အင်းလေးတွင် လက်သမားခ တစ်နေ့ ‌ကျပ် လေးသောင်းခွဲအထိရှိ ငလျင်ဒဏ်သင့် အိမ်အချို့ မပြုပြင်နိုင်သေး

သျှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လက်သမားခ တစ်နေ့လျှင့် ကျပ်ငွေ လေးသောင်းခွဲအထိ ပေါက်ဈေး ရှိနေသဖြင့် ငလျင်ဒဏ်သင့်အိမ် အချို့ယနေ့ထိ ပြန်လည်မပြုပြင်နိုင်သေးကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် အင်းလေးဒေသတွင် နေအိမ်များ ရာနှင့်ချီ ပျက်စီးခဲ့သည်။

အင်းလေးဒေသတွင် ကုန်ဈေးနှုန်းမြင့်တက်နေမှုကြောင့် ဝါးအိမ်တစ်လုံး ဆောက်လုပ်ရန် ကျပ်ငွေသိန်း ၅၀ခန့် ကုန်ကျနေပြီး မြေကားတစ်စီးလျှင်လည်း ကျပ်ငွေ ၃သိန်းအထိ ပေးနေရကြောင်း ဒေသခံများက ပြောသည်။

“အင်းလေးမှာ အိမ်တစ်လုံးဆောက်ရင် မလွယ်ဘူး၊ မြေထည့်ဖို့ ကားတစ်စီးကို သုံးသိန်း လက်သမားခက တစ်နေ့ ၄သောင်းခွဲ ဆိုတော့ အိမ်လည်းမပြင်နိုင်သေးဘူး၊ တချို့တွေကတော့ပြင်နေကြတယ်။ ကျနော်တို့ကတော့ စားဖို့တောင် အနိုင်နိုင်ဆိုတော့ မပြင်နိုင်သေးဘူး။”ဟု ‌အင်းလေးဒေသခံ အမျိူးသားတစ်ဦးက ပြောသည်။

ထို့အပြင် အင်းလေးဒေသရှိ ဖွင့်လှစ်ထားသော ဟိုတယ်အများစုမှာလည်ူ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး၊ ပြုပြင်စရိတ်ကြီးမားသဖြင့် ယနေ့ထိမပြုပြင်နိုင်ဘဲ ပိတ်ထားဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အင်းလေးတွင် ဆယ်ပြည်ပါ ဆန်တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းခြောက်သောင်း အထိပေးနေရပြီး စက်လှေခသည်လည်း ငွေကျပ် ၅သောင်း အနိမ့်ဆုံးရှိကြောင်းသိရသည်။

ဆက်လက်ပြီး အင်းလေးဒေတွင် မိုးရက်ဆက်ရွာသွန်းသောကြောင့် ရေမျက်နှာပြင် ၃လက်မခန့် အထိမြင့်တက်လာပြီး မိုးရာသီရောက်လျှင် ရေကြီးရေလျှံမှုများထပ်မံဖြစ်ပေါ်နိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း အင်းလေးဒသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မိုးနည်းနည်းရွာရင်တောင် ရေကတက်တယ်။ ရေအောက်က နုံးတွေက မဆယ်တာကြာတော့ အပေါ်ကိုမြင့်လာတာ။ မိုးရွာရင် စိုက်ခင်းအကုန်ရေမြုပ်တယ်။ ခရမ်းချဉ်သီးခင်းတို့ ပြောင်းခင်းတို့ဆိုလည်း အကုန်မြုပ်ကုန်တယ်။ ဒီနှစ်ဘာမှ မစားရလောက်ဘူး၊အရင်နှစ်ကလို ရေတွေထပ်ကြီးနိုင်တော့ ပြောင်းရွှေ့ဖို့လည်း ပြင်ထားရသေးတယ်။”ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

ကုန်ဈေးနူန်းမြင့်တက်မှုကြောင့် အင်းလေဒေသသို့ လာရောက်သည့် ခရီးသွားဧည့်သည် နည်းပါးလာပြီး ခရီးသွားအမှီပြုဈေးရောင်း နေသူများမှာလည်း ယမန်နှစ်ထက် စားဝဝတ်နေရေး ပိုခက်ခဲလာကြောင်း ၎င်း အမျိူးသမီးက ပြောသည်။

အင်းလေးဒေသတွင် အမျိူးသမီးများ၏ တစ်နေ့လုပ်အားခ ငွေကျပ် (၈၀၀၀)သာ ရရှိပြီး၊ အမျိုးသားများမှာ အလုပ်ပေါ်မူတည်၍ ‌‌တစ်နေ့လုပ်အားခ ငွေကျပ် (၁၅၀၀၀)အထိရရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစ၍ အင်းလေးဒေသတွင် သဘာဝဘေးဖြစ်သည့် ရေကြီးရေလျှံခြင်း၊ နွေရာသီတွင် ရေများခမ်းခြောက်ခြင်း လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း၊ ငလျင်ဘေးဒဏ်အပါအဝင် သဘာဝဘေးအန္တရာယ်မျိုးစုံကို ဆက်တိုက်ကြုံတွေ့နေရကြောင်း သိရသည်။

ထိုအချိန်မှစ၍ အင်းလေးဒေသတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ မဆောင်ရွက်နိုင်သေးဘဲ ဒေသခံများမှာ စာဝတ်နေရေးပြဿနာများကိုသာ ဉီးစားပေး ဖြေရှင်းရန် ရုန်းကန်နေကြရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...