ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအခေါ်နှင့်နိုင်ငံရေးဖြတ်သန်းမှုဆိုင်ရာ စာအုပ်သစ် မိတ်ဆက်

စာရေးဆရာမ “မွန်မွန်မြတ်” ရေးသားထားသည့် “Aung San Suu Kyi: The Realities of Power in Burma’s Authoritarian Legacy” အမည်ရ စာအုပ်သစ် မိတ်ဆက်ပွဲ ကို ယမန်နေ့ (စက်တင်ဘာ ၁၀)ရက်တွင် ချင်းမိုင်မြို့ Payap တက္ကသိုလ်၌ ကျင်းပခဲ့သည်။

အဆိုပါ စာအုပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့နိုင်ငံရေးလောကထဲ စတင်ဝင်ရောက်လာသည့်အချိန်မှစပြီး အစိုးရ တာဝန်ယူခဲ့သည့် ကာလ နှင့် လက်ရှိ အချိန်ထိ ဖြတ်သန်းနေရသည့် နိုင်ငံရေးခရီးစဉ် အကြောင်းနှင့် အာဏာရှင် အမွေဆိုး၏ အကန့်အသတ်ကြား ရုန်းကန်ခဲ့ရသည့် အခြေအနေ ကို ခြုံငုံဆန်းစစ်ထားသည်။

ထိုစာအုပ်ကို နှစ်ပေါင်း ၁၀နှစ်ကျော် အချိန်ယူ ပြုစုရေးသားထားသည့် စာအုပ်ဖြစ်ကြောင်း စာရေးသူက တက်ရောက်လာသည့် ပရိသတ်များကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအခေါ်နှင့် နိုင်ငံရေးဖြတ်သန်းမှုဆိုင်ရာ စာအုပ်သစ် မိတ်ဆက်

စာအုပ်ပြုစုရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အတွေးအခေါ် (Political Philosophy) သည် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံလူတန်းစား အားလုံး အာဏာအမွေဆိုး မှ လွတ်မြောက်ဖို့ “အကြောက်တရား ကင်းရေး” ဆိုသည့် သူ၏ နိုင်ငံရေး အတွေးအခေါ်သည် အနာဂတ် မျိုးဆက်များအထိ ဆက်လက်အရေးပါနေမည်ဟု စာရေးဆရာမ မွန်မွန်မြတ်က ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအခေါ်နှင့် နိုင်ငံရေးဖြတ်သန်းမှုဆိုင်ရာ စာအုပ်သစ် မိတ်ဆက်

စာရေးဆရာမ မွန်မွန်မြတ်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ပြီး အမှီအခိုကင်းသည့် စာရေးဆရာမ၊ သတင်းစာဆရာမတဉီးဖြစ်သည်။

ထို့အပြင် “မြတ်”ဆိုသည့် ကလောင်အမည်ဖြင့် ၁၉၈၉ ခုနစ်မှစတင်ကာ မဂ္ဂဇင်းများတွင် ကဗျာများ၊ ဝတ္ထုတို၊ ဝတ္ထုရှည်နှင့် အခန်းဆက် ဝတ္ထုရှည်များကို ရေးသားခဲ့သည်။

၂၀ဝ၃ခုနှစ်တွင် အခြေခံသတင်းစာပညာကို စတင်လေ့လာခဲ့ပြီး ၂၀ဝ၄ခုနှစ်တွင် သတင်းမီဒီယာလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ၂၀ဝ၇ခုနှစ်မှစ၍ ပြင်သစ်သတင်းဋ္ဌာနနှင့် ဘန်ကောက်ပို့စ့် သတင်းစာ အပါအဝင် နိုင်ငံတကာ သတင်းအေဂျင်စီအချို့နှင့် အင်္ဂလိပ်ဘာသာဖြင့်ရေးသားထုတ်ဝေသော သတင်းစာအချို့တွင် သတင်းဆောင်းပါးများ ရေးသားခဲ့သူ တဉီးလည်းဖြစ်သည်။

၂၀၁၂ခုနစ်တွင် သတင်းစာပညာဆိုင်ရာ မဟာဘွဲ့ရယူခဲ့ပြီး၊ ၂၀၁၇- ၂၀၂၃ခုနစ် အထိ ထိုင်းနိုင်ငံ Payap တက္ကသိုလ်တွင် Peace Studies ဌာနတွင် ပါရဂူကို သင်ယူခဲ့သည်။ PhD သုတေသန အဖြစ် “ The Philosophical Foundations of Aung San Suu Kyi’s Political Thought” ကို လေ့လာရေးသားခဲ့သည်။

လက်ရှိတွင်လည်း Payap တက္ကသိုလ် Peace Studies ဌာနတွင် ကတိက အနေဖြင့် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပြုရန် ထိုင်းတောင်းဆို၊ မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကူညီရန် ကမ်းလှမ်း

0
ထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို အာဆီယံအထူးသံတမန် လူကိုယ်တိုင်သွားရောက်စစ်ဆေးရန် တောင်းဆိုလိုက်ပြီး၊ မြန်မာ့ပဋိပက္ခကို ဖြေရှင်းရန် ဖြစ်လာနိုင်ခြေရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်နှင့် ကူညီဆောင်ရွက်ရန် ကမ်းလှမ်းလိုက်သည်။ အဆိုပါ ကမ်းလှမ်းချက်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် နှင့် အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ...

ဗိုလ်ချုပ်မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းမှား

0
စစ်ကောင်စီက ဒီကနေ့ဖေဖော်ဝါရီ၊ ၁၃ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မွေးနေ့ကို ဂုဏ်ပြုတာကြောင့်ရယ်၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းတဲ့အခါ အထောက်အပံ့ဖြစ်စေဖို့အတွက်ရော၊ တနိုင်ငံလုံးလက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းနိုင်ဖို့ပါရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်အားလုံးကနေ လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။ အဲ့ဒီပျံ့နှံ့လာတဲ့သတင်းကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ Shan News Fact...

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီ ရည်ရွယ်ဖန်တီးနေဟု NLD ထုတ်ပြန်

0
ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီက ရည်ရွယ်ဖန်တီးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) က ယနေ့ (စက်တင်ဘာ ၁၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။ . ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းသည် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံ တစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသော...

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကို အမှုအချို့ လွတ်ငြိမ်းချမ်းသာခွင့်ပြု

0
စစ်ကောင်စီ မှ ယနေ့ ( သြဂုတ် ၁) ရက် ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် ဒေါ်အောင်ဆန်းစုကြည် တို့ကို အမှု အချို့ လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ သတင်း နှင့် ပြန်ကြားရေးက ထုတ်ပြန်သည်။ . ၂၀၂၁...