ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီ ရည်ရွယ်ဖန်တီးနေဟု NLD ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီက ရည်ရွယ်ဖန်တီးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) က ယနေ့ (စက်တင်ဘာ ၁၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။

.

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းသည် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံ တစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသော နေရာများတွင် နိုင်ငံရေး အကျဥ်းသားတစ်ဦးရပိုင်ခွင့် အခွင့်အရေးကို မျှမပေးဘဲ ချုပ်နှောင်ထားသည်။

ထိုမျှမက လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု မရရှိသည့်အပြင် ကျန်းမာရေး နှင့် ညီညွတ်သော အစားအစာ နှင့် နေရာထိုင်ခင်းတို့ကို သင့်တင့်မျှတအောင် ဆောင်ရွက်မထားဘဲ အသက်အန္တရာယ်ရှိစေရန် ရည်ရွယ်ဖန်တီးထားသည့် အတွက် NLD အနေဖြင့် စိုးရိမ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး တစုံတရာ ချို့ယွင်းမှု သာမက အသက်အန္တရာယ်ကိုပါ ထိခိုက်မှု ဖြစ်ပေါ်လာပါက အာဏာသိမ်း စစ်ကောင်စီတွင်သာ တာဝန်ရှိကြောင်း NLD ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်မှ စတင်ပြီး မြန်မာပြည်သူလူထု၏ အကျိုးစီးပွား နှင့် ဒီမိုကရေစီရေးအတွက် အခက်ခဲ အကြပ်အတည်း ပေါင်းစုံကြားမှ ယုံကြည်ချက်ရှိရှိ လုပ်ဆောင်လာခဲ့တာ ၃၅ နှစ်တိုင်ခဲ့ပြီဖြစ်သည်။

ထို့ပြင် အသက်အရွယ်အားဖြင့် (၇၈) နှစ် အရွယ်ရှိလာပြီ ဖြစ်သဖြင့် ကျန်းမာရေးကို အထူးအလေးထားရမည့် အရွယ် ဖြစ်သည်။

“ ဥပဒေမဲ့ မတရားဖမ်းဆီးထားပြီး ဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ပြည်လည်ခုခံချေပခွင့်ကောင်းမွန်စွာမရရှိတဲ့အပြင်၊ အများလူထုရှေ့မှောက်မှာ ပွင့်လင်းမြင်သာ တရားစီရင်ရေးစနစ်ကို လုံးဝမကျင့်သုံးဘဲ လူထုမျက်ကွယ်မှာ မတရားပြစ်ဒဏ် ချမှတ်ခံထားရပါတယ်” လို့ NLD ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

ထို့အပြင် မတရားပြစ်ဒဏ်များ ချမှတ်ခံထားရသော်လည်း မြန်မာပြည်သူလူထုသာမက နိုင်ငံတကာ ခေါင်းဆောင်များကပါ ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်ဒဏ်များကို လုံးဝမကျူးလွန်ကြောင်း ယုံကြည်ထားကြသည်ဟု NLD က ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအခေါ်နှင့်နိုင်ငံရေးဖြတ်သန်းမှုဆိုင်ရာ စာအုပ်သစ် မိတ်ဆက်

0
စာရေးဆရာမ “မွန်မွန်မြတ်” ရေးသားထားသည့် “Aung San Suu Kyi: The Realities of Power in Burma's Authoritarian Legacy” အမည်ရ စာအုပ်သစ် မိတ်ဆက်ပွဲ ကို ယမန်နေ့ (စက်တင်ဘာ ၁၀)ရက်တွင် ချင်းမိုင်မြို့ Payap...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပြုရန် ထိုင်းတောင်းဆို၊ မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကူညီရန် ကမ်းလှမ်း

0
ထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို အာဆီယံအထူးသံတမန် လူကိုယ်တိုင်သွားရောက်စစ်ဆေးရန် တောင်းဆိုလိုက်ပြီး၊ မြန်မာ့ပဋိပက္ခကို ဖြေရှင်းရန် ဖြစ်လာနိုင်ခြေရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်နှင့် ကူညီဆောင်ရွက်ရန် ကမ်းလှမ်းလိုက်သည်။ အဆိုပါ ကမ်းလှမ်းချက်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ် နှင့် အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...