ဗိုလ်ချုပ်မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းမှား

စစ်ကောင်စီက ဒီကနေ့ဖေဖော်ဝါရီ၊ ၁၃ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မွေးနေ့ကို ဂုဏ်ပြုတာကြောင့်ရယ်၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းတဲ့အခါ အထောက်အပံ့ဖြစ်စေဖို့အတွက်ရော၊ တနိုင်ငံလုံးလက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းနိုင်ဖို့ပါရည်ရွယ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်အားလုံးကနေ လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်ဆိုတဲ့သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။

အဲ့ဒီပျံ့နှံ့လာတဲ့သတင်းကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ Shan News Fact Check ကနေ စစ်ဆေးကြည့်တဲ့အခါမှာ ပျံ့နှံ့နေတဲ့ထုတ်ပြန်ချက်ကအတုဖြစ်နေတာကိုတွေ့ရှိရပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

သတင်းစိစစ်ချက် ☑️

ပျံ့နှံ့လာတဲ့သတင်းကို စီစစ်ကြည့်တဲ့အခါမှာ စစ်ကောင်စီကပြစ်ဒဏ်ကင်းလွတ် ထုတ်ပြန်ချက်တိုင်းရဲ့ ပထမစာကြောင်းမှာ ခရစ်နှစ်(သို့မဟုတ်) မြန်မာသက္ကရာဇ်နှစ်၊ လ၊ ရက်စွဲတို့ပါလေ့ရှိတာကို တွေ့ရပြီး ပျံ့နှံ့လာတဲ့အဲ့ဒီထုတ်ပြန်ချက်ရဲ့ပထမစာကြောင်းမှာ နှစ်၊ လ၊ ရက်တွေကိုရေးသားထားတာမျိုးမတွေ့ရပါဘူး။

ဒါ့အပြင် အဲ့ဒီထုတ်ပြန်ချက်က ဒီကနေ့မနက် ၁၂နာရီ ၁မိနစ်ဝန်းကျင်မှာ ထွက်ပေါ်လာခဲ့တယ်လို့ယူဆရပြီး ဆိုရှယ်လူမှုကွန်ရက်ပေါ်ကို ၁၂: ၀၉မိနစ်ဝန်းကျင်မှာ စတင်ပျံ့နှံ့လာတာပါ။
Kaung Mart Naing ဆိုတဲ့အကောင့်ကလည်း အဲ့ဒီထုတ်ပြန်ချက်စာစောင်ကို ထပ်ဆင့်ဖော်ပြပြီး အတုဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။

၁၂:၀၉မှာ စတင်ပျံ့နှံ့လာပြီးထပ်ဆင့်ပြန်လည်ကူးယူဖော်ပြသောပို့စ်များhttps://archive.ph/4l341/image

https://archive.ph/cE5Mw/image

ဒီထုတ်ပြန်ချက်ပျံ့နှံ့လာတာနဲ့တပြိုင်နက် MFCN အဖွဲ့သားတွေ စတင်စစ်ဆေးကြည့်တဲ့အခါမှာလည်း စစ်ကောင်စီဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာလည်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
၁၃ရက်နေ့ မနက်တနာရီဝန်းကျင်တွင် စစ်ကောင်စီဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လူမှုကွန်ရက် pageကို သွားရောက်စစ်ဆေးတဲ့အခါမှာ နောက်ဆုံးတင်ထားတဲ့ပို့စ် https://archive.ph/uhCDM

ဒါ့အပြင် စစ်ကောင်စီလော်ဘီချန်နယ်တွေမှာ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သတင်းမှားဖြစ်တယ်ဆိုတဲ့အကြောင်း ပြောဆိုနေတာတွေလည်းရှိနေပါတယ်။

ဒါပေမဲ့ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေက သတင်းအမှားလို့ ဖော်ပြပေမယ့်လည်း သူတို့ရဲ့ ဝါဒဖြန့်ချန်နယ်တွေကို ယုံကြည်လာအောင် ထင်ယောင်ထင်မှား ဝါဒဖြန့်ချိနေဖြစ်တာကြောင့် သတိထားဖို့ လိုအပ်ပါတယ်။

သုံးသပ်ချက်☑️

စစ်ကောင်စီက အခါကြီးရက်ကြီးနေ့တွေမှာ အကျဥ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ရှိတာကြောင့် အခုလို လူစိတ်ဝင်စားဖွယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းခွင့်ပေးလိုက်တယ်ဆိုတဲ့ သတင်းမှားကို ရည်ရွယ်ချက်ရှိရှိဖြန့်ဝေတာဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။

အလားတူ စစ်ကောင်စီလွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ရှိတဲ့ရက်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း သတင်းမှားတွေက မကြာခဏဖြန့်ဝေကြလေ့ရှိတဲ့သတင်းမှားမျိုးဖြစ်ပြီး အလွယ်တကူပျံ့နှံ့လေ့ရှိတဲ့ သတင်းမှားဖြစ်ပါတယ်။

ဒါ့အပြင် MFCN အဖွဲ့ဝင်တွေကလည်း မနေ့က ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ NUG အတွင်းဝန်နှုတ်ထွက်တဲ့ အကြောင်းအရာကို ရန်ပုံငွေကိစ္စကြောင့်လို့ စွပ်စွဲပြောဆိုရေးသားတဲ့ သတင်းထုတ်ပြန်ချက်အတုအကြောင်းကိုလည်း စစ်ဆေးနိုင်ခဲ့ပါသေးတယ်။

သတင်းလင့် – https://shorturl.at/0FGKW

ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check နဲ့ Shan News Fact Check အဖွဲ့တွေကိုလည်း Facebook page တွေကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

(FactCheck) DNA+ Shan News + The Red Flag တို့ ပူးပေါင်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပြုရန် ထိုင်းတောင်းဆို၊ မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကူညီရန် ကမ်းလှမ်း

0
ထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို အာဆီယံအထူးသံတမန် လူကိုယ်တိုင်သွားရောက်စစ်ဆေးရန် တောင်းဆိုလိုက်ပြီး၊ မြန်မာ့ပဋိပက္ခကို ဖြေရှင်းရန် ဖြစ်လာနိုင်ခြေရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်နှင့် ကူညီဆောင်ရွက်ရန် ကမ်းလှမ်းလိုက်သည်။ အဆိုပါ ကမ်းလှမ်းချက်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် နှင့် အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...