မောက်မယ်မြို့နယ်တိုက်ပွဲဖြစ်ပြီး၊ PNO က စစ်မှုထမ်းအသည်းအသန် ခေါ်ယူနေ

သျှမ်းပြည် တောင်ပိုင်း မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နှင့် ပအိုဝ်းပြည်သူ့စစ် (PNA/PNO)တို့ တိုက်ပွဲဖြစ်ပြီးနောက် PNOက စစ်မှုထမ်း အသည်းအသန်း ထပ်မံခေါ်ယူနေကြောင်း သတင်းရရှိသည်။

အဆိုပါ PNA/PNO သည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်းနေထိုင်သူများကို အဓိက ပစ်မှတ်ထားခေါ်ယူနေသည်။

“အရင်က PNOထံမှာ စစ်သင်တန်း သွားတက်ထားတဲ့ သူတွေကို အဓိက ခေါ်နေတာ၊ ရပ်ရွာကာကွယ် ဖို့ဆိုပြီး (၇)ရက် တစ်ပတ် သင်တန်း သွားတက်ထားတဲ့ သူကို ခေါ်တာ၊ အစကနေ ပြန်ပေးစရာမလိုတော့ဘူးလေ၊ ရှေ့တန်း တန်းပို့လို့ရတာပေါ့၊ တိုက်ပွဲဖြစ်တော့ သူတို့ဖက် အထိခိုက်များတယ် လို့သိရတယ်၊အဲကြောင့် ခေါ်တာထင်တယ်။”ဟု အင်းလေး ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

PNO ခေါ်ယူနေသည့် စစ်မှုထမ်းများသည် ယခင်က PNO ထံ စစ်သင်တန်းလာရောက်တက်ဖူးသည့် လူငယ်များကို ပစ်မှတ်ထားခေါ်ယူနေကြောင်း သိရသည်။

ယခင်ကာလအတွင်း ခေါ်ဆောင်သွားခံရသည့် တောင်ကြီးမြို့နယ်မှ လူငယ်များသည် ရှေ့တန်းအတွင်း သေဆုံးမှုများရှိသဖြင့် PNO ထံ စစ်မှုထမ်းရန် အတွက် လူငယ်များက စိုးရိမ်စိတ်ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ဆက်လက်ပြီး PNOဘက်မှ လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အသက် ၁၈ မှ ၃၅ နှစ် လူငယ်များကို မိမိရပ်ရွာ ကာကွယ်ရန်အတွက် စစ်မှုထမ်းခေါ်ခြင်းသာဖြစ် ကြောင်း PNO မှ အရာရှိတစ်ဦးက ပြောသည်။

“စစ်မှုထမ်း ခေါ်တာတော့ မဟုတ်ဘူး၊ အသက် ၁၈ နဲ့ ၃၅ကြားလူတွေကိုတော့ လက်ရှိနိုင်ငံရေး မတည်ငြိမ်သ၍တော့ ကိုယ့်ရပ်နဲ့ လှုပ်ရှားနယ်မြေ ကာကွယ်ဖို့ အတွက် ခေါ်တာပေါ့၊ သင်တန်းက အမျိုးမျိုးရှိတယ် တစ်လ ရှိတယ် ၆ လရှိတယ်၊ ကိုယ့်ရပ်ရွာကို သူများတွေ မကျူးကျော်အောင် ကာကွယ်ဖို့ ပဲ။”ဟု အဆိုပါ PNOမှ အရာရှိတစ်ဦးက ပြောသည်။

လက်ရှိ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့တွင် စစ်ကော်မရှင်တပ်နှင့် PNO တပ်ပူးပေါင်းကာ ပေါ်တာဆွဲဖမ်းဆီးခြင်း၊ စစ်မှုထမ်းခေါ်ဆောင်ခြင်းများ ခပ်စိတ်စိတ်ကြားလာရသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကာလအတွင်း စစ်မှုထမ်းခေါ်ယူမှု ရပ်နားထားသော်လည်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ပြီးနောက် ဖေဖော်ဝါရီလ ပထမပတ်မှ စပြီး စစ်မှုထမ်း အမှတ်စဉ် (၂၀)ကို အင်းလေးဒေသတွင် ထပ်မံခေါ်ယူနေသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လတွင်လည်း ပအိုဝ်းပြည်သူ့စစ် (PNA/PNO)တို့က အင်းလေးဒေသ စစ်မှုထမ်းကြေးအတွက် တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းတောင်းခံပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်း ပို့ဆောင်မှုများ ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...