး ၃ လကျော်အတွင်း နောက်ဆက်တွဲ မြေငလျင်လှုပ်ခတ်မှု အကြိမ်ပေါင်း ၂၀၀ ကျော် ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလ‌ဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မန္တလေး-မိုးကုတ်လမ်းပိုင်းရှိ စစ်ကော်မရှင်ဂိတ်များတွင် စစ်ဆေးမှုတင်းကြပ်ပြီး ငွေညှစ်တောင်း

0
မန္တလေး-မိုးကုတ် လမ်းပိုင်းရှိ စစ်ကော်မရှင် စစ်ဆေးရေဂိတ်များတွင် စစ်ဆေးတင်းကြပ်ပြီး ခရီးသွားများထံ ငွေညှစ်တောင်းခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ပြီး မန္တလေး- မိုးကုတ် လမ်းပိုင်းရှိ ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီး စစ်ကော်မရှင် စစ်ဆေးရေးဂိတ်နှင့် မန္တလေးမြို့အဝင် (၁၆) မိုင်ဂိတ်တို့တွင် စစ်ဆေးမှုများ တင်းကြပ်နေကြောင်း မန္တလေး-မိုးကုတ်...

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

ကျပ် ၅ သိန်းမပေးနိုင်သူ အင်းလေးဒေသခံများကို PNO စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့နေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို တစ်လလျှင် ငွေကျပ် ငါးသိန်း တောင်းခံနေပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

ရေဘေးဒဏ်၊ငလျင်ဒဏ်ကြား ဖောင်တော်ဉီးဘုရားပွဲကျင်းပ

0
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသသည် ရေးဘေးသင့်ဒဏ်နှင့် ငလျင်ဒဏ်ကြား စစ်ကော်မရှင်က လုံခြုံရေး အပြည့်ဖြင့် ဖောင်တော်ဉီး ဘုရားပွဲကို ကျင်းပနေကြောင်း သတင်းရရှိသည်။ ဖောင်တော်ဉီး ဘုရားပွဲကို ယနေ့ (စက်တင်ဘာ ၂၂)ရက်မှ စပြီး နိုဝင်ဘာ ၉ရက်တွင် စစ်ကော်မရှင် က ဦးဆောင် ကျင်းပနေသည်။ “ လုံခြုံရေးတော့...

အင်းလေးတွင် PNO တပ်ဖွဲ့ဝင်က ရွာသားတစ်ဦးကို သေဆုံးသည်အထိ ရိုက်နှက်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ မကျီးဆိပ်ကျေးရွာနေ ရွာသားတစ်ဦးကို စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက အသက် သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက် ည ၁၁ နာရီအချိန်တွင် ညောင်ရွှေမြို့နယ် မကျီးဆိပ်ကျေးရွာမှ အသက် (၄၂)...