အင်းလေးတွင် သဘာဝဘေဒဏ်ကြောင့် စပါးစိုက်ပျိုးမှု လျော့နည်းလာ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် သဘာဝဘေး မကြာခဏကြုံတွေ့နေရသောကြောင့် စပါးစိုက်ပျိုးမှုများ လျော့နည်းလာကြောင်း သတင်းရရှိသည်။

အင်းလေးဒေသအတွင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်း ငလျင်ဒဏ်နှင့် ရေကြီး ရေလျှံမှုတို့ကြောင့် စပါးခင်း ဧက ရာချီ ပျက်စီးခဲ့ပြီး ဒေသခံများ စီးပွားရေးများစွာ ဆုံးရှုံးခဲ့ရသည်။

လွန်ခဲ့သည့် (၂)နှစ် အတွင်း ရေကြီးရေလျှံမှုနှင့် ငလျင်ပြင်းထန်စွာ လှုပ်ခတ်မှုတို့တွင် ပါလာသည့် နုန်းမြေများကြောင့် အင်းလေးကန်အတွင်း မြေသားများမြင့်တက်လာပြီး ယခုနှစ် နွေရာသီတွင် ရေမျက်နှာပြင်မှာ တစ်ပေခွဲကျော်အထိ ကျဆင်းသွားကြောင်း သိရသည်။

ထိုသို့ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတို့ကြောင့် သီးနှံထွက်နှုန်းများ ကျဆင်းလာပြီး ဒေသခံများ၏ စားဝတ်နေရေးအတွက် ထိခိုက်မှုများ ရှိလာကြောင်း အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အရင်နှစ်တွေက ရေကြီးလိုက် ရေခမ်းခြောက်လိုက်နဲ့ ဆိုတော့ စိုက်ထားသမျှ သီးနှံတွေက ရေမြုပ်၊ နွေရာသီဆိုလည်း အပူရှိန်ကြောင့် အပင်သေကုန်တာ၊ ရင်းထားသမျှ အကုန်ရှုံးတာ၊ အရင်နှစ်ကဆို စပါကိုး ၅ ဧကလောက် စိုက်ရင် ဒီနှစ်တော့ ၃ဧကပဲ စိုက်တော့မယ်၊ ရှုံးလည်း အရင်နှစ်လို အများကြီး မရှုံးတော့ဘူးပေါ့၊ ကိုယ်စားဖို့ကျန်ရင် ရပြီ။”ဟု အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။

အင်းလေးဒေသ စပါးစိုက်ခင်း

နှစ်စဉ် ဧပြီလတွင် ရေကျသောကြောင့် နွေစပါးစိုက်ပျိုးကြသော်လည်း နူန်းမြေများ မြင့်မှုကြောင့် စိုက်ပျိုးမှု မလုပ်နိုင်သည့်အပြင် အင်းလေးခရမ်းချဉ်သီး စိုက်ပျိုးရေးလုပ်ငန်းများမှာ ရေမရှိသောကြောင့် ရပ်နားထားရကြောင်း ၎င်း အမျိုးသမီးက ထပ်လောင်းပြောသည်။

ထို့အပြင် အင်းလေးကန်၏ ‌‌ဂေဟစနစ် ပျက်စီးယိုယွင်းလာသည်မှာ ရေဝေရေလဲ သစ်တောပြုန်းတီးမှုများ၊ လူဦးရေထူထပ်လာသည်နှင့် စိုက်ပျိုးတောင်ယာချဲ့ထွင်ခြင်း၊ ဒေသခံများ မီးသွေးလုပ်ကာ စီးပွားအရ ပြန်လည်ရောင်းချခြင်းတို့ကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“အင်းလေးကန် ပျက်စီးနေတာက ကြာပါပြီ၊ သဘာဝဘေးကြောင့်လည်း ပျက်စီးသလို လူလုပ်ဘေးတွေကြောင့်က ပိုပျက်စီးတာပေါ့၊ အဓိကတော့ ရေရနိုင်မဲ့ နှစ်ရှည်ပင်တွေကို စိုက်ပျိုးသင့်တယ်”ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

အင်းလေးကန်သည် အင်းသူ၊အင်းသားများ၏ အသက်သွေးကြောဖြစ်သည့်အပြင် ပညာရေး၊ ကျန်းမာရေး စီးပွားရေး အစရှိသည်တို့ကို အင်းလေးကန်ကို မှီခိုနေကြရသည်။

ထို့အပြင် အင်းလေးဒေသအပါဝင် သျှမ်းတောင်တွင် ယခင်နှစ်များထက် အပူရှိန် ပိုမိုမြင့်တက်လာပြီး တစ်နှစ်ထက် တစ်နှစ်ပို၍ ပူလာသည်ကို ခံစားလာနေရသည်။

ယခုလက်ရှိ အင်းလေးကန်သည် မိုးအနည်းငယ်ရွာလျှင် ရေများတက်လာပြီး နေပူရှိန်ပြင်းလျှင် ကုန်းမြေများ ပေါ်သည်အထိ ရေခမ်းခြောက်မှုများ ဖြစ်ပေါ်လာနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...