Friday, April 26, 2024

NLD

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီ ရည်ရွယ်ဖန်တီးနေဟု NLD ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ရှိစေရန် စစ်ကောင်စီက ရည်ရွယ်ဖန်တီးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) က ယနေ့ (စက်တင်ဘာ ၁၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုလိုက်သည်။ . ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းသည် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံ တစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို လျှို့ဝှက်ထားသော...

ရွာငံမြို့နယ်မြောက်ဘက် ကျေးရွာရှိ ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရ

သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ် မြောက်ဘက်ရှိ ကျေးရွာအများစုကို စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်လာသည့်အတွက်ကြောင့် ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း စုံစမ်းသိရှိရသည်။ ယခု ၂၀၂၃ ခုနှစ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ရွာငံမြို့နယ်ထဲ တပင်ပျော်ကျေးရွာအုပ်စုထဲတွင် မကြာခဏ ဝင်ရောက်စစ်ဆေး နေထိုင်လျက်ရှိကြောင်း သိရသည်။ “မကြာမကြာတော့ လာတယ်။ ကျနော်တို့ ရွာက...

စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အင်းလေးဒေသမှ လူငယ် ၈ ဦး ပြန်မလွှတ်လာသေး

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ လူငယ် ၈ ဦးကို NLD၊ NUG၊ PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သူများ ယနေ့အချိန်ထိ ပြန်မလွှတ်လာသေးကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် (ဧပြီလ ၃ ရက်)မှ စ၍ နမ့်ပန်ကျေးရွာအုပ်စု...

မိုးနဲ ရေထွက်ဦးကို မြေဖို့ လယ်ဧက ၃၀၀ အခက်ခဲကြုံ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကတ်နောက်ကျေးရွာရှိ ရေထွက်ဦးကို လင်းခေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) အတွင်းရေးမှူး ဦးမောင်စိုးက လာရောက်မြေဖို့သည့်အတွက်ကြောင့် လယ်သမားများ ရေအလုံလောက်ရရှိဖို့အတွက် ခက်ခဲမှုရှိနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်တွင် ဦးမောင်စိုးသည် ခြံစိုက်ပျိုးရန်အတွက်ဟုဆိုကာ ထိုရေထွက်ဦးနေရာကို မြေလာဖို့လိုက်ပြီး လယ်ဧက ၃၀၀...

ပြည်သူ့လွှတ်တော် ဒု-ဥက္ကဌ ဦးထွန်းထွန်းဟိန် ထောင်ဒဏ် ၂၀ ထပ်မံချမှတ်

သျှမ်းပြည် မြောက်ပိုင်း လားရှိုးအကျဉ်းထောင်၌ ဖမ်းဆီး အကျဉ်းချခံထားရသည့် ပြည်သူ့လွှတ်တော် ဒု - ဥက္ကဌ ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်လိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂၉) ရက်တွင် လားရှိုးအကျဉ်းထောင် တရားရုံးမှ ဦးထွန်းထွန်းဟိန်ကို ထောင်ဒဏ် နှစ်...

ကျေးသီးမြို့ ပြည်သူပိုင် မြေယာ ကြံ့ခိုင်ရေးပါတီ နှင့် သစ်တော ဦးစီး အဓမ္မသိမ်းယူ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ထဲရှိ ပြည်သူပိုင်မြေယာများကို ကြံ့ခိုင်ရေးပါတီ နှင့် သစ်တောဦးစီးတို့က အဓမ္မသိမ်းယူလိုက်ကြောင်း စုံစမ်းသိရသည်။ ထိုမြေယာကို ၂၀၀၆ ခုနှစ်ကတည်းက ကြက်ဆူပင် စီမံကိန်းဟုဆိုပြီး ကြံ့ခိုင်ရေးပါတီက လာရောက် သိမ်းယူထားပြီး လက်ရှိအချိန်အထိ ပြည်သူများထံ ပြန်လည်ပေးအပ်ခဲ့ခြင်းမရှိကြောင်း မြေယာသိမ်းခံရသူတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ “သူတို့ ၂၀၀၆ ခုနှစ်ကနေ...

ကလောမြို့ NLD လူငယ်တစ်ဦးနေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ်သိမ်းယူ

သျှမ်းပြည်တောင်ပိုင်း ကလောမြို့မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ်အဖွဲ့ဝင် ဆိုင်ကယ်သမား (Biker) တစ်ဦး၏ နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ ချိတ်ပိတ်သိမ်းယူလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (သြဂုတ် ၁၀) ရက်တွင် ကလောမြို့ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်အဖွဲ့ဝင် အကြမ်းစီး...

မိုင်းတုံမြို့ NLD ပါတီဝင် နှင့် ၎င်းသမီး CDM ဆရာမအပါအဝင် အရပ်သား ၇ ဦး ဖမ်းဆီးခံရ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် နှင့် ၎င်း၏သမီး CDM ကျောင်းဆရာမတို့ အပါအဝင် အရပ်သား ၇ ဦး စစ်ကောင်စီ မှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက် ညပိုင်းတွင်...

ဖမ်းဆီးခံထားရသည့် ဓနုဒေသ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေး ဆက်သွယ်မရေသး

သျှမ်းပြည်တောင်ပိုင်း ဓနုဒေသမှ အနိုင်ရရှိထားသည့် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးသည် ဖမ်းဆီးခံထားရပြီးနောက် ယနေ့ မေလ ၂၃ ထိ အဆက်သွယ်မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။ ဒေါ်မမလေးကို မေလ ၁၄ ရက်နေ့ ညနေပိုင်အချိန်တွင် စစ်ကောင်စီက အင်အား ၄၀ ခန့်ဖြင့် လာရောက်ဖမ်းဆီးသွားပြီးနောက် ကလောကိုခေါ်ဆောင်သွားပြီး လက်ရှိတွင်...

ရွာငံမြို့ဖမ်းဆီးခံထားရသည့် NLD အမတ် နေအိမ် ချိတ်ပိတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD ) လွှတ်တော်အမတ်၏ နေအိမ်ကို စစ်ကောင်စီတပ်သားများက လာရောက်ချိတ်ပိတ်သွားကြောင်း သတင်းရရှိသည်။ မတ်လ ၂၂ ရက်တွင် စစ်သားနှင့်ရဲသားတချို့က ဖမ်းဆီးခံထားရသည့် NLD အမတ်၏ နေအိမ်ကို ကားတစ်စီးဖြင့် ရောက်ရှိလာပြီး အိမ်တွင်း ပစ္စည်းတချို့ ယူဆောင်ကာ...

Latest news