Thursday, April 25, 2024

မောက်မယ်မြို့နယ်

PNLO နှင့် RCSS တို့ တိုက်ပွဲကြား အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ် အတွင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား တိုက်ပွဲကြောင့် အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၂၀ ရက် နံနက်ပိုင်းတွင် မောက်မယ်မြို့နယ်၊...

မောက်မယ်မြို့နယ်အတွင်း ကလေးငယ် တစ်ဦး နှင့် အမျိုးသမီး (၂) ဦး မိုင်းနင်းမိ

သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်း ကလေး တစ်ဦး အပါအဝင် အရပ်သား (၃) ဦး တောထဲ ဟင်းရှာထွက်စဥ် မိုင်းနင်းမိခဲ့ကြောင်း စုံစမ်း သိရသည်။ ယမန်နေ့ ( ဧပြီ ၁၈) ရက် မနက်ပိုင်းတွင် တောထဲ ဟင်းရှာထွက်ရာမှ ကလေးငယ်တစ်ဦး နှင့်...

PPST အဖွဲ့ဝင် ဖြစ်သည့် RCSS နှင့် PNLA က မောက်မယ်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ၏ အဖွဲ့ဝင်ဖြစ်သည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ကြောင်းစုံစမ်းသိရသည်။ ယနေ့ (မတ်လ ၃၀ )ရက် နံနက်ပိုင်း ၅ နာရီဝန်းကျင်တွင် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီး ဒေသ အတွင်း၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး လုံခြုံရေး ကင်းလှည့်သည့် တပ်သားများ မှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း နှင့် ပတ်သက်ပြီး RCSS/SSA ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးခမ်းစံကို ဆက်သွယ်မေးမြန်းရာ ထိတွေ့ပစ်ခတ်မှုဖြစ်သည်ဟုသာ သိရပြီး အသေးစိတ်ကို မသိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လုံခြုံရေး ကင်းလှည့်တဲ့ တပ်သားအချင်းချင်း ထိတွေ့မှုဖြစ်တာလို့ပဲ သိရတယ်၊ ကျနော်တို့ဘက်က သွားပြီး စပစ်တာတော့မဟုတ်ဘူး၊ ခုလည်း သူတို့ဘက်ကပဲ လာပစ်တာလို့ သိရတယ်၊ ဒီနေရာက ကျနော်တို့ အရင် ကတည်း သွားလာလှုပ်ရှားတဲ့ နေရာလေ၊ ဒီနေ့ ပစ်ခတ်မှု အသေးစိတ်ကိုတော့ ကျနော်မသိရသေးဘူး” ဟု ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ ထိတွေ့တိုက်ပွဲသည် ၁ နာရီအထိ ဖြစ်ပွားကြောင်း ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့်သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။ ယင်းထိတွေ့ တိုက်ပွဲ နှင့် ပတ်သက်ပြီး  (PNLO) ၏ ဒုဥက္ကဌ (၁) ခွန်ထွန်းတင်ကို ဆက်သွယ်မေးမြန်းရာ သတင်း သာကြားရကြောင်း နှင့် အတည်မပြုနိုင်သေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ခုနကတော့ အသိတစ်ယောက်က ကဒူးကြီးဘက် ထိတွေ့တိုက်ပွဲ ဖြစ်လား ဆိုပြီးတော့ လာမေးတယ်၊ ကျနော့် ဆီတော့ သတင်းအချက်အလက် မရောက်လာသေးဘူး၊ အဲ့ဘက်က ဆက်သွယ်ရေး တာဝန်ခံတွေဆီ မေးကြည့် လည်း ဖုန်းက မရဘူးဖြစ်နေတယ်၊ အဲ့တော့ ကျနော်ကလည်း အတည်လည်း မပြုနိုင်သေးဘူး” ဟု (PNLO) ၏ ဒုဥက္ကဌ (၁) ခွန်ထွန်းတင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။ RCSS/SSA နှင့် PNLO တပ်ဖွဲ့ နှစ်ဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသော်လည်း တပ်ဖွဲ့ နှစ်ခုကြား ထိတွေ့ ပစ်ခတ်မှုများက ရှိနေကြသည်။ မောက်မယ်မြို့နယ် ကဒူးကြီး ဒေသ အတွင်း RCSS နှင့် PNLO တို့သည် လွန်ခဲ့သည့် ၂၀၂၂ခုနစ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

NCA ထိုးထားသည့် RCSSနှင့် PNLO ပဋိပက္ခကြား ငြိမ်းချမ်းစွာ ဖြေရှင်းမည်ဟုဆို

NCA လက်မှတ်ထိုးထားသည့် RCSS/SSA နှင့် PNLO/PNLA တိုက်ပွဲဖြစ်ပွားမှုအပေါ် ငြိမ်းချမ်းရေးကို ဦးတည်ပြီး ဖြေရှင်းမည်ဟု သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၆) ရက် သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်းတွင် NCA ထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်...

စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ မောက်မယ်ဒေသခံများ

စွတ်ကျယ်အင်္ကျီနဲ့ ဟောင်းနွမ်းနေတဲ့ ပုဆိုးကို ဝတ်ဆင်ပြီး ခန္ဓာကိုယ်မှာလည်း အဖြူမှုန့်တွေ ပေကျံနေသူတစ်ဦးက ဆာလာအိတ်ကို အခင်းလုပ်ထိုင်ကာ ကျောက်တုံးငယ်တစ်တုံးကို အာရုံစိုက်ပြီး ထုဆစ်နေပါတယ်။ အဲဒီလူရဲ့ ဘေးပတ်ပတ်လည်မှာ ဂေါ်ဒန်ကျောက်တုံးတွေ၊ ဘုရားဆင်းတုတော်တွေ၊ နောက်ပြီး ပုံတူ ရုပ်ထုတွေလည်း ရှိနေပါတယ်။ သူကတော့ ပန်းဆယ်မျိုးထဲက တစ်မျိုးဖြစ်တဲ့ ပန်းတမော့ ပညာရှင် ဦးစိုးမောင်...

မောက်မယ် ကျောင်းများ ပြန်ဖွင့် ကျောင်းတက်သူ နည်းပါး

သျှမ်းတောင် မောက်မယ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်သော်လည်း ကျောင်းတက်သူ နည်းပါးကြောင်း သတင်းသိရသည်။ အဆိုပါ ကျောင်းများကို ယနေ့ (ဒီဇင်ဘာ ၁၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကိုဗစ်ရောဂါ ကူးစက်ခံမှာစိုးရိမ်သည့်အတွက် ကျောင်းသို့ မလွှတ်သေးကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။ “ကိုဗစ် ကူးမှာကြောက်လို့ မလွှတ်ရဲသေးဘူး၊ အခြေနေ စောင့်ကြည့်ဦးမယ်၊ ခုက...

မောက်မယ်မြို့နယ်အတွင်းလှုပ်ရှားသည့်အစိုးရတပ် ဒေသခံ ၃ ဦးအားဖမ်းဆီးရိုက်နှက်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့နယ်တွင် ယာလုပ်ငန်းခွင်အတွင်းအလုပ်လုပ်နေသည့် ရွာသား ၃ ဦးအား အစိုးရတပ်မတော်ကဖမ်းဆီးရိုက်နှက်ကာ စစ်ကြောင်းနှင့်အတူခေါ်ဆောင်သွားကြောင်းသိရသည် ။ သျှမ်းတပ်ဖွဲ့ RCSS/SSA ၏အမာခံလူဟုဆိုကာ ရွာသား ၃ ဦးအား မေလ ၉ ရက်နေ့က တောင်ယာလုပ်ငန်းခွင်မှ ဖမ်းဆီးပြီး ၄င်းတို့စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားကြောင်း၊ မေလ ၁၁...

Latest news